ဒေသနာ ၄:၁-၁၆

  • ဖိ​နှိပ်​ခံ​ရ​တာ​ထက် သေတာ​က​မှ ခံ​သာ​သေး (၁-၃)

  • အလုပ်​အပေါ် မျှ​တ​တဲ့​အမြင် (၄-၆)

  • မိတ်ဆွေ​ရဲ့​တန်​ဖိုး (၇-၁၂)

    • တစ်​ယောက်​ထက် နှစ်​ယောက် ပို​ကောင်း ()

  • အုပ်​စိုး​ရှင်​ရဲ့​အသက်​တာ အချည်း​နှီး​ဖြစ်​နိုင် (၁၃-၁၆)

 အဲဒီ​နောက် နေ​အောက်​မှာ ဖြစ်​နေ​တဲ့ ဖိ​နှိပ်​တဲ့ လုပ်​ရပ်တွေ​အ​ကြောင်း ငါ​စူး​စမ်း​မိ​တယ်။ ဖိ​နှိပ်​ခံ​ရ​သူ​တွေ ငို​ကြွေး​နေ​ပေမဲ့ နှစ်​သိမ့်​ပေး​သူ​တစ်​ယောက်​မှ မရှိ​မှန်း ငါ​မြင်​တယ်။+ ဖိ​နှိပ်​သူ​တွေ​က သြဇာ​အာ​ဏာ​ရှိ​သူ​တွေ​ဖြစ်​လို့ နှစ်​သိမ့်​ပေး​သူ တစ်​ယောက်​မှ မရှိ​ဘူး။ ၂  အ​သက်​ရှင်​နေ​တဲ့​လူ​ထက် သေသွား​တဲ့​လူ​က ပို​သာ​တယ်​လို့ ငါ​တွေး​မိ​တယ်။+ ၃  သူတို့​နှစ်​ယောက်​ထက် မမွေး​ဖွား​သေး​တဲ့​လူ​က ပို​တောင်​သာ​တယ်။+ နေ​အောက်​မှာ  ဖြစ်​နေ​တဲ့  စိတ်​ဆင်း​ရဲ​စ​ရာတွေ​ကို သူ မတွေ့​ဖူး​သေး​လို့​ပဲ။+ ၄  လူ​တွေရဲ့   ပြိုင်​ဆိုင်​ချင်​စိတ်​ကြောင့်  အား​ထုတ်​မှု​တွေ၊  ပြောင်​မြောက်​တဲ့ လုပ်​ဆောင်​မှု​တွေ ဖြစ်​ပေါ်​လာ​တယ်​ဆို​တာ ငါ​မြင်​တယ်။+ ဒါ​လည်း အချည်း​နှီး​ပါ​ပဲ။ လေ​ကို​ဖမ်း​ဆုပ်​ဖို့ အား​ထုတ်​နေ​တာ​ပဲ။ ၅  မိုက်​မဲ​တဲ့​သူ​ဟာ သူ့​အသား​တွေ ကြုံ​လှီ​သွား​ပါ​စေ လက်​က​တော့ ပိုက်​ထား​တုန်း​ပဲ။+ ၆  လက်​တစ်​ဆုပ်​စာ အနား​ယူ​ရ​တာ​ဟာ လက်​နှစ်​ဆုပ်​စာ တ​ပင်​တ​ပန်း လုပ်​ဆောင်​ပြီး လေ​ကို​ဖမ်း​ဆုပ်​ဖို့ အား​ထုတ်​နေ​တာ​ထက် ပို​ကောင်း​တယ်။+ ၇  နေ​အောက်​မှာ အချည်း​နှီး​ဖြစ်​တဲ့​အရာ နောက်​တစ်​ခု​ကို​လည်း ငါ​စူး​စမ်း​မိ​ပြန်​တယ်။ ၈  လူ​တစ်​ယောက်​က အပေါင်း​အဖော်​မရှိ၊ သား​မရှိ၊ ညီ​အစ်​ကို​မရှိ​ဘဲ တစ်​ကိုယ်​တည်း​ဖြစ်​ပေမဲ့ အလုပ်​နဲ့​လက် ပြတ်​တယ်​လို့​ကို မရှိ​ဘူး။ စည်း​စိမ်​တွေ​ကို​ပဲ မျက်​စိ​ကျ​နေ​တော့ ဘယ်​တော့​မှ သူ မရောင့်ရဲ​နိုင်​ဘူး။+ “ငါ ကောင်း​မွန်​ရာတွေ မခံစား​ဘဲ ကြိုး​စား​ပမ်း​စား လုပ်​ကိုင်​နေ​တာ ဘယ်​သူ့​အတွက်​လဲ”+ လို့ သူ့​ကိုယ်​သူ မမေး​ဘူး။ ဒါ​လည်း အချည်း​နှီး​ပဲ။ စိတ်​ပျက်​စ​ရာ အလုပ်​ပဲ။+ ၉  လူ​တစ်​ယောက်​ထက်   နှစ်​ယောက်​က  ပို​ကောင်း​တယ်။+  နှစ်​ယောက်​ပေါင်း​ပြီး  ကြိုး​စား​ပမ်း​စား​လုပ်ရင်  ကောင်း​ကျိုး​ပို​ရ​တတ်​လို့​ပဲ။ ၁၀  တစ်​ယောက်​လဲ​ရင် ကျန်​တဲ့​တစ်​ယောက်​က ပြန်​ထူ​ပေး​လိမ့်​မယ်။ တစ်​ယောက်​တည်း​သမား​က ထူ​မယ့်​သူ​မရှိ​တော့ လဲ​သွား​ရင် ဘယ်​လို​လုပ်​မလဲ။ ၁၁  နှစ်​ယောက်​အတူ​အိပ်​ရင် နွေး​တတ်​တယ်။ တစ်​ယောက်​တည်း အိပ်​ရင်တော့  ဘယ်​လို​လုပ်   နွေး​မှာ​လဲ။ ၁၂  ဒါ့​အပြင် တစ်​ယောက်​တည်း​သမား​ကို အနိုင်​ယူ​လို့ရ​ပေမဲ့ နှစ်​ယောက်​ဆို​ရင်​တော့ ပြန်​ခု​ခံ​နိုင်​တယ်။ သုံး​လွန်း​တင်​တဲ့​ကြိုး​ဟာ အလွယ်​တ​ကူ မပြတ်​နိုင်​ဘူး။ ၁၃  ဆင်း​ရဲ​ပေမဲ့ ဉာဏ်​ပညာ​ရှိ​တဲ့ ကလေး​ဟာ အသက်​ကြီး​ပေမဲ့ ဉာဏ်​တိမ်​ပြီး သတိ​ပေး​တာ​ကို လက်မခံ​တတ်​တဲ့  ဘု​ရင်​ထက်+  ပို​သာ​တယ်။+ ၁၄  အဲ​ဒီ​က​လေး​က နိုင်​ငံ​မှာ ဆင်း​ရဲ​သားအဖြစ် မွေး​ဖွား​လာ​ပေမဲ့+ ထောင်​က​ထွက်​ပြီး  ဘု​ရင်​ဖြစ်​လာ​တယ်။+ ၁၅  နေ​အောက်​မှာ   သွား​လာ​လှုပ်​ရှားနေ​တဲ့   အသက်​ရှင်​သူ​အားလုံး​အ​ကြောင်း၊ ဘု​ရင့်​အရိုက်​အရာ​ကို ဆက်​ခံ​တဲ့ လူငယ်​လေး ဘာ​တွေ ကြုံ​ရ​တယ်​ဆို​တဲ့​အကြောင်း​ကို ငါ​ဆင်​ခြင်​မိ​တယ်။ ၁၆  သူ့​ကို​ထောက်​ခံ​သူ​တွေ အများ​ကြီး​ရှိ​ပေမဲ့ နောက်​ပိုင်း​မှာ​ပေါ်​လာ​မယ့်​သူ​တွေ​က သူ့​ကို သဘော​ကျ​မှာ မဟုတ်​ဘူး။+ ဒါ​လည်း အချည်း​နှီး​ပဲ။ လေ​ကို ဖမ်း​ဆုပ်​ဖို့ အား​ထုတ်​နေ​တာ​ပဲ။

အောက်ခြေမှတ်ချက်များ