ဒေသနာ ၉:၁-၁၈

  • နောက်ဆုံးရလဒ် အတူတူပဲ (၁-၃)

  • မသေခင်လေး ဘဝကိုပျော်မွေ့ပါ (၄-၁၂)

    • သေလွန်သူတွေ ဘာမှမသိ ()

    • သင်္ချိုင်းမှာ ဘာလုပ်ဆောင်မှုမှမရှိ (၁၀)

    • မျှော်လင့်မထားတဲ့အချိန်၊ မျှော်လင့်မထားတဲ့ဖြစ်ရပ် (၁၁)

  • ဉာဏ်ပညာကို အမြဲတန်ဖိုးထားကြတာမဟုတ် (၁၃-၁၈)

 ဒါတွေကို ဆင်ခြင်ပြီးတဲ့နောက် ငါကောက်ချက်ချလိုက်တာက ဖြောင့်မတ်သူတွေ၊  ဉာဏ်ပညာရှိသူတွေ၊ သူတို့ရဲ့အလုပ်တွေက စစ်မှန်တဲ့ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။+ လူတွေက သူတို့ မမွေးခင်ကတည်းက ရှိခဲ့တဲ့ ချစ်ခြင်း၊ မုန်းခြင်းအကြောင်း မသိကြဘူး။ ၂  ဖြောင့်မတ်သူ၊ ဆိုးညစ်သူ၊+ ကောင်းတဲ့သူ၊ သန့်ရှင်းတဲ့သူ၊ မသန့်ရှင်းတဲ့သူ၊ ပူဇော်တဲ့သူ၊ မပူဇော်တဲ့သူ အားလုံးဟာ နောက်ဆုံးရလဒ်တစ်ခုတည်းကိုပဲ ကြုံရတယ်။+ ကောင်းတဲ့သူနဲ့ အပြစ်လုပ်တဲ့သူ၊ အလျင်စလို သစ္စာဆိုတဲ့သူနဲ့ အလျင်စလို သစ္စာမဆိုတဲ့သူ ကြုံရတာချင်း အတူတူပဲ။ ၃  နေအောက်မှာ ဖြစ်နေတဲ့ စိတ်ဆင်းရဲစရာတစ်ခု ရှိတယ်။ နောက်ဆုံးရလဒ်တစ်ခုတည်းကို ကြုံရမှာပဲဆိုတော့+ လူတွေရဲ့စိတ်ထဲမှာ ဆိုးညစ်တာတွေပဲ ပြည့်နေတယ်။ သူတို့စိတ်ထဲမှာလည်း တစ်သက်တာလုံး ရူးသွပ်မှုတွေပဲ ရှိနေတယ်။ နောက်ဆုံးတော့ သူတို့ သေရတယ်။ ၄  အသက်ရှင်နေသူအတွက် မျှော်လင့်ချက်ဆိုတာ ရှိတယ်။ အသက်ရှင်နေတဲ့ခွေးဟာ သေသွားတဲ့ခြင်္သေ့ထက် သာတယ်။+ ၅  အသက်ရှင်နေသူက သေရမှာကို သိတယ်။+ သေလွန်သူကတော့ ဘာမှမသိဘူး။+ ဘာအကျိုးမှလည်း မရတော့ဘူး။ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံးကို လူတွေမေ့သွားကြတယ်။+ ၆  သူတို့ရဲ့ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုခြင်းတွေလည်း ပျောက်ပျက်ကုန်တယ်။ နေအောက်မှာ လုပ်ဆောင်နေတဲ့အရာတွေနဲ့ မပတ်သက်နိုင်တော့ဘူး။+ ၇  ဒါကြောင့် ပျော်ပျော်ပါးပါး အစာစားပါ။ ရွှင်လန်းတဲ့စိတ်နဲ့ စပျစ်ဝိုင်သောက်ပါ။+ ဘုရားသခင်က မင်းရဲ့လုပ်ဆောင်မှုတွေကို နှစ်သက်တယ်။+ ၈  မင်းရဲ့အဝတ်တွေ  အမြဲဖြူစင်နေပါစေ။* ခေါင်းကိုလည်း ဆီမလိမ်းဘဲ မနေပါနဲ့။+ ၉  တိုတောင်းလှတဲ့* လူ့ဘဝတစ်လျှောက်လုံးကို  ချစ်ဇနီးနဲ့အတူ ပျော်မွေ့ပါ။+  နေအောက်မှာ  တိုတောင်းလှတဲ့ လူ့ဘဝဟာ ဘုရားသခင် ပေးသနားတဲ့အရာပဲ။ ဒါဟာ ဘဝမှာရရှိတဲ့၊ နေအောက်မှာ တပင်တပန်း လုပ်ကိုင်မှုကနေ ရရှိတဲ့ ဆုကျေးဇူးပဲ။*+ ၁၀  ဘာပဲလုပ်လုပ် အားသွန်ခွန်စိုက် လုပ်ပါ။ ကိုယ်ရောက်သွားမယ့် သင်္ချိုင်းမှာ* အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့ပဲ။+ ၁၁  နေအောက်မှာ ငါတွေ့တဲ့အရာ နောက်တစ်ခုကတော့– အပြေးသန်တယ်ဆိုတိုင်း ပြေးပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။ အင်အားကြီးတယ်ဆိုတိုင်း စစ်ပွဲမှာ အမြဲအနိုင်ရတာ မဟုတ်ဘူး။+ ဉာဏ်ပညာရှိတယ်ဆိုတိုင်း အမြဲစားစရာရှိတာ မဟုတ်ဘူး။ ဉာဏ်ကောင်းတယ်ဆိုတိုင်း အမြဲချမ်းသာကြွယ်ဝတာ မဟုတ်ဘူး။+ ဗဟုသုတကြွယ်တယ်ဆိုတိုင်း အမြဲအောင်မြင်တာ မဟုတ်ဘူး။+ လူအားလုံးဟာ မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ။ ၁၂  လူတွေဟာ ကိုယ်သေဆုံးမယ့်အချိန်ကို မသိကြဘူး။+ အန္တရာယ်ပိုက်ကွန်မှာ မိသွားတဲ့ ငါးတွေလို၊ ထောင်ချောက်မိသွားတဲ့ ငှက်တွေလို လူသားတွေလည်း ဘေးဆိုးကြုံရတဲ့အခါ ကျော့ကွင်းမိသွားပြီး အဲဒီအချိန်ကို မထင်မမှတ်ဘဲ ကြုံတွေ့ရတတ်တယ်။ ၁၃  နေအောက်မှာ ဉာဏ်ပညာနဲ့ပတ်သက်ပြီး  ငါသတိထားမိတာ  ရှိသေးတယ်။  အဲဒီအချက်ကို  ငါမှတ်သားမိတယ်။ ၁၄  ယောက်ျားသားနည်းနည်းပဲရှိတဲ့ မြို့ငယ်တစ်မြို့မှာပေါ့။ ခွန်အားကြီးတဲ့ ဘုရင်တစ်ပါးက အဲဒီမြို့ကို ထိုးစစ်ဆင်ဖို့ မြို့ရိုးပတ်လည်မှာ တံတိုင်းခတ်လိုက်တယ်။ ၁၅  အဲဒီမြို့မှာ ဆင်းရဲပေမဲ့ ဉာဏ်ပညာရှိတဲ့ လူတစ်ယောက် ရှိတယ်။ သူက ဉာဏ်ပညာသုံးပြီး မြို့ကို ကယ်တင်လိုက်တယ်။ ဒါပေမဲ့ သူ့ကို ဘယ်သူမှ သတိမရကြတော့ဘူး။+ ၁၆  ဒါကြောင့် “ဉာဏ်ပညာရှိတာဟာ ခွန်အားကြီးတာထက် သာတယ်။+ ဒါပေမဲ့ ဆင်းရဲသားရဲ့ ဉာဏ်ပညာကိုတော့ ဘယ်သူမှ ဂုဏ်မတင်ကြဘူး။ သူ့စကားကိုလည်း အရေးမလုပ်ကြပါလား”+ လို့ ငါတွေးမိတယ်။ ၁၇  မိုက်မဲသူတွေကို အုပ်ချုပ်နေတဲ့ လူတစ်ယောက်ရဲ့ အော်ကြီးဟစ်ကျယ်စကားထက် ဉာဏ်ပညာရှိသူရဲ့ အေးဆေးတည်ငြိမ်တဲ့ စကားကို လက်ခံတာက ပိုကောင်းတယ်။ ၁၈  ဉာဏ်ပညာဟာ စစ်လက်နက်တွေထက် သာတယ်။ ဒါပေမဲ့ အပြစ်လုပ်သူတစ်ယောက်ကြောင့် ကောင်းတဲ့အရာ အများကြီး ပျက်စီးနိုင်တယ်။+

အောက်ခြေမှတ်ချက်များ

မြည်တမ်းချိန်မှာ မဟုတ်ဘဲ ပျော်မြူးချိန်မှာဝတ်တဲ့ တောက်ပတဲ့အဝတ်တွေကို ဆိုလို။
ဒါမှမဟုတ်၊ “ဝေစု။”
ဒါမှမဟုတ်၊ “အချည်းနှီးဖြစ်တဲ့။”
ခက်ဆစ်ကိုကြည့်။