ဒေသနာ ၃:၁-၂၂

  • အားလုံး သူ့အချိန်နဲ့ သူရှိ (၁-၈)

  • ဘဝကို ပျော်မွေ့တာဟာ ဘုရားပေးလက်ဆောင်ဖြစ် (၉-၁၅)

    • လူ့စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေး (၁၁)

  • လူအားလုံးကို ဘုရား မျှတစွာ တရားစီရင် (၁၆၊ ၁၇)

  • လူရော တိရစ္ဆာန်ပါ နောက်ဆုံးမှာ သေရ (၁၈-၂၂)

    • အားလုံး မြေမှုန့်ကိုပဲ ပြန်သွားရ (၂၀)

၃  အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။ ကမ္ဘာပေါ်က လုပ်ဆောင်မှုတိုင်းအတွက် အချိန်အခါရှိတယ်။  ၂  မွေးဖွားချိန်နဲ့ သေဆုံးချိန်ရှိတယ်။ စိုက်ပျိုးချိန်နဲ့ စိုက်ပျိုးထားတာကို နုတ်ပစ်ချိန် ရှိတယ်။  ၃  သတ်ဖြတ်ချိန်နဲ့ ကုသချိန် ရှိတယ်။ ဖြိုဖျက်တဲ့အချိန်နဲ့ တည်ဆောက်တဲ့အချိန် ရှိတယ်။  ၄  ငိုရတဲ့အချိန်နဲ့ ရယ်ရတဲ့အချိန် ရှိတယ်။ မြည်တမ်းတဲ့အချိန်နဲ့ ကခုန်တဲ့အချိန် ရှိတယ်။  ၅  ကျောက်တုံးတွေကို လွှင့်ပစ်ရတဲ့အချိန်နဲ့ ကျောက်တုံးတွေကို စုသိမ်းရတဲ့အချိန် ရှိတယ်။ ဖက်ယမ်းရတဲ့အချိန်နဲ့ မဖက်ယမ်းဘဲ နေရတဲ့အချိန် ရှိတယ်။  ၆  ရှာဖွေရတဲ့အချိန်နဲ့ ပျောက်ဆုံးသွားပြီလို့ ယူမှတ်ရတဲ့အချိန် ရှိတယ်။ သိမ်းထားရတဲ့အချိန်နဲ့ လွှင့်ပစ်ရတဲ့အချိန် ရှိတယ်။  ၇  ဆွဲဆုတ်ရတဲ့အချိန်နဲ့+ တွဲချုပ်ရတဲ့အချိန် ရှိတယ်။ နှုတ်ဆိတ်နေရတဲ့အချိန်နဲ့+ စကားပြောရတဲ့အချိန် ရှိတယ်။+  ၈  ချစ်ရတဲ့အချိန်နဲ့ မုန်းရတဲ့အချိန် ရှိတယ်။+ စစ်ဖြစ်တဲ့အချိန်နဲ့ ငြိမ်းချမ်းတဲ့အချိန် ရှိတယ်။ ၉  အလုပ်လုပ်တဲ့သူက  ကြိုးစားအားထုတ်သမျှကနေ ဘာများအကျိုးရလို့လဲ။+ ၁၀  လူသားတွေအတွက် ဘုရားသခင် ပေးထားတဲ့အလုပ်ကို ငါတွေ့တယ်။ ၁၁  ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်။+ လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။ ဒါပေမဲ့ လူသားတွေက စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း အစကနေအဆုံးအထိ ဘယ်တော့မှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။ ၁၂  ဒါကြောင့် ငါကောက်ချက်ချမိတာက ဘဝတစ်လျှောက်လုံး ပျော်ပျော်နေပြီး ကောင်းမှုလုပ်တာထက် မွန်မြတ်တာ ဘာမှမရှိဘူးဆိုတဲ့ အချက်ပဲ။+ ၁၃  အဲဒီအပြင်  စားတာ၊  သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်ဆိုတဲ့အချက်လည်း ပါတယ်။ ဒါတွေဟာ ဘုရားသခင်ဆီကရတဲ့ လက်ဆောင်ပဲ။+ ၁၄  စစ်မှန်တဲ့ဘုရားသခင် ပြုလုပ်တဲ့အရာမှန်သမျှဟာ ထာဝစဉ် တည်မြဲမယ်ဆိုတာ  ငါသိလာတယ်။  ထပ်ဖြည့်စရာ ဘာမှမရှိသလို ထုတ်ပယ်စရာလည်း ဘာမှမရှိဘူး။ ဘုရားက မိမိကို လူတွေ ကြောက်ရွံ့ရိုသေလာစေဖို့ အဲဒီလိုပြုလုပ်ထားတယ်။+ ၁၅  ဖြစ်နေတဲ့အရာတွေဟာ ဖြစ်ဖူးတာတွေချည်းပဲ။ ဖြစ်လာမယ့်အရာကလည်း ဖြစ်ခဲ့တာတွေချည်းပဲ။+ စစ်မှန်တဲ့ဘုရားသခင်ကတော့ လိုက်ဖမ်းခံရတဲ့အရာတွေကို* ရှာဖွေတယ်။ ၁၆  နေအောက်မှာ တရားမျှတမှုရှိရမယ့် နေရာမှာ ဆိုးညစ်မှုရှိနေတာ၊ ဖြောင့်မတ်မှုရှိရမယ့် နေရာမှာ ဆိုးညစ်မှုရှိနေတာကိုလည်း ငါမြင်တယ်။+ ၁၇  ဒါကြောင့် “ဖြောင့်မတ်သူကိုရော လူဆိုးကိုပါ ဘုရားသခင် တရားစီရင်မှာပါ။+ လုပ်ဆောင်မှုတိုင်း၊  လုပ်ရပ်တိုင်းအတွက် အချိန်အခါရှိတာပဲ” လို့ ငါတွေးမိတယ်။ ၁၈  စစ်မှန်တဲ့ ဘုရားသခင်က လူသားတွေကို  စမ်းသပ်ပြီး  သူတို့ဟာ တိရစ္ဆာန်တွေနဲ့ အတူတူပဲဆိုတာကိုပြလိမ့်မယ်လို့လည်း  ငါတွေးမိတယ်။ ၁၉  လူသားတွေနဲ့  တိရစ္ဆာန်တွေရဲ့ နောက်ဆုံးရလဒ်ဟာ  အတူတူပဲ။+ တိရစ္ဆာန်သေသလို လူလည်း သေရတယ်။ သူတို့အားလုံးမှာရှိတဲ့ အသက်စွမ်းအားဟာ အတူတူပဲ။+ ဒါကြောင့် လူဟာ  တိရစ္ဆာန်ထက်  မသာပါဘူး။ အရာရာဟာ အချည်းနှီးပဲ။ ၂၀  သူတို့အားလုံး တစ်နေရာတည်းကိုပဲ သွားရတယ်။+ မြေမှုန့်က လာပြီး+ မြေမှုန့်ကိုပဲ ပြန်သွားရတယ်။+ ၂၁  လူသားတွေရဲ့ အသက်စွမ်းအားက အထက်ကို တက်မတက်၊ တိရစ္ဆာန်တွေရဲ့ အသက်စွမ်းအားကရော  မြေကြီးထဲ  ဆင်းမဆင်း ဘယ်သူသိလို့လဲ။+ ၂၂  ကိုယ့်အလုပ်မှာ ပျော်ရွှင်ကျေနပ်နေတာထက် ကောင်းတာ ဘာမှမရှိမှန်း ငါသိလာတယ်။+ ဒါဟာ လူသားတွေရရှိတဲ့ ဆုကျေးဇူးပဲ။ သေဆုံးသွားတဲ့ လူတစ်ယောက်ကို ဖြစ်ပျက်လာတဲ့အကြောင်းတွေ ဘယ်သူ အသိပေးနိုင်မှာလဲ။+

အောက်ခြေမှတ်ချက်များ

“ဖြစ်ပြီးသွားတဲ့အရာတွေကို” လည်းဖြစ်နိုင်။