ပညာအလိမ္မာ ၁၆:၁-၃၃

  • စိတ်ရင်းကို ယေဟောဝါ စစ်ဆေး ()

  • လုပ်ဆောင်သမျှ ယေဟောဝါကို ပုံအပ် ()

  • မှန်တဲ့ချိန်ခွင်ဟာ ယေဟောဝါဆီကပဲ (၁၁)

  • မာနရဲ့နောက်မှာ ပျက်စီးခြင်းရှိ (၁၈)

  • ဖြူတဲ့ဆံပင်ဟာ အလှသရဖူ (၃၁)

၁၆  စိတ်ထဲက အကြောင်းအရာတွေကို ဘယ်လိုစီမံမလဲဆိုတာ လူနဲ့ပဲ ဆိုင်တယ်။ ပြန်ပြောရမယ့် စကားတွေကတော့ ယေဟောဝါဆီက လာတယ်။+  ၂  ကိုယ့်အမြင်မှာတော့ ကိုယ့်လမ်းစဉ်မှန်တယ် ထင်ရပေမဲ့+ယေဟောဝါက စိတ်ရင်းကို စစ်ဆေးတယ်။+  ၃  လုပ်ဆောင်လေသမျှ ယေဟောဝါဆီ ပုံအပ်ထားပါ။+ ဒါဆိုရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။  ၄  ယေဟောဝါက မိမိရည်ရွယ်ချက် ပြည့်စုံလာဖို့ အရာရာကို စီစဉ်ထားတယ်။ လူဆိုးတွေကို ဒုက္ခနေ့ရက် ကြုံတွေ့စေဖို့တောင် စီစဉ်ထားတယ်။+  ၅  စိတ်ကြီးဝင်နေသူကို ယေဟောဝါ ရွံရှာတယ်။+ သူ ပြစ်ဒဏ်ကနေ လွတ်မှာမဟုတ်ဘူးဆိုတာ စိတ်ချပါ။  ၆  ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကြောင့် အမှားတွေ ခွင့်လွှတ်ခံရတယ်။+ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းက မကောင်းမှုကို ရှောင်စေတယ်။+  ၇  ယေဟောဝါက လူတစ်ယောက်ရဲ့ လမ်းစဉ်တွေကို နှစ်သက်တဲ့အခါရန်သူတွေကိုတောင် သူနဲ့သင့်မြတ်စေတယ်။+  ၈  ဥစ္စာနည်းနည်းပဲရှိပြီး ဖြောင့်မတ်တာဟာ+ဝင်ငွေအများကြီးရှိပြီး တရားမမျှတတာထက် ပိုသာတယ်။+  ၉  လူက ဘာလုပ်မယ်ဆိုတာ စိတ်ထဲမှာ ကြံစည်နိုင်ပေမဲ့သူ့ခြေလှမ်းတွေကို လမ်းညွှန်ပေးသူကတော့ ယေဟောဝါပဲ။+ ၁၀  ရှင်ဘုရင်ရဲ့နှုတ်မှာ ဘုရားရဲ့ဆုံးဖြတ်ချက်တွေ ရှိသင့်တယ်။+ သူက တရားမျှတမှုကို ဘယ်တော့မှ မဖောက်ဖျက်ရဘူး။+ ၁၁  မှန်တဲ့အလေးနဲ့ မှန်တဲ့ချိန်ခွင်ဟာ ယေဟောဝါဆီကပဲ။ အိတ်ထဲမှာရှိတဲ့ အလေးအားလုံးဟာ ဘုရား သတ်မှတ်ထားရာတွေပဲ။+ ၁၂  ဖြောင့်မတ်ခြင်းကြောင့်သာ ရာဇပလ္လင် တည်မြဲမှာမို့လို့+ရှင်ဘုရင်တွေဟာ ဆိုးညစ်တဲ့ အကျင့်တွေကို ရွံရှာရတယ်။+ ၁၃  ရှင်ဘုရင်တွေဟာ ဖြောင့်မတ်တဲ့စကားကို နှစ်သက်တယ်။ ရိုးရိုးသားသား ပြောဆိုတဲ့သူကို ချစ်မြတ်နိုးတယ်။+ ၁၄  ရှင်ဘုရင်ရဲ့အမျက်ဟာ သေမင်းတမန်နဲ့ တူတယ်။+ ဉာဏ်ပညာရှိသူကတော့ ဘုရင့်အမျက်ကို ပြေစေတယ်။+ ၁၅  ရှင်ဘုရင်ရဲ့ မျက်နှာသာအလင်းဟာ အသက်ချမ်းသာရစေတယ်။ ရှင်ဘုရင်ပေးတဲ့ မျက်နှာသာဟာ နွေဦးမိုးကို သယ်ဆောင်လာတဲ့ မိုးတိမ်နဲ့ တူတယ်။+ ၁၆  ဉာဏ်ပညာဆည်းပူးတာဟာ ရွှေကို စုဆောင်းတာထက် ပိုကောင်းတယ်။+ သိနားလည်နိုင်စွမ်းကို ရွေးချယ်တာဟာ ငွေကိုရွေးချယ်တာထက် ပိုကောင်းတယ်။+ ၁၇  စိတ်ရိုးဖြောင့်သူတွေက မကောင်းတဲ့လမ်းစဉ်ကို ရှောင်တယ်။ ကိုယ့်လမ်းစဉ်ကို ကာကွယ်စောင့်ရှောက်တဲ့သူဟာ အသက်ကို စောင့်ရှောက်တဲ့သူပဲ။+ ၁၈  မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်။+ ၁၉  စိတ်နူးညံ့သူတွေအလယ်မှာ နှိမ့်ချရတာဟာ+မောက်မာသူတွေနဲ့အတူ တိုက်ရာပါဥစ္စာတွေ ခွဲဝေယူရတာထက် ပိုကောင်းတယ်။ ၂၀  ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တဲ့သူဟာ အောင်မြင်လိမ့်မယ်။ ယေဟောဝါကို ယုံကြည်ကိုးစားသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၂၁  ဉာဏ်ပညာရှိသူဟာ သိနားလည်နိုင်စွမ်းရှိသူလို့ အခေါ်ခံရလိမ့်မယ်။+ ကြင်ကြင်နာနာ ပြောတတ်သူဟာ နားဝင်အောင်ပြောနိုင်စွမ်း ရှိတဲ့သူပဲ။+ ၂၂  ထိုးထွင်းဉာဏ်ဟာ ပိုင်ဆိုင်သူအတွက် အသက်စမ်းရေတွင်းပဲ။ လူမိုက်တွေကိုတော့ သူတို့ရဲ့ မိုက်မဲမှုကပဲ ဆုံးမလိမ့်မယ်။ ၂၃  ဉာဏ်ပညာရှိသူက နှုတ်မှာ ထိုးထွင်းဉာဏ်ရှိစေတယ်။+ နားဝင်အောင်ပြောနိုင်စွမ်း ရှိစေတယ်။ ၂၄  ချိုသာတဲ့စကားတွေဟာ ပျားရည်စစ်စစ်နဲ့တူတယ်။ နားဝင်ချိုပြီး အရိုးတွေကို ကျန်းမာစေတယ်။+ ၂၅  လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုး ရှိတယ်။+ ၂၆  အလုပ်လုပ်တဲ့သူက အာသာပြေချင်စိတ်ကြောင့် အလုပ်ကြိုးစားတယ်။ ဆာလောင်မှုက အလုပ်လုပ်ဖို့ တွန်းအားပေးတယ်။+ ၂၇  အသုံးမကျသူက မကောင်းမှုကို တူးဖော်တတ်တယ်။+ သူ့စကားဟာ ချစ်ချစ်တောက် ပူတဲ့ မီးနဲ့တူတယ်။+ ၂၈  ပြဿနာလုပ်တတ်သူက စိတ်ဝမ်းကွဲစေတယ်။+ အသရေဖျက်သူက ရင်းနှီးတဲ့မိတ်ဆွေတွေကို စိမ်းကားစေတယ်။+ ၂၉  အကြမ်းဖက်သူက အပေါင်းအသင်းတွေကို ဖြားယောင်းပြီးလမ်းမှားလိုက်စေတယ်။ ၃၀  အန္တရာယ်ပေးဖို့ ကြံစည်တဲ့အခါ မျက်စိမှိတ်ပြတယ်။ ဒုက္ခပေးဖို့လုပ်တဲ့အခါ နှုတ်ခမ်းကို တင်းတင်းစေ့တယ်။ ၃၁  ဖြောင့်မတ်တဲ့လမ်းစဉ်မှာ ရှိနေမယ်ဆိုရင်+ဖြူတဲ့ဆံပင်ဟာ အလှသရဖူပဲ။+ ၃၂  လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ+ ခွန်အားကြီးသူထက် သာလွန်တယ်။ စိတ်ချုပ်တည်းနိုင်သူဟာ မြို့ကိုအောင်နိုင်သူထက် သာလွန်တယ်။+ ၃၃  လူတွေက ပေါင်ပေါ်မှာ မဲချတတ်ကြတယ်။+ မဲချပြီးရလာတဲ့ ဆုံးဖြတ်ချက်တော့ ယေဟောဝါဆီကပဲ။+

အောက်ခြေမှတ်ချက်များ