ဒေသနာ ၅:၁-၂၀

  • ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပါ (၁-၇)

  • ကြီးမြတ်သူတွေက လက်အောက်ကလူတွေကို စောင့်ကြည့်နေ (၈၊ ၉)

  • စည်းစိမ်ရဲ့ အချည်းနှီးဖြစ်မှု (၁၀-၂၀)

    • ငွေမက်တဲ့သူ မရောင့်ရဲနိုင် (၁၀)

    • အလုပ်လုပ်သူ နှစ်ခြိုက်စွာ အိပ်စက်ရ (၁၂)

 စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ကို  သွားတဲ့အခါတိုင်း   ကိုယ့်ကိုယ်ကိုယ် သတိပြုပါ။+ မိုက်မဲတဲ့လူတွေလို ပူဇော်သက္ကာတွေ ဆက်သဖို့ သွားတာထက်+ နားထောင်ဖို့သွားတာက ပိုကောင်းတယ်။+ မိုက်မဲတဲ့သူတွေက မကောင်းတာ လုပ်လို့လုပ်နေမှန်း ကိုယ်တိုင် သတိမထားမိကြဘူး။ ၂  စကားကို  လွှတ်ခနဲ  မပြောပါနဲ့။ ဘုရားသခင်ရှေ့မှာ စကားကို စိတ်မြန်လက်မြန် မပြောမိစေနဲ့။+ ဘုရားသခင်က ကောင်းကင်မှာစံမြန်းပြီး မင်းကတော့ မြေကြီးမှာရှိလို့ပဲ။ ဒါကြောင့် စကားကို စဉ်းစဉ်းစားစား  ပြောသင့်တယ်။+ ၃  စွဲလမ်းမှုတွေများရင် အိပ်မက်မက်တတ်တယ်။+ စကားများများ ပြောရင်လည်း မိုက်မဲသူရဲ့ လေသံမျိုး ထွက်လာတတ်တယ်။+ ၄  ဘုရားသခင်ကို သစ္စာကတိပြုတဲ့အခါ အဲဒီအတိုင်းလုပ်ဖို့ မနှောင့်နှေးပါနဲ့။+ ဘာကြောင့်လဲဆိုတော့ ဘုရားက မိုက်မဲတဲ့သူတွေကို မနှစ်သက်လို့ပဲ။+ ဒါကြောင့် သစ္စာကတိပြုတဲ့အတိုင်း လုပ်ဆောင်ပါ။+ ၅  သစ္စာကတိပြုပြီးတော့မှ အဲဒီအတိုင်း မလုပ်တာထက် သစ္စာကတိမပြုဘဲနေတာ ပိုကောင်းတယ်။+ ၆  ကိုယ့်စကားနဲ့ကိုယ်  အပြစ်သင့်ရတာမျိုး မဖြစ်စေနဲ့။+ မှားသွားပါတယ်လို့ ကောင်းကင်တမန်ကို ပြောရတဲ့အဖြစ်မျိုး  မရောက်စေနဲ့။+  ကိုယ့်စကားကြောင့်  ဘုရားသခင် အမျက်ထွက်ပြီး ကိုယ်လုပ်ဆောင်ထားရာတွေကို ဖျက်ဆီးပစ်အောင် ဘာလို့လုပ်မှာလဲ။+ ၇  စွဲလမ်းမှုတွေများရင်  အိပ်မက်မက်တတ်သလို+ စကားများများ ပြောရင်လည်း အချည်းနှီး စကားတွေ  ပါလာတတ်တယ်။  စစ်မှန်တဲ့ဘုရားသခင်ကိုပဲ  ကြောက်ရွံ့  ရိုသေပါ။+ ၈  ကိုယ့်ဒေသမှာ  ဆင်းရဲသားကို ဖိနှိပ်နေတာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ချိုးဖောက်နေတာကို တွေ့တဲ့အခါ မအံ့သြပါနဲ့။+ အဲဒီလိုလုပ်တဲ့ မင်းအရာရှိကို သူ့ထက်ကြီးမြတ်တဲ့သူက စောင့်ကြည့်နေတယ်။ သူတို့ထက် ကြီးမြတ်တဲ့သူတွေလည်း ရှိသေးတယ်။ ၉  သူတို့အားလုံး  မြေကြီးကရတဲ့ အကျိုးအမြတ်ကို ခွဲဝေခံစားတယ်။ ရှင်ဘုရင်တောင်မှ လယ်ထွက်သီးနှံတွေကို စားသုံးနေရတယ်။+ ၁၀  ငွေမက်တဲ့သူဟာ ဘယ်တော့မှ ငွေနဲ့ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။ စည်းစိမ်မက်တဲ့သူဟာ ရတဲ့ဝင်ငွေနဲ့ ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။+ ဒါလည်း အချည်းနှီးပါပဲ။+ ၁၁  ကောင်းတဲ့အရာတွေ များလာတဲ့အခါ သုံးစွဲမယ့်သူတွေလည်း များလာတတ်တယ်။+ ပိုင်ရှင်က အဲဒါတွေကို ကြည့်နေရုံကလွဲလို့ ဘာများအကျိုးရလို့လဲ။+ ၁၂  အလုပ်အကျွေးပြုတဲ့သူဟာ နည်းနည်း  စားရသည်ဖြစ်စေ၊ များများ စားရသည်ဖြစ်စေ   နှစ်ခြိုက်စွာ  အိပ်စက်နိုင်တယ်။  သူဌေးသူကြွယ်ကတော့ စည်းစိမ်တွေကြောင့် အိပ်ရေးပျက်ရတယ်။ ၁၃  နေအောက်မှာ  ငါတွေ့ဖူးတဲ့ အဖြစ်ဆိုးကြီးတစ်ခု ရှိတယ်။ စည်းစိမ်ဥစ္စာက စည်းစိမ်ရှင်ကို ဒုက္ခတွေ့စေတယ်။ ၁၄  အန္တရာယ်များတဲ့ အရဲစွန့်မှုကြောင့် အဲဒီစည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားတတ်တယ်။ သားတစ်ယောက်ရလာတဲ့အခါမှာတော့ သူ့မှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိတော့ဘူး။+ ၁၅  လူဟာ မိခင်ရဲ့ဝမ်းထဲကနေ ဘာမှမပါဘဲ ထွက်လာသလို ဘာမှမပါဘဲ ပြန်သွားရလိမ့်မယ်။+ ကြိုးစားပမ်းစား လုပ်ကိုင်ပြီး ရထားတဲ့အရာ တစ်ခုကိုမှ ယူသွားနိုင်မှာ မဟုတ်ဘူး။+ ၁၆  အဖြစ်ဆိုးကြီးနောက်တစ်ခု ရှိသေးတယ်။ လူဟာ လာတုန်းကအတိုင်းပဲ ပြန်သွားရလိမ့်မယ်။ လေကိုဖမ်းဆုပ်ဖို့ ကြိုးစားတဲ့သူဟာ ဘာများအကျိုးရလို့လဲ။+ ၁၇  သူ့ခမျာ အစားအစာကိုလည်း အေးအေးဆေးဆေး မစားရတဲ့အပြင် နေ့တိုင်းလိုလို စိတ်ပျက်မှု၊ ဖျားနာမှု၊ ဒေါသတွေပဲ အကြီးအကျယ် ခံစားရတယ်။+ ၁၈  ကောင်းမွန်၊ သင့်တော်တဲ့အရာတစ်ခုကိုတော့ ငါတွေ့တယ်။ ဘုရားသခင်ပေးထားတဲ့  တိုတောင်းလှတဲ့ သက်တမ်းအတွင်း စားတာ၊ သောက်တာ၊ နေအောက်မှာ တပင်တပန်း လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ သင့်လျော်တယ်ဆိုတဲ့အချက်ပဲ။+ ဒါဟာ လူသားတွေရတဲ့ ဆုကျေးဇူးပဲ။+ ၁၉  ဘုရားသခင်က လူကို စည်းစိမ်တွေ၊ ပစ္စည်းဥစ္စာတွေနဲ့အတူ+ အဲဒါတွေကို ခံစားနိုင်တဲ့အစွမ်းကိုလည်း ပေးထားတယ်။ အဲဒီဆုကျေးဇူးကို ရယူပြီး ကြိုးစားပမ်းစား လုပ်ကိုင်မှုကနေ ပျော်ရွှင်ကျေနပ်မှု ရသင့်တယ်။ ဒါဟာ ဘုရားဆီကရတဲ့ လက်ဆောင်ပဲ။+ ၂၀  ဘုရားသခင်က လူ့စိတ်ထဲမှာ ပျော်ရွှင်စရာတွေကိုပဲ စွဲလမ်းနေစေတယ်။+ ဒါကြောင့် လူဟာ သက်တမ်းတိုလေးအတွင်းမှာ ကြုံတွေ့ရတဲ့   အခက်အခဲတွေကို  သတိမထားမိတော့ဘူး။

အောက်ခြေမှတ်ချက်များ