ပညာအလိမ္မာ ၁၉:၁-၂၉
၁၉ လိမ်လည်ပြောဆိုပြီး လူမိုက်ဖြစ်ရတာထက်+သမာဓိရှိရှိ လျှောက်လှမ်းရင်း ဆင်းရဲနေရတာ ပိုကောင်းတယ်။+
၂ အသိပညာမရှိတာ မကောင်းဘူး။+
အလျင်စလိုလုပ်ရင် အပြစ်လုပ်မိတတ်တယ်။
၃ လူတွေက ကိုယ်တိုင်ရဲ့ မိုက်မဲမှုကြောင့် လမ်းလွဲသွားတဲ့အခါယေဟောဝါကို စိတ်ဆိုးတတ်ကြတယ်။
၄ စည်းစိမ်ဟာ မိတ်ဆွေ ပေါများစေတယ်။
ဆင်းရဲသားကိုတော့ မိတ်ဆွေရင်းကတောင် စွန့်ခွာသွားလိမ့်မယ်။+
၅ မမှန်တဲ့သက်သေဟာ ပြစ်ဒဏ်လွတ်မှာ မဟုတ်ဘူး။+
အလိမ်အညာချည်းပဲ ပြောတဲ့သူဟာ လွတ်မြောက်မှာ မဟုတ်ဘူး။+
၆ ဂုဏ်အသရေရှိသူရဲ့ မျက်နှာသာရဖို့ ကြိုးစားသူတွေ အများကြီးရှိတယ်။
လက်ဆောင်ပေးသူကို လူတိုင်း ခင်မင်ကြတယ်။
၇ ဆင်းရဲတဲ့သူကို ညီရင်းအစ်ကိုတွေ မုန်းကြတယ်။+
မိတ်ဆွေတွေဆို ပိုလို့တောင် ဝေးဝေးရှောင်ကြတယ်။+
သူက လိုက်ပြီးမေတ္တာရပ်ခံပေမဲ့ တစ်ယောက်မှ မတုံ့ပြန်ကြဘူး။
၈ ဆင်ခြင်ဉာဏ်ကို ရယူတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူပဲ။+
ပိုင်းခြားသိမြင်မှုကို တန်ဖိုးထားတဲ့သူဟာ အောင်မြင်လိမ့်မယ်။+
၉ မမှန်တဲ့သက်သေဟာ ပြစ်ဒဏ်လွတ်မှာ မဟုတ်ဘူး။
အလိမ်အညာချည်းပဲ ပြောတဲ့သူဟာ ပျက်စီးတတ်တယ်။+
၁၀ လူမိုက်ဟာ ဇိမ်ကျကျနေဖို့ မသင့်တော်ဘူး။
ကျွန်က မင်းညီမင်းသားတွေကို အုပ်စိုးဖို့ဆိုတာ ပိုလို့တောင် မသင့်တော်ဘူး။+
၁၁ ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။+
အမှားကို ဗွေမယူတာဟာ သူ့ရဲ့အလှပဲ။+
၁၂ ရှင်ဘုရင် ဒေါသထွက်တာဟာ ခြင်္သေ့မာန်ဖီတာနဲ့ တူတယ်။+
ရှင်ဘုရင်ရဲ့ မျက်နှာသာဟာ အပင်တွေပေါ်ကျတဲ့ ဆီးနှင်းနဲ့တူတယ်။
၁၃ သားမိုက်က ဖခင်ကို ဒုက္ခရောက်စေတယ်။+
ရန်တွေ့တတ်တဲ့* ဇနီးဟာ မိုးတစက်စက်ယိုနေတဲ့ အိမ်ခေါင်မိုးနဲ့ တူတယ်။+
၁၄ အိမ်နဲ့စည်းစိမ်ဟာ ဖခင်ဆီကရတဲ့အမွေပဲ။
သတိပညာရှိတဲ့ ဇနီးကတော့ ယေဟောဝါဆီကရတဲ့ အမွေပဲ။+
၁၅ ပျင်းရိခြင်းက အိပ်မောကျစေတယ်။
လေးလံထိုင်းမှိုင်းသူက ဆာလောင်ရလိမ့်မယ်။+
၁၆ ပညတ်ချက်ကို စောင့်ထိန်းသူဟာ အသက်ကို စောင့်ထိန်းသူပဲ။+
မှန်တဲ့လမ်းစဉ်ကို အလေးမထားသူဟာ သေဆုံးရလိမ့်မယ်။+
၁၇ နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။+
သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။+
၁၈ မျှော်လင့်ချက်ရှိနေတုန်းမှာ သားကို ဆုံးမပါ။+
ကိုယ့်ကြောင့် သူသေရတာမျိုး မဖြစ်ပါစေနဲ့။+
၁၉ ဒေါသကြီးသူဟာ ပြစ်ဒဏ်ခံပါစေ။
သူ့ကို တစ်ခါသက်ညှာမိရင် ခဏခဏ သက်ညှာနေရလိမ့်မယ်။+
၂၀ အကြံပေးတာကို နားထောင်ပါ။ ဆုံးမတာကို လက်ခံပါ။+
ဒါမှ နောက်ပိုင်းမှာ ဉာဏ်ပညာရှိလာမယ်။+
၂၁ လူက စိတ်ထဲမှာ အစီအစဉ်တွေ အများကြီးဆွဲထားပေမဲ့ယေဟောဝါရဲ့ ရည်ရွယ်ချက်ကပဲ အောင်မြင်မယ်။+
၂၂ လူတစ်ယောက်မှာ နှစ်သက်စရာကောင်းတာဟာ သူ့ရဲ့ ခိုင်မြဲတဲ့မေတ္တာပဲ။+
လူလိမ်ဖြစ်ရတာထက် ဆင်းရဲသားဖြစ်ရတာ ပိုကောင်းတယ်။
၂၃ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ အသက်ရစေတယ်။+
အဲဒီလိုကြောက်ရွံ့တဲ့သူဟာ စိတ်အေးလက်အေး နားနေရပြီး အန္တရာယ် ကင်းဝေးနေလိမ့်မယ်။+
၂၄ လူပျင်းက ပန်းကန်လုံးထဲ လက်နှိုက်ပေမဲ့ပြန်ထုတ်ပြီး ပါးစပ်ထဲထည့်ဖို့ ပျင်းနေတယ်။+
၂၅ လှောင်ပြောင်တတ်သူကို ရိုက်နှက်ပါ။+ အတွေ့အကြုံမရှိသူက အမြော်အမြင် ရှိလာမယ်။+
သိနားလည်မှုရှိသူကို ပဲ့ပြင်ပါ။ သူ အသိပညာ တိုးလာမယ်။+
၂၆ ဖခင်ကိုနှိပ်စက်ပြီး မိခင်ကို မောင်းထုတ်တဲ့သားဟာအရှက်ခွဲတဲ့သား၊ ရှုတ်ချခံရအောင်လုပ်တဲ့ သားပဲ။+
၂၇ ငါ့သား၊ ဆုံးမစကားကို နားမထောင်တော့ဘူးဆိုရင်ပညာရှိစကားတွေကနေ သွေဖည်သွားလိမ့်မယ်။
၂၈ အချည်းနှီးဖြစ်တဲ့ သက်သေက တရားမျှတမှုကို မထီမဲ့မြင်လုပ်တယ်။+
လူဆိုးက ယုတ်မာမှုကို အငမ်းမရ မျိုချတတ်တယ်။+
၂၉ လှောင်ပြောင်တတ်သူအတွက် တရားစီရင်ချက်က အသင့်ပဲ။+
လူမိုက်ရဲ့ကျောပြင်အတွက် ရိုက်နှက်ခြင်းက အသင့်ပဲ။+
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “တကျည်ကျည်လုပ်တတ်တဲ့။”