နေဟမိ ၁:၁-၁၁
၁ ဟာခလိသား နေဟမိ*+ ရဲ့စကား– မင်းကြီး* နန်းစံ အနှစ် ၂၀ မြောက်၊ ခိသလုလ* မှာ ကျွန်တော်ဟာ ရှုရှန်နန်းတော်မှာ+ ရှိနေတယ်။
၂ အဲဒီအချိန်မှာ ကျွန်တော့်ညီအစ်ကိုတွေဖြစ်တဲ့ ဟာနေနိနဲ့+ ယုဒပြည်သားတချို့ ရောက်လာကြတယ်။ ဒါနဲ့ သုံ့ပန်းဘဝကနေ လွတ်မြောက်လာတဲ့ ဂျူးအကြွင်းအကျန်တွေအကြောင်း၊+ ဂျေရုဆလင်မြို့အကြောင်း သူတို့ကို မေးကြည့်တယ်။
၃ သူတို့က “သုံ့ပန်းဘဝကနေ လွတ်မြောက်လာပြီး ယုဒခရိုင်မှာနေထိုင်တဲ့ ကျန်ကြွင်းသူတွေဟာ အခြေအနေ တော်တော်ဆိုးနေတဲ့အပြင် ကဲ့ရဲ့ရှုတ်ချ ခံနေရတယ်။+ ဂျေရုဆလင်မြို့ရိုး ပြိုပျက်နေပြီး+ မြို့တံခါးတွေလည်း မီးလောင်ပျက်စီးကုန်ပါပြီ”+ လို့ပြန်ဖြေတယ်။
၄ အဲဒီစကားကို ကျွန်တော်ကြားတဲ့အခါ ထိုင်ပြီး ရက်ပေါင်းများစွာ ငိုကြွေးမြည်တမ်းတယ်။ အစာရှောင်ပြီး+ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ရှေ့မှာ ဆုတောင်းနေတယ်။
၅ “ကောင်းကင်အုပ်စိုးရှင် ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကြီးမြတ်ပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ဘုရားသခင်၊ ပဋိညာဉ်ကို တည်စေတဲ့အရှင်ပါ။ ကိုယ်တော့်ကိုချစ်ပြီး ပညတ်စောင့်ထိန်းသူတွေကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ အရှင်ပါ။+
၆ ဒီနေ့ ကျွန်တော် ဆုတောင်းတာကို မြင်လှည့်ပါ၊ နားထောင်ပေးပါ။ ကိုယ်တော့်ကျွန် အစ္စရေးတွေနဲ့ ပတ်သက်ပြီး နေ့ညမပြတ် ဆုတောင်းနေပါတယ်။+ ကိုယ်တော့်ကို ပြစ်မှားတဲ့ အစ္စရေးတွေရဲ့ အပြစ်တွေကိုလည်း ဝန်ချတောင်းပန်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အဖေရဲ့ အမျိုးတွေ ကိုယ်တော့်ကို ပြစ်မှားကြပါပြီ။+
၇ ကိုယ်တော့်ကျွန် မောရှေကိုပေးတဲ့ ပညတ်ချက်တွေ၊ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကို မလိုက်နာဘဲ+ ဖောက်ပြန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြပါပြီ။+
၈ “‘ငါ့ကို သစ္စာဖောက်မယ်ဆိုရင် မင်းတို့ကို လူမျိုးခြားတွေဆီ တကွဲတပြား ဖြစ်စေမယ်။+
၉ ဒါပေမဲ့ ငါ့ဆီပြန်လှည့်လာပြီး ငါ့ပညတ်ချက်တွေကို လိုက်နာမယ်၊ နာခံမယ်ဆိုရင် မိုးကောင်းကင် တစ်ဖက်စွန်းအထိ မင်းတို့ကွဲလွင့်နေရင်တောင် ငါပြန်စုစည်းမယ်။+ နာမတော်တည်စေဖို့ ငါရွေးချယ်ထားတဲ့ နေရာဆီ ပြန်ခေါ်လာမယ်’+ ဆိုပြီး ကိုယ်တော့်ကျွန် မောရှေကို မိန့်မှာခဲ့တာ သတိရပေးပါ။
၁၀ သူတို့ဟာ ကိုယ်တော့်ကျွန်တွေ၊ ကိုယ်တော့်လူတွေပါ။ ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့လက်ရုံးနဲ့ ရွေးယူလာခဲ့သူတွေပါ။+
၁၁ ယေဟောဝါဘုရား၊ ကျွန်တော့်ဆုတောင်းချက်၊ နာမတော်ကို ကြောက်ရွံ့ရိုသေရတာကို နှစ်သက်တဲ့ ကိုယ်တော့်ကျွန်တွေရဲ့ ဆုတောင်းချက်ကို ဂရုတစိုက်နားထောင်ပေးပါ။ ဒီနေ့ ကျွန်တော့်ကို အောင်မြင်ခွင့်ပေးပါ။ ကျွန်တော့်ကို မင်းကြီး သနားလာအောင် လုပ်ပေးပါ။”+
အဲဒီအချိန်မှာ ကျွန်တော်ဟာ မင်းကြီးရဲ့ ဖလားတော်ဝန်ပဲ။+
အောက်ခြေမှတ်ချက်များ
^ အဓိပ္ပာယ်၊ “ယေဟောဝါ နှစ်သိမ့်ပေး။”
^ အာတဇေရဇ်မင်း။
^ နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။