ပညာအလိမ္မာ ၁၃:၁-၂၅

  • အကြံဉာဏ်တောင်းခံသူတွေ ဉာဏ်ပညာရှိ (၁၀)

  • မျှော်လင့်တဲ့အရာ ကြန့်ကြာနေရင် စိတ်အားလျှော့ (၁၂)

  • သစ္စာရှိတဲ့စေတမန် ကောင်းကျိုး သယ်ဆောင်လာ (၁၇)

  • ဉာဏ်ပညာရှိတဲ့သူနဲ့ ပေါင်းရင် ဉာဏ်ပညာရှိ (၂၀)

  • ဆုံးမတာဟာ ချစ်ရာရောက် (၂၄)

၁၃  ဉာဏ်ပညာရှိတဲ့သားက ဖခင်ဆုံးမတာကို လက်ခံတတ်တယ်။+ မထီလေးစားလုပ်သူကတော့ ပြစ်တင်ဆုံးမတာကို နားမထောင်ဘူး။+  ၂  ကိုယ်ပြောတဲ့စကားတွေကြောင့် ကိုယ်တိုင် ကောင်းကျိုးခံစားရတတ်တယ်။+ သစ္စာဖောက်သူကတော့ အကြမ်းဖက်ဖို့ပဲ ဆန္ဒပြင်းပြနေတယ်။  ၃  နှုတ်စောင့်စည်းသူဟာ အသက်ကို စောင့်ရှောက်တဲ့သူပဲ။+ နှုတ်မစောင့်စည်းသူကတော့ ပျက်စီးရလိမ့်မယ်။+  ၄  လူပျင်းက လိုချင်တောင့်တပေမဲ့ သူ့မှာ ဘာမှမရှိဘူး။+ ဝီရိယရှိသူကတော့ လိုအင်ဆန္ဒပြည့်ဝလိမ့်မယ်။+  ၅  ဖြောင့်မတ်သူက မုသာစကားကို မုန်းတယ်။+ လူဆိုးရဲ့ လုပ်ရပ်တွေကတော့ အရှက်ကွဲပြီး ရှုတ်ချခံ ရလိမ့်မယ်။  ၆  ဖြောင့်မတ်မှုက အပြစ်မဲ့လမ်းစဉ်လိုက်တဲ့သူကို ကာကွယ်ပေးတယ်။+ ဆိုးညစ်မှုကတော့ အပြစ်လုပ်တဲ့သူကို ပြိုလဲစေတယ်။  ၇  ဘာမှ မပိုင်ဆိုင်ပေမဲ့ ချမ်းသာတဲ့ပုံဖမ်းနေသူတွေ ရှိတယ်။+ ကျိကျိတက်ချမ်းသာပေမဲ့ ဆင်းရဲတဲ့ပုံဖမ်းနေသူတွေလည်း ရှိတယ်။  ၈  ချမ်းသာသူက အသက်ချမ်းသာရဖို့ စည်းစိမ်ဥစ္စာကို ပေးရတယ်။+ ဆင်းရဲသားကိုတော့ ခြိမ်းခြောက်မယ့်သူတောင် မရှိဘူး။+  ၉  ဖြောင့်မတ်သူရဲ့အလင်းက ထွန်းလင်းတောက်ပတယ်။+ လူဆိုးရဲ့ မီးခွက်ကတော့ ငြိမ်းသတ်ခံရလိမ့်မယ်။+ ၁၀  ရောင့်တက်ခြင်းက ရန်တွေ့ခြင်းကိုပဲ ဖြစ်စေတယ်။+ အကြံဉာဏ် တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာရှိတယ်။+ ၁၁  တစ်ခဏအတွင်းမှာရတဲ့ စည်းစိမ်ဥစ္စာဟာ ယုတ်လျော့သွားလိမ့်မယ်။+ တစ်စတစ်စ စုဆောင်းပြီး ရလာတဲ့ စည်းစိမ်ဥစ္စာကတော့ တိုးပွားလာလိမ့်မယ်။ ၁၂  မျှော်လင့်နေတဲ့အရာက ကြန့်ကြာနေရင် စိတ်အားလျော့စေတယ်။+ လိုအင်ဆန္ဒ ပြည့်ဝတဲ့အခါမှာတော့ အသက်ပင်ပဲ။+ ၁၃  သွန်သင်ချက်ကို မထီမဲ့မြင်လုပ်တဲ့သူဟာ ပြစ်ဒဏ်ခံရလိမ့်မယ်။+ ပညတ်ချက်ကို လေးစားတဲ့သူကတော့ ဆုချခံရမယ်။+ ၁၄  ဉာဏ်ပညာရှိသူရဲ့ သွန်သင်ချက်ဟာ အသက်စမ်းရေပဲ။+ သေခြင်းရဲ့ကျော့ကွင်းတွေကို ရှောင်ရှားစေနိုင်တယ်။ ၁၅  ထိုးထွင်းဉာဏ်ထက်မြက်ရင် မျက်နှာသာရတတ်တယ်။ သစ္စာဖောက်သူရဲ့လမ်းကတော့ ခက်ခဲကြမ်းတမ်းတယ်။ ၁၆  အမြော်အမြင်ရှိသူက အသိပညာနဲ့အညီ ပြုမူတတ်တယ်။+ လူမိုက်ကတော့ ကိုယ့်မိုက်မဲမှုကို ဖော်ထုတ်တတ်တယ်။+ ၁၇  ဆိုးညစ်တဲ့စေတမန်ဟာ ဒုက္ခကြုံရလိမ့်မယ်။+ သစ္စာရှိတဲ့တမန်ကတော့ ကောင်းကျိုးတွေ သယ်ဆောင်လာတယ်။+ ၁၈  ဆုံးမစကားကို အရေးမလုပ်တဲ့သူဟာ ဆင်းရဲခြင်းနဲ့ အရှက်ကွဲခြင်းကို ကြုံရတတ်တယ်။ ပဲ့ပြင်မှုကို လက်ခံတဲ့သူကတော့ ဂုဏ်တင်ခံရမယ်။+ ၁၉  လိုအင်ဆန္ဒပြည့်ဝတဲ့အခါ ပီတိဖြာတတ်တယ်။+ လူမိုက်က မကောင်းမှုကို မရှောင်လွဲချင်ဘူး။+ ၂၀  ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။+ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်။+ ၂၁  အပြစ်လုပ်သူတွေနောက်ကို ဘေးဆိုးတွေ လိုက်တတ်တယ်။+ ဖြောင့်မတ်သူကတော့ ကြီးပွား တိုးတက်လိမ့်မယ်။+ ၂၂  သူတော်ကောင်းက မြေးမြစ်တွေအတွက် အမွေချန်ထားတတ်တယ်။ အပြစ်လုပ်သူရဲ့ စည်းစိမ်ကတော့ ဖြောင့်မတ်သူအတွက်ပဲ ဖြစ်သွားလိမ့်မယ်။+ ၂၃  ဆင်းရဲသားတွေ ထယ်ထိုးထားတဲ့  လယ်မြေဟာ စားစရာတွေ လှိုင်လှိုင်ဖြစ်ထွန်းတယ်။ ဒါပေမဲ့ တရားမမျှတမှုကြောင့် ဖယ်ရှားခံရနိုင်တယ်။ ၂၄  ကြိမ်လုံး မသုံးချင်တဲ့သူဟာ သားသမီးကို မုန်းတဲ့သူပဲ။+ သားသမီးကို ချစ်တဲ့သူကတော့ ဆုံးမဖို့ ဘယ်တော့မှ ပျက်ကွက်မှာ မဟုတ်ဘူး။*+ ၂၅  ဖြောင့်မတ်သူဟာ အာသာပြေတဲ့အထိ စားရလိမ့်မယ်။+ လူဆိုးကတော့ ဗိုက်ဟောင်းလောင်း ဖြစ်ရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

“ချက်ချင်း ဆုံးမတတ်တယ်” လည်းဖြစ်နိုင်။