ဒေသနာ ၁၂:၁-၁၄

  • ဇရာအိုအရွယ်မရောက်ခင် ဖန်ဆင်းရှင်ကို သတိရပါ (၁-၈)

  • နည်းပြဆရာရဲ့ ကောက်ချက် (၉-၁၄)

    • ပညာရှိစကားတွေဟာ နှင်တံနဲ့တူ (၁၁)

    • စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ (၁၃)

၁၂  ဒါကြောင့်  ဒုက္ခနေ့ရက်တွေမရောက်ခင်၊+ “ငါအသက်ရှင်ရတာ မပျော်တော့ဘူး”  လို့ ပြောရမယ့်နှစ်တွေ  မရောက်ခင်  လူငယ်ဘဝမှာ ကြီးမြတ်တဲ့ ဖန်ဆင်းရှင်ကို သတိရပါ။+ ၂  နေရောင်၊  အလင်းရောင်၊ လရောင်၊  ကြယ်ရောင်တွေ  မပျောက်ကွယ်ခင်၊+ မိုးရွာချပြီးနောက်* တိမ်တွေအုံ့မှိုင်း မလာခင် သတိရပါ။ ၃  အဲဒီအချိန်ရောက်ရင် အိမ်စောင့်တွေ ကတုန်ကယင်ဖြစ်လာတယ်။  သန်စွမ်းတဲ့ယောက်ျားတွေ ကိုင်းညွှတ်လာတယ်။ မိန်းမတွေ အရေအတွက် နည်းလာတဲ့အတွက် ကြိတ်ဆုံမကြိတ်တော့ဘူး။ မိန်းကလေးတွေက ပြတင်းပေါက်ကနေ ကြည့်တဲ့အခါ  မှုန်ဝါးဝါးပဲ မြင်ရတယ်။+ ၄  လမ်းဘက်ကို  မျက်နှာမူထားတဲ့ တံခါးတွေ ပိတ်သွားတယ်။ ကြိတ်ဆုံကြိတ်သံ တိုးသွားတယ်။ ငှက်သံကြားတာနဲ့ နိုးလာတယ်။ သီချင်းသည်မိန်းကလေးတွေရဲ့  တေးသံ တိုးသွားတယ်။+ ၅  အမြင့်ကိုလည်း ကြောက်လာတယ်။ လမ်းမှာ အန္တရာယ်တွေ့မှာကို စိုးရိမ်လာတယ်။ ဗာဒံပင် ပွင့်လာတယ်။+ နှံကောင်က တရွတ်တိုက်သွားတယ်။ ခံတွင်းမြိန်စေတဲ့ သစ်သီးတွေ ကွဲကုန်တယ်။ လူဟာ နှစ်ပေါင်းများစွာ နားနေရမယ့်အိမ်ကို သွားနေတယ်။+ ငိုချင်းသည်တွေလည်း လမ်းပေါ်မှာ သွားလာနေတယ်။+ ၆  ငွေကြိုးပြတ်ပြီး ရွှေဖလားကွဲသွားတယ်။ စမ်းချောင်းမှာရှိတဲ့ ရေအိုး ကွဲသွားတယ်။ ရေငင်တဲ့ စက်သီးလည်း ပျက်စီးသွားတယ်။ ၇  အဲဒီနောက် မြေမှုန့်ဟာ နဂိုနေရာဖြစ်တဲ့ မြေကြီးကို ပြန်သွားတယ်။+ အသက်စွမ်းအား* ဟာ လူသားတွေကို အသက်စွမ်းအားပေးတဲ့ ဘုရားသခင်ဆီ ပြန်သွားတယ်။+ ၈  “တကယ် အချည်းနှီးပဲ။ အရာရာဟာ အချည်းနှီးပါပဲ”+ လို့ နည်းပြဆရာ+ ပြောတယ်။ ၉  နည်းပြဆရာက  ဉာဏ်ပညာရှိလာရုံသာမက သိလာသမျှ အမြဲသင်ကြားပေးတယ်။+ စကားပုံတွေအများကြီး ပြုစုနိုင်ဖို့ တွေးတောဆင်ခြင်ပြီး အသေအချာ  စူးစမ်းရှာဖွေတယ်။+ ၁၀  နှစ်သက်ဖွယ်စကားတွေကို  ရှာတွေ့နိုင်ဖို့၊+ အမှန်တရားစကားတွေကို တိကျမှန်ကန်စွာ မှတ်တမ်းတင်နိုင်ဖို့ သူကြိုးစားတယ်။ ၁၁  ဉာဏ်ပညာရှိသူရဲ့စကားဟာ နှင်တံနဲ့ တူတယ်။+ သူတို့စုဆောင်းထားတဲ့ စကားတွေဟာ မြဲမြဲစိုက်ဝင်နေတဲ့ အိမ်ရိုက်သံတွေနဲ့ တူတယ်။ အဲဒီစကားတွေကို သိုးထိန်းတစ်ပါးဆီက ရတယ်။ ၁၂  ငါ့သား၊ ဒါတွေအားလုံးအပြင် သတိပြုစရာတစ်ခု ရှိသေးတယ်– စာပေတွေ ရေးသားပြုစုတဲ့အလုပ်ဟာ အဆုံးမရှိဘူး။ ဒါကြောင့် အလွန်အကျွံ လေ့လာလိုက်စားနေရင် ပင်ပန်းငြီးငွေ့ရလိမ့်မယ်။+ ၁၃  အကြောင်းစုံ ပြောပြီးပြီ။ အနှစ်ချုပ်ပြောရရင်တော့ စစ်မှန်တဲ့ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး+ ပညတ်ချက်တွေကို လိုက်နာပါ။+ ဒါဟာ လူတွေ မပျက်မကွက် လိုက်နာရမယ့်တာဝန်ပဲ။+ ၁၄  ဖုံးကွယ်ထားရာတွေ အပါအဝင်  လူတွေရဲ့  လုပ်ရပ်အားလုံး ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘုရားသခင် စီရင်ဆုံးဖြတ်လိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

“မိုးရေနဲ့အတူ” လည်းဖြစ်နိုင်။
ခက်ဆစ် “စွမ်းအား” ကိုကြည့်။