နေဟမိ ၅:၁-၁၉

  • အမြတ်​ထုတ်​မှု​ကို နေဟမိ ရပ်​တန့်​စေ (၁-၁၃)

  • နေဟမိ​ရဲ့ ကိုယ်​ကျိုး​စွန့်​စိတ်​ဓာတ် (၁၄-၁၉)

 ယောက်ျား​မိန်း​မ  အတော်​များ​များက  ဂျူး​လူမျိုး  အချင်း​ချင်း​ကို  ပြစ်​တင်​ပြော​ဆို​ကြ​တယ်။+ ၂  တ​ချို့​က “ကျွန်​တော်​တို့​မှာ သား​သမီး​တွေ အများ​ကြီး​ပဲ။ အသက်​ဆက်​နိုင်​ဖို့ စား​စ​ရာ ကောက်​နှံ​တွေ​ရ​မှ ဖြစ်​မယ်” လို့​ပြော​ကြ​တယ်။ ၃  တ​ချို့​က “အစာ​ခေါင်း​ပါး​နေ​တော့ ကောက်​နှံ​တွေ​ရ​ဖို့ ကိုယ့်​လယ်​မြေ၊ စ​ပျစ်​ခြံ၊ အိမ်​တွေ​ကို ပေါင်​ထား​ရ​တယ်” ဆို​ပြီး ညည်း​ကြ​တယ်။ ၄  တ​ချို့​က​လည်း “ဘုရင်​ကို ဆက်​ကြေး​ပေး​နိုင်​ဖို့ လယ်​မြေတွေ၊ စ​ပျစ်​ခြံ​တွေ​ကို ပေါင်​ပြီး ငွေ​ချေး​ရ​တယ်။+ ၅  တ​ကယ်​ဆို​ရင် ငါ​တို့​ဟာ သွေး​သား​ရင်း​ချာ ညီ​အစ်​ကို​တွေ​ပါ။ ငါ​တို့​သား​သမီး​တွေ​လည်း သူတို့​သား​သမီး​တွေ​လို​ပါ​ပဲ။ အခု​တော့ ကိုယ့်​သား​သမီး​တွေ​ကို ကျွန်​ခံ​ခိုင်း​ရ​တော့​မယ်။ ငါ​တို့​သမီး​တ​ချို့​ဆို ကျွန်​တောင်​ဖြစ်​နေ​ပြီ။+ ငါ​တို့​လယ်​မြေတွေ၊ စ​ပျစ်​ခြံ​တွေ​ကို သူ​များ​ပိုင်​သွား​ပြီဆို​တော့ ဘာ​များ တတ်​နိုင်​တော့​မှာ​လဲ” ဆို​ပြီး ညည်း​တွား​နေ​ကြ​တယ်။ ၆  အဲဒီ​လို​ညည်း​တွား​နေ​တဲ့ စကား​တွေ​ကို​ကြား​တော့ ကျွန်​တော် သိပ်​စိတ်​ဆိုး​တယ်။ ၇  ဒါ​ကြောင့် အဲဒီ​ကိစ္စ​ကို စဉ်း​စား​သုံးသပ်​ပြီး​နောက် အရာ​ရှိ​တွေ၊ အုပ်​ချုပ်​ရေး​မှူး​တွေ​ကို ခေါ်​ပြီး “ခင်​ဗျား​တို့ ကိုယ့်​ညီ​အစ်​ကို​တွေ​ဆီ​က​နေ မတန်​တ​ဆ အတိုး​ယူ​နေ​ကြ​တာ​ပဲ”+ လို့ ပြော​လိုက်​တယ်။ သူတို့​ရဲ့​လုပ်​ရပ်​ကြောင့်  အစည်း​အဝေး​ကြီး​တစ်​ခု လုပ်​ဖို့​လည်း စီ​စဉ်​လိုက်​တယ်။ ၈  ပြီး​တော့ “တ​ခြား​လူမျိုး​တွေ​ဆီ​မှာ ရောင်း​စား​ခံ​ခဲ့​ရ​တဲ့ ညီ​အစ်​ကို​တွေ​ကို ကျွန်​တော်​တို့ တတ်​နိုင်​သလောက် ပြန်​ဝယ်​ခဲ့​တယ်။ အခု ခင်​ဗျား​တို့​က ကိုယ့်​ညီ​အစ်​ကို​တွေ​ကို ပြန်​ရောင်း​စား​ဦး​မလို့​လား။+ သူတို့​ကို ကျွန်​တော်​တို့ ပြန်​ဝယ်​ရ​ဦး​မှာ​လား” လို့ ကျွန်​တော်​ပြော​တော့ သူတို့ ဘာ​မှ​ပြန်​မပြော​နိုင်​ဘဲ နှုတ်​ဆိတ်​နေ​ကြ​တယ်။ ၉  “ခင်​ဗျား​တို့​ရဲ့ လုပ်​ရပ်​ဟာ လုံး​ဝ​မသင့်​တော်​ဘူး။ တ​ကယ်​တော့ ဘုရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့​စိတ်​နဲ့ ခင်​ဗျား​တို့ လုပ်​ဆောင်​သင့်​တာ။+ ဒါ​မှ ရန်​သူ​လူမျိုး​ခြား​တွေ​ရဲ့ ကဲ့​ရဲ့​မှု​က​နေ လွတ်​တော့​မှာ​ပေါ့။ ၁၀  ကျွန်​တော်​နဲ့ ညီ​အစ်​ကို​တွေ၊ နောက်​လိုက်​တွေ​လည်း လူ​တွေ​ကို ငွေ​နဲ့​ကောက်​နှံ ချေး​ငှား​ပေး​နေ​တာ​ပဲ။ အခု​လို အတိုး​နဲ့​ချေး​ငှား​တာ​မျိုးကို ရပ်​တန်း​က ရပ်​လိုက်​ကြ​စို့။+ ၁၁  သူတို့​ရဲ့​လယ်​မြေတွေ၊​ စပျစ်​ခြံ​တွေ၊ သံ​လွင်​ခြံ​တွေ၊ အိမ်​တွေ​ကို ဒီ​နေ့​ပဲ ပြန်​ပေး​ဖို့ ကျွန်​တော် မေတ္တာ​ရပ်​ခံ​ပါ​တယ်။+ ငွေ၊ ကောက်​နှံ၊ စ​ပျစ်​ဝိုင်​အသစ်၊ ဆီ​အတွက် ခင်​ဗျား​တို့​ယူ​ထား​တဲ့​အတိုး ၁ ရာ​ခိုင်​နှုန်း​ကို* ကို​လည်း ပြန်​ပေး​လိုက်​ပါ” လို့​ပြော​လိုက်​တယ်။ ၁၂  အဲဒီ​အခါ သူတို့​က “ကျွန်​တော်​တို့ ပြန်​ပေး​ပါ့​မယ်။ သူတို့​ဆီ​က​နေ ဘာ​မှ မတောင်း​တော့​ပါ​ဘူး။ ခင်​ဗျား​ပြော​တဲ့​အတိုင်း တိ​တိ​ကျ​ကျ လုပ်​ပါ့​မယ်” လို့ ကတိ​ပေး​တဲ့​အတွက် ကျွန်​တော်​လည်း ပု​ရော​ဟိတ်​တွေ​ကို ခေါ်​လိုက်​တယ်။ ပြီး​တော့ ကတိ​အတိုင်း လုပ်​ပါ့​မယ်​လို့ အဲဒီ​လူ​တွေ​ကို ကျိန်​ဆို​ခိုင်း​တယ်။ ၁၃  ဒါ့​အပြင် ကျွန်​တော်​က အင်္ကျီ​ရင်​ဖုံး​ကို ခါချ​ပြီး “စစ်​မှန်​တဲ့ ဘုရား​သခင်​က ကတိ​အတိုင်း မလုပ်​တဲ့​သူ​ကို သူ့​အိမ်​က​နေ၊ သူ့​ပိုင်​ဆိုင်​ရာ​က​နေ အခု​လို​ပဲ ခါ​ချ​ပစ်​ပါ​စေ။ အခု​လို​ပဲ ဘာ​မှ​မကျန်​အောင် ခါ​ချ​ပစ်​ပါ​စေ” လို့​ပြော​လိုက်​တယ်။ အဲဒီ​အခါ လူ​အားလုံး​က “အာ​မင်”* လို့​ပြော​ပြီး ယေဟောဝါ​ကို ချီး​မွမ်း​ကြ​တယ်။ ကတိ​ပေး​တဲ့​အတိုင်း လုပ်​ကြ​တယ်။ ၁၄  ဒါ့​အပြင် ယုဒ​ဘုရင်​ခံ​အဖြစ်+ အာ​တ​ဇေ​ရ​ဇ်​မင်း+ ခန့်​အပ်​ချိန်​က​စ​ပြီး၊ မင်း​ကြီး နန်း​စံ​အနှစ် ၂၀ က​နေ+ ၃၂ နှစ်​အထိ+ ၁၂ နှစ်​လုံး ကျွန်​တော်​နဲ့ ညီ​အစ်​ကို​တွေ​က  ဘုရင်​ခံ​ရိက္ခာ​ကို မယူ​ဘူး။+ ၁၅  ကျွန်​တော့်​အရင် ဘုရင်​ခံ​တွေ​က​တော့ လူ​တွေ​ကို ဝန်​လေး​အောင် လုပ်​ခဲ့​ကြ​တယ်။ အစား​အစာ​နဲ့ စ​ပျစ်​ဝိုင်​အတွက် ငွေ ရှယ်​ကယ်* ၄၀ ကို နေ့​တိုင်း​ယူ​တယ်။ သူတို့​ရဲ့ နောက်​လိုက်​တွေ​လည်း လူ​တွေ​ကို ဖိ​နှိပ်​တာ​ပဲ။ ကျွန်​တော်​က​တော့ ဘုရား​သခင်​ကို ကြောက်​ရွံ့​ရို​သေတဲ့​အတွက်+ အဲဒီ​လို​မလုပ်​ဘူး။+ ၁၆  ကျွန်​တော်​နဲ့ ကျွန်​တော့်​နောက်​လိုက်​တွေ​က မြို့​ရိုး​ဆောက်​နေ​တာ​ကို​လည်း ဝိုင်း​ကူ​ပေး​တယ်။ ဒါ​ပေမဲ့ မြေ​တစ်ကွက်​မှ ကျွန်​တော်​တို့ မယူ​ဘူး။+ ၁၇  ဂျူး​တွေ​နဲ့ အုပ်​ချုပ်​ရေး​မှူး ၁၅၀ အပြင် ပတ်​ဝန်း​ကျင် လူမျိုး​တွေ​ဆီ​က​နေ ရောက်​လာ​သူ​တွေ​ကို​ပါ ကျွန်​တော့်​စား​ပွဲ​မှာ ကျွေး​မွေး​တယ်။ ၁၈  နွား​ထီး​တစ်​ကောင်၊ အကောင်း​ဆုံး​သိုး ခြောက်​ကောင်​နဲ့ ငှက်​တွေ​ကို နေ့​တိုင်း ချက်​ပြုတ်​ပေး​တယ်။ စ​ပျစ်​ဝိုင် အမျိုး​မျိုး​ကို​လည်း ဆယ်​ရက်​တစ်​ကြိမ် အလျှံ​ပယ်​ပေး​တယ်။ အဲဒီ​လောက် ကုန်​ကျ​ပေ​မဲ့  ဘုရင်​ခံ​ရ​ထိုက်​တဲ့ ရိက္ခာ​ကို ကျွန်​တော် မတောင်း​ဘူး။ မင်း​ကြီး​အတွက် လုပ်​ဆောင်​ပေး​ရ​တာ​နဲ့​ပဲ လူ​တွေ ပင်​ပန်း​လှ​ပြီ။ ၁၉  ဘုရား​သခင်၊ ဒီ​လူ​တွေ​အတွက် ကျွန်​တော်​လုပ်​ပေး​သမျှ အားလုံး​ကို​ထောက်​ပြီး ကျွန်​တော့်​ကို သတိ​ရ​ပေး​ပါ။ မျက်​နှာ​သာ ပေး​တော်​မူ​ပါ။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “တစ်​ရာ​ပုံ တစ်​ပုံ။” လစဉ်​အတိုး​နှုန်း​ကို​ဆိုလို။
ဒါ​မှ​မဟုတ်၊ “ပြော​တဲ့​အတိုင်း ဖြစ်​ပါ​စေ။”
တစ်​ရှယ်​ကယ်​က ၁၁.၄ ဂရမ်​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။