ပညာအလိမ္မာ ၁၈:၁-၂၄
၁၈ တစ်သီးပုဂ္ဂလနေတဲ့သူဟာ အတ္တဆန္ဒနောက်ကိုပဲ လိုက်တတ်တယ်။
လက်တွေ့ကျ ဉာဏ်ပညာမှန်သမျှကို ငြင်းပယ်တတ်တယ်။
၂ လူမိုက်က သိနားလည်နိုင်စွမ်းကို မနှစ်သက်ဘူး။
စိတ်ထဲရှိတာတွေကိုပဲ ဖော်ထုတ်ချင်တယ်။+
၃ လူဆိုးနဲ့ အထင်သေးခံရခြင်းဟာ ဒွန်တွဲနေတယ်။
သိက္ခာကျခြင်းနဲ့ အရှက်ကွဲခြင်းဟာ ဒွန်တွဲနေတယ်။+
၄ လူတစ်ယောက်ပြောတဲ့ စကားဟာ နက်ရှိုင်းတဲ့ရေနဲ့ တူတယ်။+
ဉာဏ်ပညာစမ်းရေတွင်းဟာ တသွင်သွင်စီးဆင်းနေတဲ့ စမ်းရေနဲ့ တူတယ်။
၅ လူဆိုးကို မျက်နှာလိုက်တာ မကောင်းဘူး။+
ဖြောင့်မတ်သူကို တရားမျှတစွာ မစီရင်ပေးတာ မှားတယ်။+
၆ လူမိုက်ပြောတဲ့စကားက ငြင်းခုံရန်တွေ့မှုကိုပဲ ဦးတည်စေတယ်။+
သူ့နှုတ်က သူများရိုက်ချင်စရာဖြစ်အောင်ပဲ ပြောတတ်တယ်။+
၇ လူမိုက်ဟာ နှုတ်ကြောင့်ပဲ ပျက်စီးရတယ်။+
သူ့စကားတွေက သူ့အသက်ကို ထောင်ဖမ်းတတ်တယ်။
၈ အသရေဖျက်သူရဲ့ စကားတွေဟာ အရသာရှိတဲ့အစာနဲ့ တူတယ်။+
လူတွေ အငမ်းမရ မျိုချတတ်ကြတယ်။+
၉ အလုပ်လုပ်ဖို့ ပျင်းတဲ့သူဟာဖျက်လိုဖျက်ဆီး လုပ်တတ်သူနဲ့ ညီအစ်ကိုတော်တယ်။+
၁၀ ယေဟောဝါရဲ့ နာမည်ဟာ ခိုင်ခံ့တဲ့ရဲတိုက်ပဲ။+
ဖြောင့်မတ်သူက ပြေးဝင်ပြီး အကာအကွယ်ယူတယ်။+
၁၁ သူဌေးအတွက် စည်းစိမ်ဟာ ခံတပ်မြို့ပဲ။
အကာအကွယ်ပေးတဲ့ မြို့ရိုးလို့ သူထင်တတ်တယ်။+
၁၂ စိတ်နေမြင့်ခြင်းရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတတ်တယ်။+
နှိမ့်ချမှုရဲ့နောက်မှာတော့ ဂုဏ်ကျက်သရေ လိုက်လာတတ်တယ်။+
၁၃ အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာမိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်။+
၁၄ ရောဂါဖိစီးချိန်မှာ ကြံ့ကြံ့ခံစေတာဟာ စိတ်ဓာတ်ပဲ။+
စိတ်ဓာတ်ကြေမွသွားပြီဆိုရင်တော့ ဘယ်သူမှ ခံရပ်နိုင်မှာ မဟုတ်ဘူး။+
၁၅ သိနားလည်နိုင်စွမ်းရှိသူဟာ အသိပညာကို ဆည်းပူးချင်စိတ် ရှိတယ်။+
ဉာဏ်ပညာရှိသူကလည်း အသိပညာရဖို့ နားစွင့်ထားတတ်တယ်။
၁၆ လက်ဆောင်ပေးရင် ကိုယ့်အတွက် လမ်းပွင့်သွားတယ်။+
လူကြီးလူကောင်းတွေဆီ ဝင်ခွင့်ရစေတယ်။
၁၇ အမှုကို ဦးဆုံးထွက်ဆိုသူက မှန်တယ်လို့ ထင်ရပေမဲ့+တစ်ဖက်လူ ရောက်လာပြီး ပြန်လှန်စစ်မေးချိန်မှာတော့ အဖြစ်မှန် ပေါ်လာတတ်တယ်။+
၁၈ မဲချတာက ငြင်းခုံမှုတွေကို အဆုံးသတ်ပေးတယ်။+
အကြီးအကျယ် သဘောထားကွဲနေသူနှစ်ဦးအတွက် ဆုံးဖြတ်ပေးတယ်။
၁၉ ခံတပ်မြို့ဟာ တော်ရုံ အညံ့မခံဘူး။ စိတ်နာသွားတဲ့ ညီအစ်ကိုဆိုရင် ပိုလို့တောင် အလျှော့ပေးမှာ မဟုတ်ဘူး။+
ခံတပ်ရဲ့ ကန့်လန့်ကျင်တွေနဲ့တူတဲ့ အငြင်းအခုံတွေ ရှိနေဦးမှာပဲ။+
၂၀ ပြောလိုက်တဲ့စကားတွေဟာ ဝမ်းထဲဝင်သွားတဲ့အစာနဲ့ တူတယ်။+
ပြောလိုက်တဲ့စကားတွေရဲ့ အကျိုးဆက်ကို ခံစားရလိမ့်မယ်။
၂၁ လျှာဟာ သေစေနိုင်စွမ်း၊ အသက်ရှင်စေနိုင်စွမ်း ရှိတယ်။+
လျှာကိုသုံးချင်တဲ့သူဟာ အကျိုးဆက်ကို ခံစားရလိမ့်မယ်။+
၂၂ ဇနီးကောင်းကိုရတဲ့သူဟာ ကောင်းတဲ့အရာကို ရတဲ့သူပဲ။+
ယေဟောဝါရဲ့မျက်နှာသာကို ရတဲ့သူပဲ။+
၂၃ ဆင်းရဲသားက အသနားခံပေမဲ့သူဌေးက ကြမ်းကြမ်းတမ်းတမ်း ပြန်ပြောတယ်။
၂၄ အချင်းချင်းကို နင်းခြေဖို့ အသင့် ဖြစ်နေတဲ့ အပေါင်းအသင်းတွေ ရှိတယ်။+
ညီအစ်ကိုထက် တွယ်တာတဲ့ မိတ်ဆွေလည်း ရှိတယ်။+