ဒံယေလ ၆:၁-၂၈

  • ပါး​ရှား​အရာ​ရှိ​တွေ ဒံယေလ​ကို အကောက်​ကြံ (၁-၉)

  • ဒံယေလ ဆုတောင်း​မြဲတောင်း (၁၀-၁၅)

  • ခြင်္သေ့​တွင်း​ထဲ ဒံယေလ ပစ်​ချ​ခံ​ရ (၁၆-၂၄)

  • ဒံယေလ​ရဲ့​ဘု​ရား​ကို ဒါ​ရိ​မင်း ချီး​မွမ်း (၂၅-၂၈)

 ဒါ​ရိ​မင်း​က တစ်​နိုင်​ငံ​လုံး​ကို ကြီး​ကြပ်​ဖို့ ဘု​ရင်​ခံ​ချုပ် ၁၂၀ ကို ခန့်​အပ်​ရင် ကောင်း​မယ်​လို့ တွေး​ပြီး ခန့်​အပ်​လိုက်​တယ်။+ ၂  အဲဒီ​ဘု​ရင်​ခံ​ချုပ်​တွေ​ကို ကြီး​ကြပ်​ဖို့ မင်း​အရာ​ရှိ​သုံးယောက်​ကို ခန့်​အပ်​တယ်။ တစ်​ယောက်​က ဒံယေလ ဖြစ်​တယ်။+ ဘု​ရင့်​မှာ ထိခိုက်​ဆုံး​ရှုံး​မှု​တွေ မရှိ​စေ​ဖို့ ဘု​ရင်​ခံ​ချုပ်​တွေ​က+ မင်း​အရာ​ရှိ သုံး​ယောက်​ဆီ အစီ​ရင်​ခံ​ရ​တယ်။ ၃  ဒံယေလ​ဟာ ထူး​ခြား​တဲ့​စိတ်​သဘော ရှိ​တဲ့​အတွက် တ​ခြား​မင်း​အရာ​ရှိ​တွေ၊ ဘု​ရင်​ခံ​ချုပ်​တွေ​ထက် ပို​အရည်​အချင်း ရှိ​တယ်။+ ဒါ​ကြောင့် ဘု​ရင်​က သူ့​ကို တစ်​နိုင်​ငံ​လုံး​ကို ကြီး​ကြပ်​ခိုင်း​ဖို့ အကြံ​ရှိ​တယ်။ ၄  အဲဒီ​အခါ မင်း​အရာ​ရှိ​တွေ၊ ဘု​ရင်​ခံ​ချုပ်​တွေ​က နိုင်​ငံ့​အရေး​ကိစ္စ​နဲ့​ပတ်​သက်​ပြီး ဒံယေလ​ကို စွပ်​စွဲ​ဖို့ အကြောင်း​ရင်း ရှာ​ကြ​တယ်။ ဒါ​ပေမဲ့ ဒံယေလ​ဆီ​မှာ စွပ်​စွဲ​စ​ရာတွေ၊ အကျင့်​ပျက်​ခြစား​မှု​တွေ တစ်​ခု​မှ မတွေ့​ရ​ဘူး။ သူ​ဟာ ယုံ​ကြည်​စိတ်​ချ​ထိုက်​တယ်။ သူ့​ဆီ​မှာ လစ်​ဟင်း​ပျက်​ကွက်​မှု​တွေ၊ အကျင့်​ပျက်​ခြစား​မှု​တွေ တစ်​ခု​မှ မတွေ့​ရ​ဘူး။ ၅  ဒါ​နဲ့ သူတို့​က “ဒံယေလ​ဆီ​မှာ သူ့​ဘု​ရားရဲ့​ပညတ်​ကို လိုက်​နာ​တာ​က​လွဲ​လို့ တ​ခြား​ကိစ္စတွေ​မှာ ငါ​တို့ စွပ်​စွဲ​စ​ရာ​တွေ့​မှာ မဟုတ်​ဘူး”+ လို့ ပြော​ကြ​တယ်။ ၆  ဒါ​ကြောင့်  အဲဒီ​မင်း​အရာ​ရှိ​တွေ​နဲ့ ဘုရင်​ခံ​ချုပ်​တွေ​က အုပ်​စု​လိုက် အခ​စား​ဝင်​ပြီး  “ဒါ​ရိ​မင်း​ကြီး၊  အသက်​တော် ထာဝ​စဉ်​ရှည်​ပါ​စေ။ ၇  ရက် ၃၀​ အတွင်း​မှာ  မင်း​ကြီး​က​လွဲ​လို့  တ​ခြား​ဘုရား​ ဒါ​မှ​မဟုတ် တ​ခြား​လူ တစ်​ယောက်​ယောက်​ဆီ အသနား​ခံ ဆုတောင်း​သူ​တိုင်း  ခြင်္သေ့​တွင်း​ထဲ  ပစ်​ချ​စေ​ဆို​တဲ့​ အမိန့်​ကို  ထုတ်​ပြန်​ပြီး+ အဲဒီ​တား​မြစ်​ချက်​ကို အတည်​ပြု​ဖို့ နန်း​တွင်း​အရာ​ရှိ၊ ဝန်​ကြီး၊ ဘု​ရင်​ခံ​ချုပ်၊ နန်း​တွင်း​အရာ​ရှိ​ကြီး​နဲ့ ဘုရင်​ခံ​တွေ​အားလုံး  တိုင်​ပင်​ထား​ပါ​တယ်။ ၈  အရှင်​မင်း​ကြီး၊ ဒီ​အမိန့်​ကို ထုတ်​ပြန်​ပေး​ပါ။+ မပယ်​ဖျက်​နိုင်​တဲ့ မီး​ဒီး​ယား​နဲ့ ပါး​ရှား​ဥ​ပဒေ​အတိုင်း အမိန့်​ကို ပြန်​ရုပ်​သိမ်း​လို့ မရ​နိုင်​အောင် လက်​မှတ်​ထိုး​ပေး​ပါ”+ လို့ လျှောက်​တင်​ကြ​တယ်။ ၉  ဒါ​ရိ​မင်း​လည်း အမိန့်​စာ​နဲ့ တား​မြစ်​ချက်​ကို လက်​မှတ်​ထိုး​လိုက်​တယ်။ ၁၀  အမိန့်​စာ​ကို လက်​မှတ်​ထိုး​လိုက်​ပြီဆို​တာ ဒံယေလ သိ​သိ​ချင်း အိမ်​ပြန်​သွား​တယ်။ အိမ်​မိုး​အထက်​ခန်း​မှာ ဖွင့်​ထား​တဲ့ ပြတင်း​ပေါက်​တွေ​ဟာ ဂျေရု​ဆ​လင်​ဘက် မျက်​နှာ​မူ​ထား​တယ်။+ လုပ်​နေ​ကျ​အတိုင်း ဒူး​ထောက်​ပြီး သူ​ကိုး​ကွယ်​တဲ့ ဘု​ရား​သခင်​ကို တစ်​နေ့​သုံး​ကြိမ် ဆုတောင်း​ပြီး ချီး​မွမ်း​တယ်။ ၁၁  အဲ​ဒီ​အချိန်​မှာ လူ​တွေ ဗြုန်း​ခ​နဲ ဝင်​လာ​တယ်။ သူ​ကိုးကွယ်​တဲ့ ဘု​ရား​သခင်​ဆီ အသနား​ခံ ဆုတောင်း​ပြီး မျက်​နှာ​သာ​ရဖို့ တောင်း​လျှောက်​နေ​တာ​ကို တွေ့​သွား​တယ်။ ၁၂  ဒါ​နဲ့ သူတို့​က ဘု​ရင့်​ဆီ​သွား​ပြီး “အရှင်​မင်း​ကြီး၊ ရက် ၃၀ အတွင်း မင်း​ကြီး​က​လွဲ​လို့  တ​ခြား​ဘု​ရား  ဒါ​မှ​မ​ဟုတ်​ တ​ခြား​လူ​တစ်​ယောက်​ယောက်​ဆီ အသနား​ခံ​ဆုတောင်း​သူ​တိုင်း ခြင်္သေ့​တွင်း​ထဲ ပစ်​ချ​စေ​ဆို​တဲ့ တား​မြစ်​ချက်​ကို လက်​မှတ်​ထိုး​ထား​တယ် မဟုတ်​လား” ဆို​ပြီး ထုတ်​ပြန်​ထား​တဲ့ တား​မြစ်​ချက်​အကြောင်း အသိ​ပေး​တဲ့​အခါ ဘု​ရင်​က “မပယ်​ဖျက်​နိုင်​တဲ့ မီး​ဒီး​ယား​နဲ့ ပါး​ရှား​ဥ​ပဒေ​အတိုင်း ဒီ​ကိစ္စ​ကို အမိန့်​ထုတ်​ပြီး​ပြီ”+ လို့​ဖြေတယ်။ ၁၃  အဲဒီ​အခါ သူတို့​က “အရှင်​မင်း​ကြီး၊ ဒံယေလ​ဆို​တဲ့ ယုဒ​သုံ့​ပန်း​ဟာ+ မင်း​ကြီး​ကို​ရော မင်း​ကြီး လက်​မှတ်​ထိုး​ထား​တဲ့ တား​မြစ်​ချက်​ကို​ပါ  အရေး​မစိုက်​ဘဲ  တစ်​နေ့​သုံး​ကြိမ် ဆုတောင်း​နေ​ပါ​တယ်”+ လို့ ချက်​ချင်း လျှောက်​ကြ​တယ်။ ၁၄  ဘုရင်​ဟာ ဒီ​စကား​ကို ကြား​တာ​နဲ့ တ​အား​စိတ်​ထိ​ခိုက်​သွား​ပြီး ဒံယေလ​ကို ကယ်​ဖို့ နည်း​လမ်း​ရှာ​တယ်။ သူ့​ကို​ကယ်​ဖို့ နေ​ဝင်​ချိန်​အထိ အစွမ်း​ကုန် ကြိုး​စား​တယ်။ ၁၅  နောက်​ဆုံး အဲဒီ​လူ​တွေ အုပ်​စု​လိုက် အခစား​ဝင်​လာ​ပြီး “အရှင်​မင်း​ကြီး၊ မင်း​ကြီး​ထုတ်​ထား​တဲ့ တား​မြစ်​ချက်​ဖြစ်​စေ၊ အမိန့်​ဖြစ်​စေ လုံး​ဝ​ပြောင်း​လဲ​လို့ မရ​နိုင်​ဘူး​ဆို​တဲ့ မီး​ဒီး​ယား​နဲ့ ပါး​ရှား​ဥ​ပဒေ​ကို သတိ​ရ​ပါ”+ ဆို​ပြီး လျှောက်​တင်​တယ်။ ၁၆  ဒါ​နဲ့  သူတို့​က ဘု​ရင့်​အမိန့်​နဲ့ ဒံယေ​လ​ကို ခေါ်​လာ​ပြီး ခြင်္သေ့​တွင်း​ထဲ ပစ်​ချ​ကြ​တယ်။+ ဘု​ရင်​က  “မင်း​အမြဲ​ဝတ်​ပြု​တဲ့  ဘု​ရား​သခင်  ကယ်​တင်​မှာ​ပါ”  လို့​ဒံယေ​လ​ကို​ပြော​တယ်။ ၁၇  အဲ​ဒီ​နောက် တွင်း​ဝ​ကို ကျောက်​တုံး​နဲ့ ပိတ်​လိုက်​တယ်။ ဒံယေလ​နဲ့​ပတ်​သက်​ပြီး ဘာ​မှ​အပြောင်း​အလဲ မလုပ်​နိုင်​ဖို့ ဘုရင်​က အဲဒီ​ကျောက်​တုံး​ပေါ်​မှာ သူ့​ရဲ့​တံ​ဆိပ်​လက်​စွပ်၊ မှူး​မတ်​တွေရဲ့ တံ​ဆိပ်​လက်​စွပ်​နဲ့ တံ​ဆိပ်​ခတ်​လိုက်​တယ်။ ၁၈  အဲဒီ​နောက် ဘု​ရင်​က နန်း​တော်​ကို ပြန်​သွား​ပြီး တစ်​ည​လုံး အစာ​ရှောင်​တယ်။ ဘယ်​သူ့​ကို​မှ မဖျော်​ဖြေခိုင်း​ဘူး။* အိပ်​လို့​လည်း မပျော်​နိုင်​ဘူး။ ၁၉  အရုဏ်​တက်​တာ​နဲ့ ဘု​ရင်​က ထ​ပြီး ခြင်္သေ့​တွင်း​ဆီ  အပြေး​အလွှား  သွား​တော့​တယ်။ ၂၀  တွင်း​နား​ရောက်​တဲ့​အခါ ဆို့​နင့်​တဲ့​အသံ​နဲ့ အော်​ခေါ်​ပြီး “အသက်​ရှင်​နေ​တဲ့ ဘု​ရား​သခင်​ရဲ့​ကျွန် ဒံယေ​လ၊ မင်း အမြဲဝတ်​ပြု​တဲ့ ဘု​ရား​သခင်​က ခြင်္သေ့ရန်​က​နေ ကယ်​တင်​နိုင်​ခဲ့သလား” လို့​မေး​တယ်။ ၂၁  ချက်​ချင်း​ပဲ ဒံယေလ​က “အရှင်​မင်း​ကြီး၊ အသက်​တော်  ထာ​ဝ​စဉ်​ရှည်​ပါ​စေ။ ၂၂  ကျွန်​တော်​က ဘု​ရား​သခင့်​ရှေ့​မှာ အပြစ်​မဲ့​တဲ့​အပြင် မင်း​ကြီး​ကို​လည်း လုံး​ဝ​မပြစ်​မှား​ခဲ့​ပါ​ဘူး။ ဒါ​ကြောင့် ကျွန်​တော်​ကိုးကွယ်​တဲ့ ဘု​ရား​က ကောင်း​ကင်​တမန်​ကို လွှတ်​ပြီး ခြင်္သေ့တွေရဲ့ ပါးစပ်​ကို ပိတ်​ထား​တဲ့​အတွက်+ ကျွန်​တော့်​ကို  အန္တရာယ်​မပြု​ပါ​ဘူး”+ လို့​ဖြေတယ်။ ၂၃  အဲဒီ​အခါ ဘု​ရင်​က ဝမ်း​သာ​လုံး​ဆို့​ပြီး ဒံယေလ​ကို တွင်း​ထဲ​က​နေ ဆွဲ​တင်​ဖို့ အမိန့်​ပေး​တယ်။ ဒံယေလ​ကို တွင်း​ထဲ​က​နေ ဆွဲ​တင်​တဲ့​အခါ ထိ​ခိုက်​ဒဏ်​ရာ​တစ်​ခု​မှ မရှိ​ဘူး။ သူ​ကိုးကွယ်​တဲ့ ဘု​ရား​သခင်​ကို ယုံ​ကြည်​ကိုး​စား​ခဲ့လို့​ပဲ။+ ၂၄  အဲဒီ​နောက် ဘု​ရင်​က ဒံယေလ​ကို စွပ်​စွဲ​ခဲ့​သူ​တွေ​ကို ခေါ်​လာ​ပြီး သား​မယား​တွေ​နဲ့​အတူ ခြင်္သေ့​တွင်း​ထဲ ပစ်​ချ​ဖို့ အမိန့်​ထုတ်​လိုက်​တယ်။ သူတို့ တွင်း​အောက် မရောက်​သေး​ခင် ခြင်္သေ့တွေ​က ဖမ်း​ဆွဲ​ပြီး အရိုး​ပါ​မကျန် ကိုက်​စား​ပစ်​လိုက်​တယ်။+ ၂၅  အဲဒီ​နောက် ဒါ​ရိ​မင်း​ဟာ ကမ္ဘာ​မြေတစ်​ခွင်​မှာ နေ​ထိုင်​တဲ့၊ ဘာ​သာ​စကား  အမျိုး​မျိုး​ပြော​တဲ့  လူမျိုး​အ​ပေါင်း​ဆီ  သဝ​ဏ်​လွှာ  ရေး​ပို့​လိုက်​တယ်–+  “မင်း​တို့​ဆီ​မှာ  ငြိမ်သက်​ခြင်း တိုး​များ​ပါ​စေ။ ၂၆  ငါ့​နိုင်​ငံ​တစ်​ဝန်း​လုံး​မှာ​ရှိ​တဲ့  လူ​အားလုံး ဒံယေလ​ကိုးကွယ်​တဲ့ ဘုရား​သခင်​ကို ကြောက်​ရွံ့​ရို​သေကြ​စေ​လို့ ငါ​အမိန့်​ထုတ်​တယ်။+ အဲဒီ​ဘု​ရား​သခင်​ဟာ  အသက်​ရှင်​တဲ့​ဘုရား၊​ ထာ​ဝ​စဉ်​တည်​တဲ့​အရှင်  ဖြစ်​တယ်။ သူ့​နိုင်​ငံ​ဟာ ဘယ်​တော့​မှ မပျက်​စီး​ဘူး။ အုပ်​ချုပ်​ခွင့်အာဏာ​ဟာ  ထာဝ​စဉ် တည်​တံ့​တယ်။+ ၂၇  အဲဒီ​ဘုရား​က ဒံယေလ​ကို ခြင်္သေ့တွေရဲ့ရန်​က​နေ ကယ်​တင်​လိုက်​ပြီ။ ဒါ​ကြောင့် ဒီ​ဘု​ရား​ဟာ သူ့​လူ​တွေ​ကို မစ​ကယ်​တင်​တဲ့​ဘုရား၊+  ကောင်း​ကင်​နဲ့ မြေကြီး​ပေါ်​မှာ အံ့ဖွယ်​အမှု​တွေ၊ ထူး​ဆန်း​တဲ့​အရာတွေ လုပ်​ဆောင်​တဲ့​ဘု​ရား​ပဲ။”+ ၂၈  ဒီ​လို​နဲ့ ဒံယေလ​ဟာ ဒါ​ရိ​မင်း​ရဲ့​နိုင်​ငံ၊+ ပါး​ရှား​ဘု​ရင် ဆိုင်း​ရပ်ရဲ့​နိုင်​ငံ​မှာ+ ကောင်း​စား​ခဲ့​တယ်။

အောက်ခြေမှတ်ချက်များ

“သီ​ဆို​တီး​မှုတ်​သူ​တွေ​ကို ရှေ့​တော်​မသွင်း​ဘူး” လည်း​ဖြစ်​နိုင်။