ပညာအလိမ္မာ ၁၀:၁-၃၂

  • ဉာဏ်ပညာရှိတဲ့သား ဖခင်ကို ဝမ်းမြောက်စေ ()

  • ဝီရိယရှိတဲ့လက်က ကြွယ်ဝစေ ()

  • စကားများများပြောရင် အမှားပါ (၁၉)

  • ယေဟောဝါရဲ့ကောင်းချီး ကြွယ်ဝစေ (၂၂)

  • ယေဟောဝါကိုကြောက်ရွံ့ခြင်း အသက်ရှည်စေ (၂၇)

၁၀  ရှောလမုန်ရဲ့ ပညာအလိမ္မာစကားများ။+ ဉာဏ်ပညာရှိတဲ့သားက ဖခင်ကို ဝမ်းမြောက်စေတယ်။+ သားမိုက်ကတော့ မိခင်ကို ဝမ်းနည်းစေတယ်။  ၂  မတရားသဖြင့်ရတဲ့ စည်းစိမ်တွေဟာ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။ ဖြောင့်မတ်ခြင်းကတော့ သေခြင်းကနေ ကယ်တင်တတ်တယ်။+  ၃  ယေဟောဝါက ဖြောင့်မတ်သူကို ဆာငတ်စေမှာ မဟုတ်ဘူး။+ လူဆိုးတွေကိုတော့ သူတို့တောင့်တတဲ့အရာ ပေးမှာမဟုတ်ဘူး။  ၄  ပျင်းရိတဲ့လက်က ဆင်းရဲစေလိမ့်မယ်။+ ဝီရိယရှိတဲ့လက်ကတော့ ကြွယ်ဝစေလိမ့်မယ်။+  ၅  နွေရာသီမှာ ကောက်နှံတွေ စုဆောင်းတဲ့သားဟာ ထိုးထွင်းဉာဏ်ရှိရှိ လုပ်ဆောင်တဲ့သူပဲ။ ရိတ်သိမ်းချိန်မှာ အိပ်မောကျနေတဲ့ သားကတော့ အရှက်ခွဲတဲ့သူပဲ။+  ၆  ဖြောင့်မတ်သူရဲ့ ခေါင်းပေါ်မှာ ကောင်းချီးတွေ သက်ရောက်နေတယ်။+ လူဆိုးရဲ့နှုတ်ကတော့ အကြမ်းဖက်မယ့်အကြံကို ဖုံးကွယ်တတ်တယ်။  ၇  ဖြောင့်မတ်သူနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေက သူ့ကို ကောင်းချီးရစေတယ်။+ လူဆိုးရဲ့ နာမည်ကတော့ ပုပ်ပျက်ရလိမ့်မယ်။+  ၈  ဉာဏ်ပညာရှိသူဟာ သွန်သင်ချက်တွေကို လက်ခံလိမ့်မယ်။+ မိုက်မိုက်မဲမဲ ပြောသူကတော့ နင်းခြေခံရလိမ့်မယ်။+  ၉  သမာဓိရှိရှိ လျှောက်လှမ်းသူက ဘေးကင်းလုံခြုံစွာ သွားလာရလိမ့်မယ်။+ ကောက်ကျစ်သူရဲ့ လမ်းစဉ်ကတော့ ပေါ်ကိုပေါ်လာမှာပဲ။+ ၁၀  လှည့်စားတဲ့စိတ်နဲ့ မျက်ရိပ်ပြတဲ့သူက စိတ်ထိခိုက်စေတယ်။+ မိုက်မိုက်မဲမဲ ပြောတဲ့သူဟာ နင်းခြေခံရလိမ့်မယ်။+ ၁၁  ဖြောင့်မတ်သူရဲ့ နှုတ်ဟာ အသက်စမ်းရေတွင်းပဲ။+ လူဆိုးရဲ့နှုတ်ကတော့ အကြမ်းဖက်မယ့်အကြံကို ဖုံးကွယ်တတ်တယ်။+ ၁၂  မုန်းတီးစိတ်က ခိုက်ရန်ဖြစ်အောင် လှုံ့ဆော်တတ်တယ်။ မေတ္တာကတော့ အမှားရှိသမျှကို ဖုံးအုပ်တတ်တယ်။+ ၁၃  ပိုင်းခြားသိမြင်သူရဲ့ နှုတ်ခမ်းမှာ ဉာဏ်ပညာရှိတယ်။+ ဆင်ခြင်ဉာဏ်မရှိသူရဲ့* ကျောပြင်အတွက်တော့ ကြိမ်လုံးပဲရှိတယ်။+ ၁၄  ဉာဏ်ပညာရှိသူဟာ ဗဟုသုတကို စုဆောင်းတတ်တယ်။+ လူမိုက်ရဲ့ နှုတ်ကတော့ ပျက်စီးခြင်းကို ဖိတ်ခေါ်တတ်တယ်။+ ၁၅  သူဌေးသူကြွယ်အတွက် စည်းစိမ်ဥစ္စာဟာ သူ့ရဲ့ခံတပ်မြို့ပဲ။ ဆင်းရဲသားကို ပျက်စီးစေတာဟာ နွမ်းပါးမှုပဲ။+ ၁၆  ဖြောင့်မတ်သူရဲ့ လုပ်ဆောင်မှုက အသက်ရစေတယ်။ လူဆိုးရတဲ့အကျိုးအမြတ်ကတော့ အပြစ်ကို ဦးတည်စေတယ်။+ ၁၇  ဆုံးမမှုကို အရေးစိုက်တဲ့သူဟာ တခြားသူတွေကို အသက်လမ်းပေါ် ပို့ဆောင်ပေးတယ်။ ပဲ့ပြင်မှုကို အရေးမစိုက်တဲ့သူကတော့ တခြားသူတွေကို လမ်းလွဲစေတယ်။ ၁၈  မုန်းတီးစိတ်ကို ဖုံးကွယ်ထားတဲ့သူဟာ လိမ်ပြောတတ်တယ်။+ မလိုတမာစိတ်နဲ့ ကောလာဟလဖြန့်တဲ့သူဟာ မိုက်မဲတယ်။ ၁၉  စကားများများပြောရင် အမှားပါမှာပဲ။+ နှုတ်စောင့်စည်းသူကတော့ သတိပညာရှိရှိ ပြုမူတာပဲ။+ ၂၀  ဖြောင့်မတ်သူရဲ့စကားဟာ ငွေစင်နဲ့တူတယ်။+ လူဆိုးရဲ့ စိတ်နှလုံးကတော့ ဘာမှတန်ဖိုးမရှိဘူး။ ၂၁  ဖြောင့်မတ်သူရဲ့နှုတ်ခမ်းက လူများစွာကို အားရှိစေတယ်။*+ လူမိုက်ကတော့ ဆင်ခြင်ဉာဏ်မရှိလို့ သေဆုံးရတယ်။+ ၂၂  ယေဟောဝါရဲ့ကောင်းချီးက ကြွယ်ဝစေတယ်။+ အဲဒီကြွယ်ဝမှုအပေါ် နာကျင်စရာတွေ* ထပ်ပေးမှာ မဟုတ်ဘူး။ ၂၃  ရှက်စရာလုပ်ရပ်တွေ လုပ်ရတာဟာ လူမိုက်အတွက် ဆော့ကစားနေရတာနဲ့ တူတယ်။ ပိုင်းခြားသိမြင်သူကတော့ ဉာဏ်ပညာရှိတယ်။+ ၂၄  လူဆိုးက သူကြောက်တဲ့အရာကို ကြုံတွေ့ရလိမ့်မယ်။ ဖြောင့်မတ်သူကတော့ လိုအင်ဆန္ဒ ပြည့်ဝလိမ့်မယ်။+ ၂၅  မုန်တိုင်းတိုက်ရင် ဘာမှမကျန်တော့သလို လူဆိုးတွေလည်း လုံးဝရှိတော့မှာ မဟုတ်ဘူး။+ ဖြောင့်မတ်သူကတော့ ထာဝစဉ်တည်မြဲတဲ့ အုတ်မြစ်ပဲ။+ ၂၆  အချဉ်ရည်က သွားကျိန်းစေသလို၊ မီးခိုးက မျက်စိစပ်စေသလိုလူပျင်းက အလုပ်ရှင်ကို ဒုက္ခပေးတတ်တယ်။ ၂၇  ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသက်တာကို ရှည်စေတယ်။+ လူဆိုးရဲ့နှစ်တွေကတော့ တိုတောင်းလိမ့်မယ်။+ ၂၈  ဖြောင့်မတ်သူရဲ့ မျှော်လင့်ချက်က သူ့ကို ဝမ်းမြောက်စေတယ်။+ လူဆိုးရဲ့ မျှော်လင့်ချက်ကတော့ ပျက်စီးရလိမ့်မယ်။+ ၂၉  ယေဟောဝါရဲ့ လမ်းစဉ်ဟာ အပြစ်ပြောစရာမရှိသူအတွက် ရဲတိုက်ပဲ။+ မတရားလုပ်သူတွေအတွက်တော့ ပျက်စီးခြင်းပဲ။+ ၃၀  ဖြောင့်မတ်သူဟာ ဘယ်တော့မှ ပြိုလဲမှာ မဟုတ်ဘူး။+ လူဆိုးကတော့ ကမ္ဘာမြေပေါ်မှာ နေထိုင်ရတော့မှာ မဟုတ်ဘူး။+ ၃၁  ဖြောင့်မတ်သူရဲ့နှုတ်က ဉာဏ်ပညာကို ထုတ်ဖော်တတ်တယ်။ မမှန်မကန်ပြောတဲ့ လျှာကတော့ အဖြတ်ခံရလိမ့်မယ်။ ၃၂  ဖြောင့်မတ်သူရဲ့ နှုတ်ခမ်းက နှစ်သက်စရာကောင်းတဲ့အရာကို သိနားလည်တယ်။ လူဆိုးရဲ့နှုတ်ကတော့ မမှန်မကန် ပြောတတ်တယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “စိတ်နှလုံးမရှိသူရဲ့။”
ဒါမှမဟုတ်၊ “လမ်းပြပေးတယ်။”
ဒါမှမဟုတ်၊ “ဝမ်းနည်းစရာတွေ၊ အခက်အခဲတွေ။”