နာဟုံ ၃:၁-၁၉

  • ‘လူ​သတ်​မှု​ကျူး​လွန်​တဲ့​မြို့ အဖြစ်​ဆိုး​ကြုံ​ရ’ (၁-၁၉)

    • နိ​န​ဝေ​မြို့ တ​ရား​စီ​ရင်​ခံ​ရ​တဲ့ အကြောင်း​ရင်း (၁-၇)

    • နော​မုန်​မြို့​လို ရှုံး​နိမ့်​မယ့် နိ​န​ဝေ (၈-၁၂)

    • ကျိန်း​သေကျ​ဆုံးမ​ယ့် နိ​န​ဝေ (၁၃-၁၉)

 လူသတ်​မှု​ကျူး​လွန်​တဲ့​မြို့​ဟာ အဖြစ်​ဆိုး ကြုံ​ရ​လိမ့်​မယ်။ သူ့​ဆီ​မှာ လှည့်​စား​မှု​တွေ၊ လု​ယက်​မှု​တွေ ပြည့်​နေ​တယ်။ သား​ကောင်​တွေ တစ်​ခါ​မှ မပြတ်​လပ်​ဘူး။  ၂  ကျာ​ပွတ်​သံ၊ ဘီး​လှိမ့်​သံ၊ မြင်း​ခွာ​သံ၊ မြင်း​ရ​ထား​ဆောင့်​သံ​ကို ကြား​ရ​တယ်။  ၃  မြင်း​စီး​သူ​ရဲတွေ၊ လက်​နေ​တဲ့ ဓား​တွေ၊ ဖိတ်​ဖိတ်​တောက်​နေ​တဲ့ လှံ​တွေ​ရှိ​တယ်။ အသတ်​ခံ​ရ​သူ​တွေ အများ​ကြီး​ပဲ။ အသေကောင်​တွေ​လည်း တစ်​ပြုံ​ကြီး​ပဲ။ ဘယ်​နေ​ရာ​ကြည့်​ကြည့် အလောင်း​တွေ​ချည်း​ပဲ။ လူ​တွေ​ဟာ အလောင်း​တွေ​ကို တိုက်​မိ​ပြီး လဲ​ကျ​ကုန်​တယ်။  ၄  ဒါ​တွေ​ဖြစ်​ရ​တာ​ဟာ သူ ပြည့်​တန်​ဆာ​လုပ်​ဖန် များ​လွန်း​လို့​ပဲ။ သူ​ဟာ ညှို့​ယူ​ဖမ်း​စား​တတ်​တဲ့ စုန်းမ​ ဖြစ်​လို့ ပြည့်​တန်​ဆာ​လုပ်​ပြီး လူမျိုး​တွေ​ကို ထောင်​ဖမ်း​ခဲ့​တယ်။ ပယော​ဂအတတ်​သုံး​ပြီး လူမျိုး​စု​တွေ​ကို ထောင်​ဖမ်း​ခဲ့​တယ်။  ၅  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တာ​က “မင်း​ကို* ငါ​တိုက်​ခိုက်​မယ်။+ မျက်​နှာ​အုပ်​သွား​တဲ့​အထိ မင်း​ရဲ့​ဝတ်​လုံ​ကို ငါ​လှန်​ပစ်​မယ်။ မင်း အဝတ်​ဗ​လာ​ဖြစ်​နေ​တာ​ကို လူမျိုး​တွေ မြင်​စေ​ရ​မယ်။ မင်း​အရှက်​ကွဲ​တာ​ကို တိုင်း​နိုင်​ငံ​တွေ မြင်​စေ​ရ​မယ်။  ၆  မင်း​အပေါ် အညစ်​အကြေး​တွေ ငါ​ပစ်​ချ​မယ်။ မင်း​ကို စက်​ဆုပ်​ရွံ​ရှာ​စ​ရာ​ဖြစ်​အောင်၊ လူ​တွေ လက်​ညှိုး​ထိုး​စ​ရာ​ဖြစ်​အောင် လုပ်​မယ်။+  ၇  မြင်​သူ​တိုင်း​က မင်း​ဆီ​က​နေ ထွက်ပြေး​ပြီး+ ‘နိ​န​ဝေ​မြို့ ပျက်​စီး​သွား​ပြီ။ ဘယ်​သူ​က​များ သူ့​ကို သနား​မှာ​လဲ’ လို့ ပြော​လိမ့်​မယ်။ မင်း​ကို နှစ်​သိမ့်​ပေး​မယ့်​သူ​တွေ ငါဘယ်​မှာ​ရှာ​တွေ့​နိုင်​မှာ​လဲ။  ၈  မင်း​က နော​မုန်​မြို့​ထက်*+ သာလို့လား။ သူ​ဟာ နိုင်း​မြစ်​တူး​မြောင်း​ဘေး​မှာ+ တည်​ရှိ​တယ်။ ရေ​ပတ်​လည်​ဝိုင်း​နေ​တဲ့​အတွက် ပင်လယ်​ဟာ သူ့​စည်း​စိမ်၊ သူ့​မြို့ရိုး​ပဲ။  ၉  အီသီယိုး​ပီးယား​နဲ့ အီဂျစ်​ဟာ သူ့​ကို အမြောက်​အမြား ထောက်ပံ့​ပေး​နိုင်​တဲ့ ရင်း​မြစ်​ပဲ။ ဖု​တ​ပြည်​နဲ့+ လစ်​ဗျား​ပြည်​ဟာ သူ့​ကို ကူညီ​ပေး​တဲ့​သူ​တွေ​ပဲ။+ ၁၀  ဒါ​တောင် သူ​ဟာ ပြည်​နှင်​ဒဏ်​ခံရ​ပြီး သုံ့​ပန်း​ဘဝ ရောက်ခဲ့​တယ်။+ သူ့​သား​သမီး​တွေ​လည်း လမ်း​ထောင့်​မှာ ကိုင်​ဆောင့်​ပြီး အသတ်​ခံ​ရ​တယ်။ သူ့​ရဲ့​ဂုဏ်​အသရေ​ရှိ​သူ​တွေ​ကို မဲ​ချ​ပြီး ခွဲ​ဝေ​ယူ​သွား​တယ်။ အကြီး​အကဲ​တွေ​ကို ခြေ​ကျဉ်း​ခတ်​တယ်။ ၁၁  မင်း​လည်း မူး​ယစ်​ရ​လိမ့်​မယ်။+ ပုန်း​ရှောင်​နေ​ရ​လိမ့်​မယ်။ ရန်​သူ​လက်​က​လွတ်​ဖို့ ခိုလှုံ​ရာ​ကို ရှာ​ရ​လိမ့်​မယ်။ ၁၂  မင်း​ရဲ့​ခံ​တပ်​တွေ​ဟာ သီး​ဦး​သီး​ဖျား​အမှည့်​တွေ​ရှိ​တဲ့ သဖန်း​ပင်​နဲ့ တူ​တယ်။ အပင်​ကို လှုပ်​ခါ​လိုက်​တဲ့​အခါ ဝါးမျို​သူ​ပါး​စပ်​ထဲ အသီး​တွေ ကျ​လာ​မယ်။ ၁၃  မင်း​ရဲ့​စစ်​သူ​ရဲတွေ​ဟာ မိန်း​မကျ​နေ​တာ​ပဲ။ တိုင်း​ပြည်​ရဲ့ တံခါး​တွေ​ဟာ ရန်​သူ​တွေ​အတွက် အကျယ်​ကြီး ပွင့်နေ​မယ်။ ကန့်​လန့်​ကျင်​တွေ​ကို မီး​ဝါး​မျို​သွား​မယ်။ ၁၄  ဝိုင်း​ရံ​ပိတ်​ဆို့​ခံ​ရ​ချိန်​အတွက် ရေ​ခပ်​ထား​ပါ။+ ခံ​တပ်​တွေ​ကို ခိုင်​ခံ့​စေ​ပါ။ ရွှံ့​ထဲ​ဆင်း​ပြီး ရွှံ့​စေး​ကို နင်း​နယ်​ပါ။ အုတ်​လုပ်​တဲ့ ပုံ​စံ​ခွက်​ကို မြဲမြဲကိုင်​ထား​ပါ။ ၁၅  ဒါ​တောင် မင်း​ကို မီး​တွေ ဝါး​မျို​လိမ့်​မယ်။ ဓား​ဘေး​က မင်း​ကို ပယ်​ရှင်း​လိမ့်​မယ်။+ ကျိုင်း​ကောင်​ပေါက်​တွေ ဝါး​မျို​သလို မင်း​ကို ဝါး​မျို​လိမ့်​မယ်။+ ဒါ​ကြောင့် မင်း​ရဲ့​လူ​တွေ​ကို ကျိုင်း​ကောင်​ပေါက်​တွေ​လို များ​ပြား​စေ​ပါ။ ကျိုင်း​ကောင်​တွေ​လို များ​ပြား​စေ​ပါ။ ၁၆  မင်း​ရဲ့​ကုန်​သည်​တွေ​ဟာ ကောင်းကင်​ကြယ်​တွေ​ထက် များ​ပြား​တယ်။ ကျိုင်း​ကောင်​ပေါက်​တွေ​က အရေ​ခွံ​လဲ​ပြီး ပျံ​သန်း​သွား​တယ်။ ၁၇  မင်း​ရဲ့​ကင်း​စောင့်​တွေ​ဟာ ကျိုင်း​ကောင်​တွေ​နဲ့ တူ​တယ်။ တပ်​မှူး​တွေ​ဟာ ကျိုင်း​ကောင်​အုပ်​နဲ့ တူ​တယ်။ ချမ်း​အေး​တဲ့​နေ့​မှာ ကျောက်​နံ​ရံ​ကာ သိုး​ခြံ​တွေ​မှာ သူတို့ စ​ခန်း​ချ​တတ်​တယ်။ ဒါ​ပေမဲ့ နေ​ထွက်​လာ​တဲ့​အခါ ပျံသန်း​သွား​တယ်။ ဘယ်​ရောက်​နေ​မှန်း ဘယ်​သူ​မှ မသိ​ဘူး။ ၁၈  အို အဆီး​ရီး​ယား​ဘု​ရင်၊ မင်း​ရဲ့​သိုးထိန်း​တွေ အိပ်​ငိုက်​နေ​တယ်။ မှူး​မတ်​တွေ​က ကိုယ့်​အိမ်​ကိုယ့်​ရာ​နဲ့ အေး​အေး​ဆေး​ဆေး နေ​ကြ​တယ်။ မင်း​ရဲ့​လူ​တွေ​ဟာ တောင်​တန်း​တွေ​ပေါ်​မှာ ကွဲ​လွင့်​နေ​တယ်။ စု​သိမ်း​မယ့်​သူ တစ်​ယောက်​မှ​ မရှိဘူး။+ ၁၉  မင်း​ဟာ ကြုံ​ရ​တဲ့​ဘေး​ဆိုး​ကနေ သက်သာ​ရာရ​မှာ မဟုတ်​ဘူး။ မင်း​ရဲ့​ဒဏ်​ရာ​ဟာ ကု​လို့​မရ​ဘူး။ မင်း​အကြောင်း ကြား​တဲ့​သူ​တိုင်း လက်​ခုပ်​တီး​လိမ့်​မယ်။+ မင်း​ရဲ့ မညှာ​မတာ​နှိပ်​စက်​မှု​ကို မခံ​ဖူး​တဲ့​သူ ရှိ​လို့​လား။”+

အောက်ခြေမှတ်ချက်များ

 နိ​န​ဝေ​မြို့။
သီး​ဘီး​မြို့။