ပညာအလိမ္မာ ၂၁:၁-၃၁
၂၁ ရှင်ဘုရင်ရဲ့ စိတ်နှလုံးဟာ ယေဟောဝါရဲ့ လက်ထဲမှာရှိတဲ့ မြစ်ချောင်းတွေနဲ့ တူတယ်။+
ဘုရားက အလိုရှိတဲ့ဘက်ကို စီးဆင်းစေတယ်။+
၂ ကိုယ့်အမြင်မှာတော့ ကိုယ့်လမ်းစဉ်မှန်တယ် ထင်ရပေမဲ့+ယေဟောဝါက စိတ်နှလုံးကို စစ်ဆေးတယ်။+
၃ ပူဇော်သက္ကာ ဆက်သတာထက် ဖြောင့်မတ်မှန်ကန်ရာ လုပ်တာကိုယေဟောဝါ ပိုနှစ်သက်တယ်။+
၄ မောက်မာတဲ့မျက်လုံးနဲ့ ထောင်လွှားတဲ့စိတ်ဟာလူဆိုးကိုလမ်းပြတဲ့ မီးခွက်ဖြစ်လို့ အပြစ်ကျူးလွန်စေတယ်။+
၅ ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။+
အလျင်စလိုလုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။+
၆ လိမ်ပြောပြီးရတဲ့ ပစ္စည်းဥစ္စာဟာပျောက်လွင့်တတ်တဲ့မြူခိုး၊ သေစေနိုင်တဲ့ကျော့ကွင်းနဲ့ တူတယ်။+
၇ လူဆိုးတွေက တရားမျှတစွာ မလုပ်ဆောင်တဲ့အတွက်အကြမ်းဖက်မှုက သူတို့ကို ဖယ်ရှားလိမ့်မယ်။+
၈ အပြစ်ရှိသူရဲ့လမ်းစဉ်ဟာ ကွေ့ကောက်တယ်။
အပြစ်မဲ့သူရဲ့ လုပ်ရပ်ကတော့ ဖြောင့်မှန်တယ်။+
၉ ရန်တွေ့တတ်တဲ့* ဇနီးနဲ့ တစ်အိမ်တည်း နေရတာထက်အိမ်မိုးပေါ်က ထောင့်တစ်နေရာမှာ နေရတာ ပိုကောင်းတယ်။+
၁၀ လူဆိုးက မကောင်းတာကိုပဲ တောင့်တတယ်။+
သူတစ်ပါးကိုလည်း မျက်နှာသာမပေးဘူး။+
၁၁ လှောင်ပြောင်တတ်သူ ပြစ်ဒဏ်ခံရတဲ့အခါ အတွေ့အကြုံမရှိသူက ဉာဏ်ပညာ ရှိလာလိမ့်မယ်။
ဉာဏ်ပညာရှိသူဟာ ထိုးထွင်းဉာဏ်ရလာတဲ့အခါ အသိပညာ တိုးလာလိမ့်မယ်။+
၁၂ ဖြောင့်မတ်တဲ့အရှင်က လူဆိုးရဲ့ အိမ်သူအိမ်သားတွေကို အကဲခတ်ကြည့်ရှုနေတယ်။
လူဆိုးတွေကို ဖျက်ဆီးပစ်တယ်။+
၁၃ ဆင်းရဲသားရဲ့ အော်ဟစ်သံကို မကြားချင်လို့ နားပိတ်ထားသူကကိုယ်တိုင်အော်ဟစ်တဲ့အခါ ဘယ်သူမှ တုံ့ပြန်မှာ မဟုတ်ဘူး။+
၁၄ တိုးတိုးတိတ်တိတ်ပေးတဲ့ လက်ဆောင်ဟာ ဒေါသကို ပြေစေတယ်။+
တိုးတိုးတိတ်တိတ် လာဘ်ထိုးတာကလည်း ပြင်းထန်တဲ့ဒေါသကို ပြေစေတယ်။
၁၅ တရားမျှတစွာ လုပ်ဆောင်ရတာဟာ ဖြောင့်မတ်သူအတွက် ရွှင်လန်းစရာပဲ။+
ဆိုးညစ်စွာ ပြုကျင့်သူတွေအတွက်တော့ ထိတ်လန့်စရာပဲ။
၁၆ ထိုးထွင်းဉာဏ်ကို မသုံးတော့တဲ့သူဟာအစွမ်းမရှိတော့တဲ့ လူသေတွေအလယ်မှာ အနားယူရလိမ့်မယ်။+
၁၇ အပျော်အပါးမက်သူဟာ ဆင်းရဲ ရလိမ့်မယ်။+
စပျစ်ဝိုင်နဲ့ဆီကို ကြိုက်တဲ့သူက ချမ်းသာမှာ မဟုတ်ဘူး။
၁၈ လူဆိုးဟာ ဖြောင့်မတ်သူကို ကယ်မယ့် ရွေးဖိုးပဲ။
စိတ်ရိုးဖြောင့်သူတွေအစား သစ္စာဖောက်သူတွေကို ခေါ်သွားလိမ့်မယ်။+
၁၉ ရန်တွေ့တတ်တဲ့၊* စိတ်ဆတ်တဲ့ဇနီးနဲ့ နေရတာထက်
တောကန္တာရမှာနေရတာ ပိုကောင်းတယ်။+
၂၀ ဉာဏ်ပညာရှိသူရဲ့အိမ်မှာ တန်ဖိုးကြီးစည်းစိမ်တွေ၊ ဆီတွေ ရှိတယ်။+
လူမိုက်ကတော့ ရှိတာလေးကိုတောင် ဖြုန်းတီးလိမ့်မယ်။+
၂၁ ဖြောင့်မတ်ခြင်းနဲ့ ခိုင်မြဲတဲ့မေတ္တာကို လိုက်စားတဲ့သူကအသက်၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်ကျက်သရေကို ရလိမ့်မယ်။+
၂၂ ဉာဏ်ပညာရှိသူက ခွန်အားကြီးသူတွေရဲ့ မြို့ရိုးကို တက်နိုင်တယ်။
သူတို့ယုံကြည်ကိုးစားတဲ့ အစွမ်းခွန်အားကိုလည်း ပျက်စီးစေနိုင်တယ်။+
၂၃ နှုတ်လျှာစောင့်စည်းသူဟာကိုယ့်ကိုယ်ကိုယ် ဒုက္ခမရောက်အောင် ကာကွယ်တဲ့သူပဲ။+
၂၄ တဇောက်ကန်းနိုင်ပြီး ရောင့်တက်စွာလုပ်တဲ့သူကိုရောင့်တက်ထောင်လွှားတဲ့ လူကြွားလို့ ခေါ်ကြတယ်။+
၂၅ လူပျင်းဟာ အလုပ်မလုပ်ချင်တဲ့အတွက်သူတောင့်တတဲ့အရာတွေက သူ့ကို သေတွင်းထဲပို့လိမ့်မယ်။+
၂၆ သူက တစ်နေ့လုံး လောဘတကြီး တောင့်တနေတယ်။
ဖြောင့်မတ်သူကတော့ ဘာကိုမှ မတွန့်တိုဘဲ ပေးကမ်းတတ်တယ်။+
၂၇ လူဆိုးဆက်သတဲ့ ပူဇော်သက္ကာဟာ ရွံစရာကောင်းတယ်။+ ယုတ်မာတဲ့စိတ်နဲ့ သူဆက်သရင်တော့ ပိုလို့တောင် ရွံစရာကောင်းတယ်။
၂၈ လိမ်ညာတဲ့သက်သေဟာ ပျက်စီးရလိမ့်မယ်။+
အသေအချာ နားထောင်သူကတော့ သက်သေထွက်ဆိုတဲ့အခါ အောင်မြင်လိမ့်မယ်။
၂၉ လူဆိုးက ရဲတင်းတဲ့မျက်နှာထား ရှိတယ်။+
စိတ်ရိုးဖြောင့်သူရဲ့ လမ်းစဉ်ကတော့ လုံခြုံစိတ်ချရတယ်။+
၃၀ ယေဟောဝါကို ဆန့်ကျင်တဲ့ဘက်မှာ ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှု၊ အကြံဉာဏ် တစ်ခုမှ မရှိဘူး။+
၃၁ တိုက်ပွဲဝင်မယ့်နေ့အတွက် မြင်းတွေကို အသင့်ပြင်ထားပေမဲ့+ကယ်တင်ခြင်းကျေးဇူးကိုတော့ ယေဟောဝါပဲ ပေးနိုင်တယ်။+