နာဟုံ ၁:၁-၁၅
၁ နိနဝေမြို့နဲ့ပတ်သက်တဲ့ တရားစီရင်ချက်။+ ဧလကောရှမြို့သားနာဟုံ* ရဲ့ စိတ်အာရုံမှတ်တမ်း။
၂ ယေဟောဝါဟာ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရားသခင်၊+ လက်စားချေတဲ့အရှင်ပဲ။
ယေဟောဝါက လက်စားချေတယ်။ အမျက်ထွက်တတ်တယ်။+
ယေဟောဝါက ရန်သူတွေကို လက်စားချေတယ်။
ရန်သူတွေအတွက် အမျက်ဒေါသကို စုစည်းထားတယ်။
၃ ယေဟောဝါဟာ လွယ်လွယ်နဲ့ အမျက်မထွက်ဘူး၊+ တန်ခိုးကြီးတယ်။+
ယေဟောဝါက ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မပေးဘဲ မနေဘူး။+
အဖျက်စွမ်းအားကြီးတဲ့ လေထဲမှာ၊ မုန်တိုင်းထဲမှာ သွားလာတယ်။
တိမ်တွေဟာ ခြေတော်အောက်မှာ မြေမှုန့်လိုပဲ။+
၄ ဘုရားက ပင်လယ်ကို ဆုံးမပြီး+ ခန်းခြောက်စေတယ်။
မြစ်တွေကို ခြောက်သွေ့စေတယ်။+
ဗာရှန်ပြည်နဲ့ ကရမေလတောင်ဟာ ညှိုးနွမ်းသွားတယ်။+
လက်ဘနွန်က ပန်းတွေလည်း ညှိုးနွမ်းသွားတယ်။
၅ ဘုရားကြောင့် တောင်တန်းတွေ တုန်လှုပ်ပြီးတောင်ကုန်းတွေ အရည်ပျော်ကုန်တယ်။+
မျက်နှာတော်ကြောင့် ကမ္ဘာမြေရော ကမ္ဘာမြေပေါ် နေထိုင်သူတွေပါဗြောင်းဆန်ကုန်တယ်။+
၆ အမျက်တော်ကို ဘယ်သူ ခံရပ်နိုင်မလဲ။+
အမျက်တော်အရှိန်ကို ဘယ်သူ တောင့်ခံနိုင်မလဲ။+
အမျက်တော်ကို မီးလို သွန်းလောင်းမယ်။
ဘုရားကြောင့် ကျောက်ဆောင်တွေ ကွဲကြေသွားမယ်။
၇ ယေဟောဝါဟာ ကောင်းမြတ်တယ်။+ ဒုက္ခရောက်ချိန်မှာ ခိုလှုံစရာရဲတိုက်ပဲ။+
သူ့ဆီ ခိုလှုံသူတွေကို သိတယ်။*+
၈ မြို့ကို* ရေနဲ့လွှမ်းမိုးပြီး အကုန်အစင် ဖျက်ဆီးမယ်။
ရန်သူတွေနောက် အမှောင်ထုကြီး လိုက်လာမယ်။
၉ ယေဟောဝါကို မင်း ဘာတွေ မကောင်းကြံမလို့လဲ။
ဘုရားက အပြီးသတ် ဖျက်ဆီးမယ်။
ဘေးဒုက္ခဟာ နောက်တစ်ကြိမ် ရောက်လာမှာ မဟုတ်ဘူး။+
၁၀ နိနဝေမြို့သားတွေဟာ ပိန်းပိတ်နေတဲ့ ဆူးပင်တွေနဲ့ တူတယ်။
ဘီယာမူးနေသူတွေလို ဖြစ်နေတယ်။
ဒါပေမဲ့ ရိုးပြတ်ခြောက်တွေလို လောင်ကျွမ်းသွားမယ်။
၁၁ ယေဟောဝါကို မကောင်းကြံတဲ့သူ၊အသုံးမဝင်တဲ့အကြံကို ပေးတဲ့သူက မင်းဆီကနေ ပေါ်လာမယ်။
၁၂ ယေဟောဝါ ပြောတာက–
“သူတို့ဟာ ခွန်အားပြည့်ပြီး အင်အားတောင့်တင်းပေမဲ့ ပယ်ရှင်းခံရမယ်။
သူတို့ ဆုံးပါးသွားမယ်။*
ငါက မင်းကို* ဒဏ်ခတ်ခဲ့ပေမဲ့ နောက်ဆို ဒဏ်မခတ်တော့ဘူး။
၁၃ မင်းရဲ့ပခုံးပေါ် သူတင်ထားတဲ့ ထမ်းပိုးကို ငါချိုးမယ်။+
မင်းကို ချည်နှောင်ထားတဲ့ ကြိုးတွေကို နှစ်ပိုင်းဖြတ်မယ်။
၁၄ မင်း* နဲ့ပတ်သက်ပြီး ငါယေဟောဝါ ပြောမယ်–
‘မင်းရဲ့နာမည်ဟာ ဆက်လက်တည်တံ့မှာ မဟုတ်ဘူး။
မင်းရဲ့ဘုရားကျောင်းတွေထဲက ရုပ်တုဆင်းတုတွေကို ငါပယ်ရှင်းမယ်။
စက်ဆုပ်ဖွယ်ကောင်းလွန်းတဲ့ မင်းအတွက် သင်္ချိုင်းဂူကို ငါလုပ်မယ်။’
၁၅ သတင်းကောင်း သယ်ဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်း ကြွေးကြော်သူဟာ+
တောင်တန်းတွေပေါ်မှာ လာနေတယ်။
အို ယုဒ၊ မင်းရဲ့ပွဲတော်တွေကို ကျင်းပပါ။+ သစ္စာကတိ ပြုထားတဲ့အတိုင်း လုပ်ဆောင်ပါ။
တန်ဖိုးမဲ့သူဟာ ရစရာမရှိအောင် ဖျက်ဆီးခံရမှာဖြစ်လို့မင်းကို နောက်တစ်ခါ ဖြတ်လျှောက်တော့မှာ မဟုတ်ဘူး။”