ပညာအလိမ္မာ ၂:၁-၂၂
၂ ငါ့သား၊ ငါ့စကားတွေကို လက်ခံပြီးငါ့ပညတ်ချက်တွေကို တန်ဖိုးထားမယ်ဆိုရင်၊*+
၂ ဉာဏ်ပညာစကားကို အာရုံစိုက် နားထောင်ပြီး+ပိုင်းခြားသိမြင်နိုင်စွမ်းရှိဖို့ ကြိုးစားမယ်ဆိုရင်၊+
၃ သိနားလည်နိုင်စွမ်းရဖို့ အသနားခံပြီး+ပိုင်းခြားသိမြင်နိုင်စွမ်းရဖို့ တောင်းခံမယ်ဆိုရင်၊+
၄ အဲဒါတွေကို ငွေရှာသလို မပြတ်ရှာဖွေပြီး+ရတနာသိုက်ကို လိုက်ရှာသလို မပြတ်ရှာမယ်ဆိုရင်၊+
၅ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းရဲ့ အဓိပ္ပာယ်ကို နားလည်လာမယ်။+
ဘုရားနဲ့ပတ်သက်တဲ့ အသိပညာကို ရလာမယ်။+
၆ ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။+
နှုတ်တော်ထွက်စကားဟာ အသိပညာနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပေးတယ်။
၇ ဘုရားက လက်တွေ့ကျဉာဏ်ပညာကို စိတ်ရိုးဖြောင့်သူတွေအတွက် သိုမှီးထားတယ်။
သမာဓိရှိရှိ လျှောက်လှမ်းသူတွေအတွက် ဘုရားဟာ ဒိုင်းလွှားပဲ။+
၈ ဘုရားက တရားမျှတမှု လမ်းစဉ်တွေကို စောင့်ကြပ်ပေးတယ်။
သစ္စာစောင့်သိသူတွေရဲ့ လမ်းကို စောင့်ရှောက်ပေးတယ်။+
၉ ဒါဆိုရင် ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းစတဲ့မွန်မြတ်တဲ့ လမ်းစဉ်မှန်သမျှကို မင်း နားလည်လာလိမ့်မယ်။+
၁၀ ဉာဏ်ပညာက စိတ်နှလုံးထဲ ဝင်လာပြီး+အသိပညာကို မင်း နှစ်သက်လာတဲ့အခါ၊+
၁၁ စဉ်းစားဆင်ခြင်နိုင်စွမ်းက မင်းကို စောင့်ကြပ်ပေးလိမ့်မယ်။+
ပိုင်းခြားသိမြင်နိုင်စွမ်းက ကာကွယ်ပေးလိမ့်မယ်။
၁၂ မကောင်းတဲ့လမ်းကနေ၊မဟုတ်မမှန်ပြောသူရဲ့ လက်ကနေ ကယ်တင်လိမ့်မယ်။+
၁၃ ဖြောင့်မှန်တဲ့လမ်းကို စွန့်ခွာပြီးအမှောင်လမ်းမှာ လျှောက်တဲ့သူတွေရဲ့ လက်ကနေ၊+
၁၄ မကောင်းမှုမှာ ပျော်မွေ့သူတွေ၊ဆိုးညစ်မှုကို နှစ်သက်သူတွေရဲ့ လက်ကနေ၊
၁၅ ကောက်ကျစ်တဲ့လမ်းစဉ်ကို လိုက်သူတွေ၊စဉ်းလဲတဲ့လမ်းစဉ်ကို လိုက်သူတွေရဲ့ လက်ကနေ ကယ်တင်လိမ့်မယ်။
၁၆ ထင်ရာစိုင်းတဲ့* မိန်းမရဲ့ ရန်ကနေ၊မိန်းမပျက်* ပြောတဲ့ မြှူဆွယ်စကားတွေရဲ့ ရန်ကနေ ကယ်တင်လိမ့်မယ်။+
၁၇ အဲဒီလိုမိန်းမက ငယ်ပေါင်းယောက်ျားကို စွန့်ခွာတယ်။+
ဘုရားသခင်နဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကို မေ့ပစ်တယ်။
၁၈ သူ့အိမ်က သေတွင်းထဲ နစ်ဝင်နေတယ်။
သူ့အိမ်ကို သွားတဲ့လမ်းက သင်္ချိုင်းရှိရာ ပို့ဆောင်တယ်။+
၁၉ သူနဲ့ပတ်သက်သူတိုင်း ပြန်လမ်းမရှိဘူး။
အသက်လမ်းပေါ်ကိုလည်း ပြန်မရောက်လာဘူး။+
၂၀ ဒါကြောင့် သူတော်ကောင်းတွေရဲ့ လမ်းစဉ်ကို လိုက်ပါ။
ဖြောင့်မတ်သူတွေရဲ့ လမ်းစဉ်ပေါ် ရပ်တည်ပါ။+
၂၁ ကမ္ဘာမြေပေါ်မှာ စိတ်ရိုးဖြောင့်သူတွေပဲ နေထိုင်ရလိမ့်မယ်။
အပြစ်ပြောစရာမရှိသူတွေပဲ အမြဲနေရလိမ့်မယ်။+
၂၂ လူဆိုးတွေကတော့ ကမ္ဘာမြေပေါ်ကနေ ပယ်ရှင်းခံရလိမ့်မယ်။+
သစ္စာဖောက်တွေလည်း ဖယ်ရှားခံရလိမ့်မယ်။+