ပညာအလိမ္မာ ၁၂:၁-၂၈

  • ဆုံးမမှုကို မုန်းတဲ့သူ ဆင်ခြင်ဉာဏ်မရှိ ()

  • “မစဉ်းစားဘဲပြောတဲ့စကားဟာ ဓားနဲ့ထိုးသလိုပဲ” (၁၈)

  • ငြိမ်သက်ခြင်းကို တိုးပွားစေသူ ရွှင်လန်း (၂၀)

  • လိမ်လည်တတ်တဲ့နှုတ်ကို ယေဟောဝါ ရွံရှာ (၂၂)

  • စိုးရိမ်ပူပန်မှုက စိတ်ဓာတ်ကျစေ (၂၅)

၁၂  ဆုံးမမှုကို နှစ်သက်တဲ့သူဟာ အသိပညာကို နှစ်သက်တဲ့ သူပဲ။+ ပဲ့ပြင်မှုကို မုန်းတဲ့သူကတော့ ဆင်ခြင်ဉာဏ်  မရှိတဲ့သူပဲ။+  ၂  သူတော်ကောင်းဟာ ယေဟောဝါရဲ့ မျက်နှာသာကို ရတတ်တယ်။ မကောင်းကြံတဲ့သူကတော့ ဘုရားပြစ်တင်ရှုတ်ချတာကို ခံရတတ်တယ်။+  ၃  ဆိုးညစ်တာတွေ ပြုကျင့်နေလျက်နဲ့ ဘေးကင်းလုံခြုံနေတဲ့သူ တစ်ယောက်မှ မရှိဘူး။+ ဖြောင့်မတ်သူကတော့ ဘယ်တော့မှ နုတ်ပစ်ခံရမှာ မဟုတ်ဘူး။  ၄  လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးဟာ ခင်ပွန်းအတွက် သရဖူပဲ။+ အရှက်ခွဲတတ်တဲ့ ဇနီးကတော့ ခင်ပွန်းရဲ့ အရိုးတွေကို ဆွေးမြေ့စေတယ်။+  ၅  ဖြောင့်မတ်သူရဲ့ အတွေးအခေါ်တွေဟာ မှန်ကန်မျှတတယ်။ လူဆိုးရဲ့ လမ်းညွှန်မှုကတော့ လှည့်စားတတ်တယ်။  ၆  လူဆိုးရဲ့စကားတွေက သေစေနိုင်တဲ့ ချောင်းမြောင်းတိုက်ခိုက်မှုပဲ။+ စိတ်ရိုးဖြောင့်သူတွေရဲ့ နှုတ်ကတော့ ကယ်တင်တတ်တယ်။+  ၇  လူဆိုးတွေဟာ ဖြိုလှဲခံရတဲ့အခါ တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။ ဖြောင့်မတ်သူရဲ့ အိမ်ကတော့ တည်မြဲနေလိမ့်မယ်။+  ၈  မြော်မြင်ချင့်ချိန်မှုရှိသူဟာ သူပြောတဲ့စကားကြောင့် ချီးမွမ်းခံရတတ်တယ်။+ ကောက်ကျစ်သူကတော့ မလေးမစား ဆက်ဆံခံရလိမ့်မယ်။+  ၉  အထင်ကြီးမခံရပေမဲ့ ကျွန် တစ်ယောက်ကို ပိုင်ဆိုင်တဲ့သူကစားစရာတောင်မရှိဘဲနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့သူထက် ပိုသာတယ်။+ ၁၀  ဖြောင့်မတ်သူက ခြံမွေးတိရစ္ဆာန်တွေကို ဂရုစိုက်တယ်။+ လူဆိုးကတော့ ကရုဏာပြတဲ့အခါမှာတောင် ရက်စက်တယ်။ ၁၁  လယ်စိုက်တဲ့သူဟာ အဝစားရလိမ့်မယ်။+ တန်ဖိုးမရှိတာတွေကို လိုက်စားသူကတော့ ဆင်ခြင်ဉာဏ်မရှိတဲ့သူပဲ။* ၁၂  လူဆိုးက လူယုတ်မာတွေ သားကောင်ဖမ်းမိတာကို မနာလို ဖြစ်တတ်တယ်။ ဖြောင့်မတ်သူတွေရဲ့ အမြစ်ကတော့ သီးပွင့်ဖြစ်ထွန်းစေတယ်။ ၁၃  လူယုတ်မာက ကိုယ့်စကားနဲ့ကိုယ် ပြန်ကျော့မိတတ်တယ်။+ ဖြောင့်မတ်သူကတော့ ဆင်းရဲဒုက္ခကနေ လွတ်မြောက်တတ်တယ်။ ၁၄  ကိုယ်ပြောတဲ့စကားတွေကြောင့် ကိုယ်တိုင် ကောင်းကျိုးခံစားရတတ်တယ်။+ ကိုယ်လုပ်တဲ့အရာတွေကလည်း ကိုယ့်ကို ပြန်အကျိုးပေးလိမ့်မယ်။ ၁၅  လူမိုက်က သူ့လမ်းစဉ်ကို မှန်တယ်လို့ ထင်တတ်တယ်။+ ဉာဏ်ပညာရှိသူကတော့ အကြံပေးချက်ကို လက်ခံတတ်တယ်။+ ၁၆  လူမိုက်က စိတ်အနှောင့်အယှက်ဖြစ်တာကို ချက်ချင်းဖော်ပြတတ်တယ်။+ အမြော်အမြင်ရှိသူကတော့ စော်ကားမှုကို ဗွေမယူတတ်ဘူး။ ၁၇  သစ္စာရှိတဲ့သက်သေက မှန်တာကို ပြောတတ်တယ်။ မမှန်တဲ့သက်သေကတော့ လိမ်ညာပြောတတ်တယ်။ ၁၈  မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်။+ ၁၉  မှန်ရာကိုပြောတဲ့ နှုတ်ဟာ ထာဝစဉ်တည်လိမ့်မယ်။+ လိမ်လည်တဲ့လျှာကတော့ ခဏပဲတည်လိမ့်မယ်။+ ၂၀  အကောက်ကြံသူတွေရဲ့ စိတ်ထဲမှာ လှည့်စားမှုရှိတယ်။ ငြိမ်သက်ခြင်းကို တိုးပွားစေသူတွေကတော့ ရွှင်လန်းတယ်။+ ၂၁  ဖြောင့်မတ်သူအပေါ် ဘာအန္တရာယ်မှ ကျရောက်မှာ မဟုတ်ဘူး။+ လူဆိုးတွေကတော့ ဘေးဆိုးတွေကို တနင့်တပိုးခံရလိမ့်မယ်။+ ၂၂  ယေဟောဝါက လိမ်လည်တတ်တဲ့နှုတ်ကို ရွံရှာတယ်။+ သစ္စာရှိရှိ ပြုမူသူတွေကိုတော့ နှစ်သက်တယ်။ ၂၃  အမြော်အမြင်ရှိသူဟာ သူသိထားတာကို လျှို့ဝှက်တတ်တယ်။ လူမိုက်ကတော့ မိုက်မဲတဲ့အရာကို လွှတ်ခနဲ ပြောတတ်တယ်။+ ၂၄  ဝီရိယရှိသူတွေဟာ အုပ်စိုးရလိမ့်မယ်။+ လူပျင်းတွေကတော့ အတင်းအကျပ် စေခိုင်းခံရလိမ့်မယ်။+ ၂၅  စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။+ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။+ ၂၆  ဖြောင့်မတ်သူက ကိုယ့်စားကျက်မြေကို အသေအချာ စစ်ဆေးတတ်တယ်။ လူဆိုးတွေကတော့ ကိုယ့်လမ်းအတိုင်း သွားရင်းနဲ့ လမ်းလွဲတတ်တယ်။ ၂၇  အပျင်းထူတဲ့သူက သားကောင်ကို လိုက်မဖမ်းဘူး။+ ဝီရိယရှိခြင်းကတော့ တန်ဖိုးရှိတဲ့ စည်းစိမ်ပဲ။ ၂၈  ဖြောင့်မတ်တဲ့လမ်းစဉ်က အသက်ရစေတယ်။+ အဲဒီလမ်းတစ်လျှောက်မှာ သေခြင်း မရှိဘူး။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “စိတ်နှလုံးမရှိသူပဲ။”