နေဟမိ ၁၂:၁-၄၇

  • ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ (၁-၂၆)

  • မြို့​ရိုး​အပ်​နှံ​ပွဲ (၂၇-၄၃)

  • ဗိမာန်​တော်​လုပ်ငန်း​ကို ကူညီ​ကြ (၄၄-၄၇)

၁၂  ရှာ​လ​သေလ​ရဲ့​သား+ ဇေ​ရု​ဗ​ဗေ​လ၊+  ယေ​ရွှာ​တို့​နဲ့​အတူ+ ဂျေရု​ဆ​လင်​မြို့​ကို ပြန်​လာ​တဲ့ ပု​ရော​ဟိတ်​တွေ၊ လေ​ဝိအမျိုး​သား​တွေ​က​တော့– စရာ​ယ၊ ယေရမိ၊ ဧဇရ၊ ၂  အာမ​ရိ၊   မာ​လုတ်၊  ဟတ္တုတ်၊ ၃  ရှေ​ခ​နိ၊ ရေ​ဟုံ၊ မေရ​မုတ်၊ ၄  အိ​ဒေါ၊ ဂိ​နေ​သို၊ အဘိ​ယ၊ ၅  မိ​ယာ​မိန်၊ မာ​ဒိ​ယ၊ ဗိလ​ဂ၊ ၆  ရှေ​မာ​ယ၊ ယော​ယ​ရိပ်၊ ယေဒါယ၊ ၇  စာ​လု၊ အာ​မောက်၊  ဟိ​လ​ခိ၊   ယေ​ဒါ​ယ​တို့​ဖြစ်​တယ်။ သူတို့​ဟာ ယေ​ရွှာ​လက်​ထက်​မှာ သူတို့​ညီ​အစ်​ကို​တွေ​နဲ့ ပု​ရော​ဟိတ်​တွေ​ရဲ့ ခေါင်း​ဆောင်​တွေ​ပဲ။ ၈  လေ​ဝိအမျိုး​သား​တွေ​က​တော့ ယေ​ရွှာ၊ ဗိ​နွိ၊ ကာ​ဒ​မေလ၊+ ရှေ​ရ​ဘိ၊ ယုဒ​နဲ့ မသနိ။+ မသနိ​က ညီ​အစ်​ကို​တွေ​နဲ့​အတူ  ကျေး​ဇူး​တင်​ချီး​မွမ်း​သီချင်း​တွေ​ကို ဦး​ဆောင်​သီ​ဆို​သူ​ဖြစ်​တယ်။ ၉  သူတို့​ညီ​အစ်​ကို​တွေ​ဖြစ်​တဲ့ ဗာ​ဗု​ကိ​နဲ့ ဥ​နိ​က  မျက်​နှာ​ချင်း​ဆိုင်​မှာ   ရပ်​ပြီး စောင့်​ကြပ်​ရ​တယ်။* ၁၀  ယေ​ရွှာ​ရဲ့​သား​က ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​ရဲ့​သား​က ဧ​လျာ​ရှိပ်၊+ ဧ​လျာ​ရှိပ်​ရဲ့​သား​က ယော​ယ​ဒ၊+ ၁၁  ယော​ယ​ဒ​ရဲ့​သား​က ယောန​သန်၊ ယောန​သန်​ရဲ့​သား​က ယာ​ဒွါ​ဖြစ်​တယ်။ ၁၂  ယော​ယ​ကိမ် လက်​ထက်​မှာ​ရှိ​တဲ့  ပု​ရော​ဟိတ်​တွေ၊  ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​က​တော့– စ​ရာ​ယ​ဆွေ​မျိုး​စုမှာ+ မေရာ​ယ၊ ယေရမိ​ဆွေ​မျိုး​စု​မှာ ဟာ​န​နိ၊ ၁၃  ဧဇရ​ဆွေ​မျိုး​စု​မှာ+ မေရှု​လံ၊ အာ​မရိ​ဆွေ​မျိုး​စု​မှာ ယေ​ဟော​ဟ​နန်၊ ၁၄  မာ​လုတ်​ကိ​ဆွေ​မျိုး​စု​မှာ ယောန​သန်၊ ရှေ​ဗ​နိ​ဆွေ​မျိုး​စု​မှာ ယော​သပ်၊ ၁၅  ဟာ​ရိမ်​ဆွေ​မျိုး​စု​မှာ+ အာ​ဒ​န၊ မေရာ​ယုတ်​ဆွေ​မျိုး​စု​မှာ ဟေ​လ​ကဲ၊ ၁၆  အိ​ဒေါ​ဆွေ​မျိုး​စု​မှာ ဇာခရိ၊ ဂိ​နေ​သုန်​ဆွေ​မျိုး​စု​မှာ မေရှု​လံ၊ ၁၇  အဘိ​ယ​ဆွေ​မျိုး​စု​မှာ+ ဇိ​ခ​ရိ၊ မိ​ညာ​မိန်​ဆွေ​မျိုး​စု​မှာ . . .၊* မော​ဒါ​ဆွေ​မျိုး​စု​မှာ ပိ​လ​တဲ၊ ၁၈  ဗိ​လ​ဂဆွေ​မျိုး​စု​မှာ+ ရှ​မွာ၊ ရှေ​မာ​ယ​ဆွေ​မျိုး​စု​မှာ ယေ​ဟော​န​သန်၊ ၁၉  ယော​ယ​ရိပ်​ဆွေ​မျိုး​စု​မှာ မာ​တ​နဲ၊ ယေ​ဒါ​ယ​ဆွေ​မျိုး​စု​မှာ+ ဩဇေ၊ ၂၀  စာ​လဲ​ဆွေ​မျိုး​စု​မှာ ကာ​လဲ၊ အာ​မောက်​ဆွေ​မျိုး​စု​မှာ ဧ​ဗာ၊ ၂၁  ဟိ​လ​ခိ​ဆွေ​မျိုး​စု​မှာ ဟာ​ရှ​ဘိ၊ ယေ​ဒါ​ယ​ဆွေ​မျိုး​စု​မှာ နာ​သနေ​လ​တို့​ဖြစ်​တယ်။ ၂၂  ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်​နဲ့ ယာ​ဒွါ+ တို့​လက်​ထက်​မှာ ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ဖြစ်​တဲ့ လေ​ဝိအမျိုး​သား​တွေ​ကို​ရော ပု​ရော​ဟိတ်​တွေ​ကို​ပါ ပါး​ရှား​ဘုရင် ဒါ​ရိ​လက်​ထက်​အထိ စာ​ရင်း​သွင်း​ထား​တယ်။ ၂၃  လေ​ဝိအမျိုး​သား  ဆွေ​မျိုး​စု​ခေါင်း​ဆောင်​တွေ​ကို ဧ​လျာ​ရှိပ်​ရဲ့​သား ယော​ဟ​နန်​လက်​ထက်​အထိ သမိုင်း​မှတ်​တမ်း​မှာ စာ​ရင်း​သွင်း​ထား​တယ်။ ၂၄  လေ​ဝိအမျိုး​သား ခေါင်း​ဆောင်​တွေ​က​တော့ ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ကာ​ဒ​မေလ​ရဲ့​သား+  ယေ​ရွှာ+  တို့​ဖြစ်​တယ်။ သူတို့​ညီ​အစ်​ကို​တွေ​ဟာ မျက်​နှာ​ချင်း​ဆိုင်​မှာ ရပ်​ပြီး ဘုရား​သခင့်​လူ​ဒါဝိဒ်​ရဲ့ ညွှန်​ကြား​ချက်​အတိုင်း ကျေး​ဇူး​တင်​ချီး​မွမ်း​တဲ့ သီချင်း​ကို သီ​ဆို​ရ​တယ်။+ အစောင့်​အုပ်​စု​တွေ​က တစ်​စု​နဲ့​တစ်​စု ဘေး​ချင်း​ယှဉ်​ပြီး စောင့်​ကြပ်​နေ​ရ​တယ်။ ၂၅  မသနိ၊+ ဗာ​ဗု​ကိ၊ သြဗ​ဒိ၊ မေရှု​လံ၊ တာ​လ​မုန်၊ အက္ကုပ်​တို့​ဟာ+ ဗိမာန်​တော်​တံခါး​နား​က သို​လှောင်​ရုံ​တွေ​ကို စောင့်​ကြပ်​တဲ့ တံခါး​စောင့်​တွေ+ ဖြစ်​တယ်။ ၂၆  သူတို့​ဟာ ယော​ဇ​ဒက်​ရဲ့​မြေး၊ ယေ​ရွှာ​ရဲ့​သား+ ယော​ယ​ကိမ်​လက်​ထက်၊ ဘုရင်​ခံ​နေဟမိ​နဲ့ ကျမ်း​ကူး​သူ ပု​ရော​ဟိတ်​ဧဇရ​တို့+ လက်​ထက်​မှာ အမှု​ဆောင်​သူ​တွေ​ဖြစ်​တယ်။ ၂၇  ဂျေရု​ဆ​လင်​မြို့​ရိုး​အပ်​နှံ​ပွဲ ကျင်း​ပချိန်​ရောက်​တဲ့​အခါ လင်း​ကွင်း၊ ကြိုး​တပ်​တူ​ရိ​ယာ၊ စောင်း​တွေ တီး​ခတ်​ပြီး ကျေး​ဇူး​တင်​ချီး​မွမ်း​တဲ့ သီချင်း​တွေ​ကို ဝမ်း​မြောက်​စွာ သီ​ဆို​နိုင်​ဖို့+ လေ​ဝိအမျိုး​သား​တွေ​ကို ရှာ​ပြီး သူတို့​နေ​ရာ​အရပ်​ရပ်​က​နေ ဂျေရု​ဆ​လင်​မြို့​ဆီ ခေါ်​လာ​တယ်။ ၂၈  သီချင်း​သည်​တွေ​က အနီး​အနား​ခ​ရိုင်​က​နေ၊ ဂျေရု​ဆ​လင်​မြို့​ဝန်း​ကျင် အရပ်​ရပ်​က​နေ၊ နေ​တော​ဖကျေး​ရွာ​တွေ​က​နေ၊+ ၂၉  ဗက်​ဂိ​လ​ဂါ​လ​မြို့၊+ ဂေဘ​မြို့​နဲ့+ အာ​ဇ​မာ​ဝက်​မြို့​ရဲ့+ ကျေး​လက်​ဒေ​သက​နေ စု​ရုံး​လာ​တယ်။ သီချင်း​သည်​တွေ​က ဂျေရု​ဆ​လင်​မြို့​ပတ်​ဝန်း​ကျင် အရပ်​ရပ်​မှာ ရွာ​တွေ​တည်​ထား​ကြ​တယ်။ ၃၀  ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​က ကိုယ်​ကို​သန့်​ရှင်း​စေ​ကြ​တယ်။ လူ​တွေ၊+ မြို့​တံခါး​တွေ​နဲ့+ မြို့​ရိုး​ကို​လည်း+ သန့်​ရှင်း​စေ​ကြ​တယ်။ ၃၁  အဲဒီ​နောက် ယုဒ​ခေါင်း​ဆောင်​တွေ​ကို မြို့​ရိုး​ပေါ် ကျွန်​တော်​ခေါ်​သွား​တယ်။ ဒါ့​အပြင် ကျေး​ဇူး​တင်​ချီး​မွမ်း​တဲ့ တေး​သံ​စုံ​အဖွဲ့​နဲ့ နောက်​က​နေ စီ​တန်း​လှည့်​လည်​တဲ့​အဖွဲ့​ကို နှစ်​ဖွဲ့ ခွဲ​လိုက်​တယ်။ တစ်​ဖွဲ့​က ပြာ​ပုံ​တံခါး​ဆီ+ ဦး​တည်​ပြီး မြို့​ရိုး​ပေါ်​မှာ လက်​ယာ​ရစ် လှည့်​သွား​တယ်။ ၃၂  ဟော​ရှာ​ယ​နဲ့ ယုဒ​ခေါင်း​ဆောင်​တစ်​ဝက်​က နောက်​က​နေ​လိုက်​တယ်။ ၃၃  အာ​ဇ​ရိ၊ ဧဇရ၊ မေရှု​လံ၊ ၃၄  ယုဒ၊ ဗင်​ယာ​မိန်၊ ရှေ​မာ​ယ၊ ယေရမိ​လည်း ပါ​တယ်။ ၃၅  ခ​ရာ​မှုတ်​ပြီး+ နောက်​က​နေ​လိုက်​တဲ့ ပု​ရော​ဟိတ်​တ​ချို့​က​တော့ ယောန​သန်​ရဲ့​သား ဇာခရိ​နဲ့ (ယောန​သန်​ရဲ့​အဖေက ရှေ​မာ​ယ၊ ရှေ​မာ​ယ​ရဲ့​အဖေက မသနိ၊ မသနိ​ရဲ့​အဖေက မိက္ခာ​ယ၊ မိက္ခာ​ယ​ရဲ့​အဖေက ဇ​က္ကု​ရ၊ ဇ​က္ကု​ရ​ရဲ့​အဖေက အာ​သပ်)၊+ ၃၆  သူ့​ညီ​အစ်​ကို​တွေ​ဖြစ်​တဲ့ ရှေ​မာ​ယ၊ အာ​ဇာ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​အိ၊ နာ​သနေ​လ၊ ယုဒ၊ ဟာ​နေ​နိ​တို့​ဖြစ်​တယ်။ ဘုရား​သခင့်​လူ​ဒါဝိဒ်​ရဲ့ တူ​ရိ​ယာ​တွေ တီး​မှုတ်​ပြီး သူတို့​လိုက်​ကြ​တယ်။+ ကျမ်း​ကူး​သူ ဧဇရ​က+ သူတို့​ရှေ့​က​နေ သွား​တယ်။ ၃၇  စမ်း​ရေ​တွင်း​တံခါး​ကို+  သူတို့​ရောက်​လာ​တဲ့​အခါ ဒါဝိဒ်​မြို့​ရဲ့+ လှေ​ကား​ကို ဖြတ်​ပြီး+ မြို့​ရိုး​အတက်​လမ်း​အတိုင်း ဒါဝိဒ်​ရဲ့​နန်း​တော် အထက်​ဘက်​ကို တည့်​တည့်​တက်​သွား​တယ်။ ပြီး​တော့ အရှေ့​ဘက်​မှာ​ရှိ​တဲ့ ရေ​တံခါး​ဆီ+ ဆက်​သွား​ကြ​တယ်။ ၃၈  ကျေး​ဇူး​တင်​ချီး​မွမ်း​တဲ့​တေးသံ​စုံ နောက်​တစ်​ဖွဲ့​က မြို့​ရိုး​ပေါ်​မှာ​လက်​ဝဲရစ်  လှည့်​သွား​တယ်။  ကျွန်​တော်​နဲ့ ကျန်​တဲ့​လူ​တွေ​က နောက်​က​နေ​လိုက်​တယ်။ မုန့်​ဖို​မျှော်​စင်​ကို+ ဖြတ်​ပြီး မြို့​ရိုး​ကျယ်​အထိ+  ဆက်​သွား​တယ်။ ၃၉  ပြီး​တော့ ဧ​ဖရိမ်​တံခါး​ကို+ ဖြတ်​ပြီး မြို့​ဟောင်း​တံခါး၊+ ငါး​တံခါး၊+ ဟာ​န​နေ​လ​မျှော်​စင်၊+  မေအာ​မျှော်​စင်၊ သိုး​တံခါး​အထိ+ ဆက်​သွား​တယ်။ အစောင့်​တံခါး​ကို ရောက်​တဲ့​အခါ ရပ်​နေ​ကြ​တယ်။ ၄၀  အဲဒီ​နောက် ကျေး​ဇူး​တင်​ချီး​မွမ်း​တဲ့ တေး​သံ​စုံ​အဖွဲ့ နှစ်​ဖွဲ့​စ​လုံး ရောက်​လာ​ပြီး ဘုရား​သခင့်​အိမ်​တော်​ရှေ့​မှာ ရပ်​နေ​ကြ​တယ်။ ကျွန်​တော်​နဲ့ အုပ်​ချုပ်​ရေး​မှူး​တစ်​ဝက်​လည်း ပါ​တယ်။ ၄၁  ခရာ​မှုတ်​သူ ပု​ရော​ဟိတ်​တွေ​ဖြစ်​တဲ့ ဧ​လျာ​ကိမ်၊ မာ​သေယ၊ မိ​ညာ​မိန်၊ မိက္ခာ​ယ၊ ဧလိ​သြနဲ၊ ဇာခရိ၊ ဟာ​န​နိ၊ ၄၂  မာ​သေယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ ဩဇေ၊ ယေ​ဟော​ဟ​နန်၊ မာလခိ​ယ၊ ဧ​လံ၊ ဧ​ဇာ​တို့​လည်း ပါ​တယ်။ အိ​ဇ​ရ​ဟိ ဦး​ဆောင်​တဲ့ သီချင်း​သည်​တွေ​က ကျယ်​လောင်​စွာ သီ​ဆို​ကြ​တယ်။ ၄၃  အဲဒီ​နေ့​မှာ ပူ​ဇော်​သက္ကာတွေ အများ​ကြီး​ဆက်​သကြ​တယ်။ ဘုရား​သခင်​က ဝမ်း​မြောက်​ခွင့်​ပေး​တဲ့​အ​တွက် သူတို့ အကြီး​အကျယ် ရွှင်​လန်း​ဝမ်း​မြောက်​ကြ​တယ်။+ အမျိုး​သမီး​တွေ၊ က​လေး​တွေ​လည်း ပျော်​ရွှင်​နေ​ကြ​တယ်။+ ဂျေရု​ဆ​လင်​မြို့​မှာ ရွှင်​လန်း​ဝမ်း​မြောက်​နေ​တဲ့ အသံ​ကို အဝေး​ကြီး​က​တောင် ကြား​ရ​တယ်။+ ၄၄  အလှူ​ပစ္စည်းတွေ၊+ သီး​ဦး​သီး​ဖျား​တွေ၊+ ဆယ်​ဖို့​တစ်​ဖို့​တွေ​ထား​တဲ့+ သို​လှောင်​ခန်း​တွေ​ကို+  ကြီး​ကြပ်​ဖို့ အမျိုး​သား​တွေ​ကို အဲဒီ​နေ့​မှာ တာဝန်​ပေး​တယ်။ သူတို့​က ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ​အတွက်+ ပညတ်​တရား​မှာ ပြဋ္ဌာန်း​ထား​တဲ့ ဝေ​စု​တွေ​ကို မြို့​အသီး​သီး​ရဲ့ လယ်​မြေတွေ​က​နေ ကောက်​ခံ​ပြီး သို​လှောင်​ခန်း​တွေ​မှာ စု​သိမ်း​ရ​မယ်။+ ဗိမာန်​တော်​မှာ ပု​ရော​ဟိတ်​တွေ​နဲ့ လေ​ဝိအမျိုး​သား​တွေ အမှု​ဆောင်​နေ​တဲ့​အတွက်  ယုဒ​လူ​တွေ ဝမ်း​မြောက်​ဝမ်း​သာ  ဖြစ်​နေ​ကြ​တယ်။ ၄၅  ပု​ရော​ဟိတ်​တွေ​နဲ့  လေဝိ​အမျိုး​သား​တွေ​က ဘုရား​သခင်​ပေး​တဲ့ တာဝန်​တွေ၊ စင်​ကြယ်​စေ​ခြင်း​နဲ့​ဆိုင်​တဲ့ တာဝန်​တွေ​ကို စတင်​ထမ်း​ဆောင်​ကြ​တယ်။ သီချင်း​သည်​တွေ၊ တံခါး​စောင့်​တွေ​က​လည်း ဒါဝိဒ်​နဲ့ သား​တော်​ရှော​လ​မုန် ညွှန်​ကြား​ချက်​အတိုင်း  လုပ်​ဆောင်​ကြ​တယ်။ ၄၆  ရှေး​အချိန် ဒါဝိဒ်​နဲ့ အာ​သပ်​လက်​ထက်​မှာ​ဆို​ရင်  သီချင်း​သည်​တွေ​ကို  ဦး​ဆောင်​ပြီး  ဘုရား​သခင်​ကို ကျေး​ဇူး​တင်​ချီး​မွမ်း​တဲ့ သီချင်း​တွေ​စပ်​ဆို​တဲ့  ဂီ​တ​မှူး​တွေ​ရှိ​ခဲ့​တယ်။+ ၄၇  ဇေ​ရု​ဗ​ဗေ​လ​နဲ့+  နေဟမိ​လက်​ထက်​မှာ အစ္စရေး​တွေ​က သီချင်း​သည်​တွေ​နဲ့+ တံခါး​စောင့်​တွေ​အတွက်+ နေ့​စဉ်​လို​အပ်​တဲ့ ဝေ​စု​တွေ​ကို ပေး​ကြ​တယ်။ လေ​ဝိအမျိုး​သား​တွေ​အတွက်​လည်း ဝေ​စု​ကို သီး​သန့်​ဖယ်​ထား​ကြ​တယ်။+ လေ​ဝိအမျိုး​သား​တွေ​က​လည်း သူတို့​ရ​တဲ့​ဝေ​စု​ထဲ​က​နေ အာ​ရုန်​ရဲ့ သား​မြေး​တွေ​အတွက် သီး​သန့်​ဖယ်​ထား​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

“သီချင်း​ဆို​ဖို့ တာဝန်​ရ​တယ်” လည်း​ဖြစ်​နိုင်။
ဟီ​ဘ​ရူး​စာ​သား​မှာ နာ​မည်​ချန်​လှပ်​ထား။