ဒေသနာ ၈:၁-၁၇

  • မစုံလင်​တဲ့​လူ​သား​တွေ​ရဲ့ အုပ်​ချုပ်​မှု​အောက် (၁-၁၇)

    • မင်း​မိန့်​ကို နာ​ခံ (၂-၄)

    • လူ​လူ​ချင်း အုပ်​ချုပ်​တာ ထိ​ခိုက်​စေ ()

    • ချက်​ချင်း ပြစ်​ဒဏ်​မစီရင်​တဲ့​အခါ (၁၁)

    • စား​သောက်​ပါ၊ ပျော်​ပျော်​နေ​ပါ (၁၅)

 ဘယ်​သူ​ဟာ ဉာဏ်​ပညာ​ရှိ​သူ​နဲ့ တူ​သလဲ။ ပြဿ​နာ​တစ်​ခု​ရဲ့ ဖြေရှင်း​နည်း​ကို ဘယ်​သူ​သိ​သလဲ။ ဉာဏ်​ပညာ​ဟာ မျက်​နှာ​မှာ ပေါ်​လွင်​နေ​တတ်​တယ်။ မျက်​နှာ​ထား တင်း​မာ​နေ​ရင်​တောင် ဉာဏ်​ပညာ​ကြောင့် ပျော့​ပျောင်း​သွား​တတ်​တယ်။ ၂  ငါ​ပြော​မယ်– “ဘု​ရား​သခင်​ဆီ ကတိ​သစ္စာ​ပြု​ထား​တာ​ကို  ထောက်​ပြီး+ ဘု​ရင့်​အမိန့်​ကို​နာ​ခံ​ပါ။+ ၃  ဘုရင့်​ရှေ့​က​နေ အလျင်​စ​လို မထွက်​သွား​နဲ့။+ မကောင်း​တဲ့​ကိစ္စ​မှာ ဝင်​မပါ​နဲ့။+ ဘုရင်​က   သူ​လုပ်​ချင်​တာ​မှန်​သမျှ​ကို လုပ်​နိုင်​တယ်။ ၄  ဘု​ရင့်​စကား​ဟာ တစ်​ချက်​လွှတ်​အမိန့် ဖြစ်​တဲ့​အတွက်+ ‘မင်း​ကြီး ဘယ်​လို​လုပ်​လိုက်​တာ​လဲ’ လို့ ဘယ်​သူ​ပြော​နိုင်​မှာ​လဲ။” ၅  အမိန့်​လိုက်​နာ​တဲ့​သူ​ဟာ  အန္တရာယ်​ကြုံ​တွေ့​မှာ မဟုတ်​ဘူး။+ ဉာဏ်​ပညာ​ရှိ​သူ​က​တော့  အချိန်​အခါ​ကို​ရော  လုပ်​ပုံ​လုပ်​နည်း​ကို​ပါ  သိ​တယ်။+ ၆  လူ​သား​တွေရဲ့ ဒုက္ခ​ဟာ များ​ပြား​လှ​တာ မှန်​ပါ​တယ်။ ဒါ​ပေမဲ့ ကိစ္စ​တိုင်း​မှာ အချိန်​အခါ​နဲ့ လုပ်​ပုံ​လုပ်​နည်း​ဆို​တာ ရှိ​တယ်။+ ၇  ဘာ​ဖြစ်​လာ​မယ်​ဆို​တာ ဘယ်​သူ​မှ မသိ​ဘူး။ ဒါ​ကြောင့် ဘယ်​လို ဖြစ်​လာ​မယ်​ဆို​တာ ဘယ်​သူ​ပြော​နိုင်​မှာ​လဲ။ ၈  အသက်​စွမ်းအား​ကို ထိန်း​ချုပ်​နိုင်​တဲ့​လူ၊ အသက်​စွမ်းအား​ကို ကန့်​သတ်​နိုင်​တဲ့​လူ မရှိ​သလို သေမယ့်​နေ့​ကို ထိန်း​ချုပ်​နိုင်​တဲ့​လူ​လည်း တစ်​ယောက်​မှ မရှိ​ဘူး။+ စစ်​ဖြစ်​နေ​ချိန်​မှာ စစ်​သည်​တစ်​ယောက်​ကို​မှ ထွက်​ခွာ​ခွင့် မပေး​သလို ဆိုး​ညစ်​မှု​က​လည်း ဆိုး​ညစ်​သူ​တွေ​ကို လွတ်​မြောက်​ခွင့်​ပေး​မှာ မဟုတ်​ဘူး။* ၉  နေ​အောက်​မှာ လုပ်​ဆောင်​နေ​တဲ့ အလုပ်​အမျိုး​မျိုး​အကြောင်း  ဆင်​ခြင်​ကြည့်​လိုက်​တဲ့​အခါ  ငါ​နား​လည်​သွား​တာ တစ်​ချက်​ရှိ​တယ်။ ခေတ်​အဆက်​ဆက်​မှာ လူ​လူ​ချင်း အုပ်​ချုပ်​တာ​ဟာ ထိ​ခိုက်​နစ်​နာ​စ​ရာတွေ​ပဲ ဖြစ်​စေ​တယ်။+ ၁၀  သန့်​ရှင်း​ရာ​အရပ်​မှာ ဝင်​ထွက်​သွား​လာ​လေ့​ရှိ​တဲ့ လူ​ဆိုး​တွေ သင်္ဂြိုဟ်​ခံ​ရ​တာ​ကို ငါ​တွေ့​တယ်။ ဒါ​ပေမဲ့ မကြာ​ပါ​ဘူး၊ သူတို့​ဆိုး​သွမ်းခဲ့​တဲ့​မြို့​မှာ သူတို့​ကို မေ့​လျော့​သွား​ကြ​တယ်။+ ဒါ​ဟာ​လည်း အချည်း​နှီး​ပါ​ပဲ။ ၁၁  မကောင်း​တဲ့​လုပ်​ရပ်​ကို ချက်​ချင်း ပြစ်​ဒဏ်​မစီ​ရင်​တဲ့​အတွက်+ လူ​တွေရဲ့​စိတ်​ဟာ မကောင်း​မှု​လုပ်​ဖို့ ပို​ပြီး အတင့်​ရဲ​လာ​တတ်​တယ်။+ ၁၂  အ​ပြစ်​လုပ်​တဲ့​သူ​ဟာ မကောင်း​မှု​ကို အ​ကြိမ်​တစ်​ရာ လုပ်​တာ​တောင် အသက်​ရှည်​ရှည် နေ​ရ​တယ်။ ဒါ​ပေမဲ့ စစ်​မှန်​တဲ့ ဘု​ရား​သခင်​ကို  ကြောက်​ရွံ့​ရို​သေသူ​တွေ ကောင်း​ကျိုး​ရ​လိမ့်​မယ်​ဆို​တာ ငါ​သိ​တယ်။ သူတို့​က ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေကြ​တာ​ကိုး။+ ၁၃  လူ​ဆိုး​က​တော့ ဘု​ရား​ကို မကြောက်​တဲ့​အတွက် ကောင်း​ကျိုး​ရ​မှာ မဟုတ်​ဘူး။+ အရိပ်​နဲ့​တူ​တဲ့ သူ့​နေ့​ရက်တွေ​ဟာ ကြာ​ရှည်​မှာ မဟုတ်​ဘူး။+ ၁၄  ကမ္ဘာ​ပေါ်​မှာ​ဖြစ်​နေ​တဲ့  စိတ်​ပျက်​စ​ရာ​ကောင်း​တဲ့  အရာ​တစ်​ခု​ရှိ​တယ်။ ဆိုး​ညစ်​သူ​တွေ ခံ​ထိုက်​တဲ့​အရာ​ကို ဖြောင့်​မတ်​သူ​တွေ ခံ​နေ​ရ​ပြီး+ ဖြောင့်​မတ်​သူ​တွေ ခံ​ထိုက်​တဲ့​အရာ​ကို လူ​ဆိုး​တွေ ခံ​နေ​ရ​တယ်။+ ဒါ​လည်း အချည်း​နှီး​ပါ​ပဲ။ ၁၅  ပျော်​ပျော်​နေ​တာ​ကို ငါ​ထောက်​ခံ​တယ်။+ နေ​အောက်​မှာ လူ​သား​တွေ​အတွက် စား​တာ၊ သောက်​တာ၊ ပျော်​ပျော်​နေ​တာ​ထက် ပို​ကောင်း​တာ ဘာ​မှ​မရှိ​ဘူး။ နေ​အောက်​မှာ ဘု​ရား​သခင်​ပေး​ထား​တဲ့ အသက်​တာ​အတွင်း ကြိုး​စား​ပမ်း​စား  လုပ်​ကိုင်​ရင်း  အဲဒီ​လို​စား​သောက်​ပြီး ပျော်​ပျော်​နေ​သင့်​တယ်။+ ၁၆  ဉာဏ်​ပညာ ဆည်း​ပူး​ဖို့၊ ကမ္ဘာ​ပေါ်​မှာ လူ​တွေ လုပ်​ကိုင်​နေ​တဲ့ အရာတွေ​အကြောင်း သိ​နိုင်​ဖို့ ငါ​နေ့​မအိပ်​ည​မအိပ် ကြိုး​စား​တယ်။*+ ၁၇  အဲဒီ​နောက် ဘု​ရား​သခင်​ရဲ့ လုပ်​ဆောင်​မှု​တွေ​အကြောင်း ငါ​ဆင်​ခြင်​ကြည့်​တဲ့​အခါ နေ​အောက်​မှာ ဖြစ်​နေ​တဲ့​အရာတွေ​ကို လူ​သား​တွေ နား​မလည်​နိုင်​မှန်း ငါ သဘော​ပေါက်​လာ​တယ်။+  လူ​တွေ  ဘယ်​လောက်​ပဲ ကြိုး​စား​ပါ​စေ နား​မလည်​နိုင်​ဘူး။ နား​လည်​နိုင်​လောက်​တဲ့ ဉာဏ်​ပညာ​မျိုး ရှိ​ပါ​တယ်​လို့ ပြော​နေ​ပေမဲ့ သူတို့ တ​ကယ် နား​မလည်​နိုင်​ပါ​ဘူး။+

အောက်ခြေမှတ်ချက်များ

“ဆိုး​ညစ်​မှု​က ဆိုး​ညစ်​သူ​တွေ​ကို မကယ်​နိုင်​ဘူး” လည်း​ဖြစ်​နိုင်။
“ကမ္ဘာ​ပေါ်​မှာ လူ​တွေ နေ့​မအိပ်​ည​မအိပ် လုပ်​ကိုင်​နေ​တဲ့​အရာတွေ​အကြောင်း သိ​နိုင်​ဖို့ ငါ​ကြိုး​စား​တယ်” လည်း​ဖြစ်​နိုင်။