ပညာအလိမ္မာ ၂၄:၁-၃၄

  • လူယုတ်မာတွေကို အားမကျနဲ့ ()

  • အိမ်ကို ဉာဏ်ပညာနဲ့ တည်ဆောက် ()

  • ဖြောင့်မတ်သူ ခုနစ်ကြိမ်လဲရင်တောင် ပြန်ထ (၁၆)

  • လက်တုံ့မပြန်နဲ့ (၂၉)

  • ပျင်းရိခြင်းက ဆင်းရဲစေ (၃၃၊ ၃၄)

၂၄  လူယုတ်မာတွေကို အားမကျနဲ့။ သူတို့နဲ့ မပေါင်းသင်းချင်ပါနဲ့။+  ၂  သူတို့က အကြမ်းဖက်ဖို့ပဲ တွေးတောနေတယ်။ ဒုက္ခပေးဖို့ပဲ ပြောဆိုနေတယ်။  ၃  အိမ်ကို* ဉာဏ်ပညာနဲ့ တည်ဆောက်ပြီး+ပိုင်းခြားသိမြင်မှုနဲ့ ခိုင်ခံ့မြဲမြံအောင် ထိန်းသိမ်းရတယ်။  ၄  အသိပညာကြောင့် အခန်းတွေဟာနှစ်သက်ဖွယ် အဖိုးတန်ဘဏ္ဍာအမျိုးမျိုးနဲ့ ပြည့်နေတယ်။+  ၅  ဉာဏ်ပညာရှိသူက အစွမ်းတန်ခိုး ရှိတယ်။+ အဲဒီအစွမ်းတန်ခိုးကို အသိပညာနဲ့ တိုးပွားစေတယ်။  ၆  ကျွမ်းကျင်သူ လမ်းညွှန်ပေးတဲ့အတိုင်း စစ်ပွဲကို ဆင်နွှဲရမယ်။+ အကြံပေးသူများရင် အောင်ပွဲဆင်နိုင်တယ်။+  ၇  လူမိုက်က စစ်မှန်တဲ့ဉာဏ်ပညာကို လက်လှမ်းမမီနိုင်ဘူး။+ မြို့တံခါးမှာ ထိုင်တဲ့အခါ သူ့မှာ ပြောစရာ ဘာမှမရှိဘူး။  ၈  ယုတ်မာဖို့ ကြံစည်သူကိုတစ်ဖက်ကမ်းခပ် အကြံသမားလို့ ခေါ်ကြလိမ့်မယ်။+  ၉  မိုက်မဲတဲ့အကြံအစည်တွေက အပြစ်ရှိတယ်။ လှောင်ပြောင်တတ်သူကို လူတွေ ရွံမုန်းတယ်။+ ၁၀  ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင်အားလျော့သွားလိမ့်မယ်။ ၁၁  ကွပ်မျက်ဖို့ ခေါ်သွားခံနေရသူတွေကို ကယ်တင်ပါ။ အသတ်ခံဖို့ ဒယီးဒယိုင် သွားနေရသူတွေကို ဆွဲထားပါ။+ ၁၂  “ငါတို့မှ မသိလိုက်တာ” လို့ မင်းပြောပေမဲ့စိတ်နှလုံးကို စစ်ဆေးတဲ့အရှင်က မင်းစိတ်ထဲ ဘာရှိမှန်း မသိဘဲနေပါ့မလား။+ မင်းကို စောင့်ကြည့်နေတဲ့အရှင်က သိနေတယ်။ တစ်ယောက်စီကို သူ့လုပ်ရပ်အတိုင်း ပြန်ဆပ်ပေးလိမ့်မယ်။+ ၁၃  ငါ့သား၊ ပျားရည်ဟာ ကောင်းတယ်။ စားပေးပါ။ ပျားရည်စစ်စစ်ဟာ ချိုမြိန်တယ်။ ၁၄  ဉာဏ်ပညာကလည်း မင်းအတွက် ကောင်းတယ်ဆိုတာသိထားပါ။+ ဉာဏ်ပညာကို ရှာတွေ့ရင် မင်းမှာ အနာဂတ်ရှိမယ်။ မင်းရဲ့မျှော်လင့်ချက်လည်း ပျက်စီးသွားမှာ မဟုတ်ဘူး။+ ၁၅  ဖြောင့်မတ်သူရဲ့အိမ်ကို ယုတ်မာတဲ့စိတ်နဲ့ မချောင်းမြောင်းနဲ့။ သူနားခိုတဲ့နေရာကို မဖျက်ဆီးနဲ့။ ၁၆  ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။+ လူဆိုးကတော့ ဘေးဆိုးကြောင့် လုံးဝလဲကျသွားလိမ့်မယ်။+ ၁၇  ရန်သူ ကျရှုံးတဲ့အခါ ဝမ်းမသာပါနဲ့။ သူလဲကျတဲ့အခါ စိတ်ထဲမှာ မပျော်ပါနဲ့။+ ၁၈  အဲဒီလိုပျော်နေရင် ယေဟောဝါ တွေ့မြင်ပြီး မနှစ်သက်ဘဲ နေလိမ့်မယ်။ ဘုရားက မင်းရဲ့ရန်သူကို အမျက်မထွက်တော့ဘဲ နေလိမ့်မယ်။+ ၁၉  လူယုတ်မာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်နဲ့။ လူဆိုးတွေကို အားမကျနဲ့။ ၂၀  ယုတ်မာသူတွေမှာ အနာဂတ် မရှိဘူး။+ လူဆိုးတွေရဲ့မီးခွက်လည်း ငြိမ်းသတ်ခံရလိမ့်မယ်။+ ၂၁  ငါ့သား၊ ယေဟောဝါကိုရော ဘုရင်ကိုပါ ကြောက်ရွံ့ရိုသေပါ။+ အတိုက်အခံသမားတွေကို အပေါင်းအသင်း မလုပ်နဲ့။+ ၂၂  သူတို့ဟာ ရုတ်တရက် ဘေးဆိုးကြုံရလိမ့်မယ်။+ ဘုရားကရော ဘုရင်ကပါ သူတို့ကို ဘယ်လို ဖျက်ဆီးပစ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။+ ၂၃  ဉာဏ်ပညာရှိသူတွေပြောတဲ့ စကားကတော့– တရားစီရင်တဲ့အခါ မျက်နှာလိုက်တာ မကောင်းဘူး။+ ၂၄  လူဆိုးကို “ဖြောင့်မတ်တယ်” လို့ ပြောတဲ့သူဟာ လူတွေကျိန်ဆဲတာကို ခံရလိမ့်မယ်။+ လူမျိုးတွေ ကဲ့ရဲ့ရှုတ်ချတာကို ခံရလိမ့်မယ်။ ၂၅  လူဆိုးကိုပဲ့ပြင်သူတွေကတော့ ကောင်းစားလိမ့်မယ်။+ သူတို့အပေါ် ကောင်းချီးမင်္ဂလာတွေ သက်ရောက်လိမ့်မယ်။+ ၂၆  အရှိကိုအရှိအတိုင်း ပြန်ပြောတဲ့သူကို လူတွေ နမ်းကြလိမ့်မယ်။*+ ၂၇  အိမ်ပြင်ပအလုပ်ကို ပြင်ဆင်ပါ။ လယ်မှာလည်း အစစအရာရာ အသင့်ဖြစ်အောင် လုပ်ပါ။ ပြီးမှ အိမ်ကို* ဆောက်ပါ။ ၂၈  အကြောင်းမခိုင်လုံဘဲ သူတစ်ပါးကို ဆန့်ကျင်ပြီး သက်သေ မထွက်ဆိုနဲ့။+ တခြားသူတွေကို ကိုယ့်နှုတ်နဲ့ မလှည့်စားနဲ့။+ ၂၉  “သူလုပ်ခဲ့သလို ငါပြန်လုပ်မယ်။ သူ့လုပ်ရပ်အတွက် ငါလက်တုံ့ပြန်မယ်” လို့ မပြောနဲ့။+ ၃၀  လူပျင်းရဲ့ လယ်နားကနေ၊ဆင်ခြင်ဉာဏ်မရှိသူရဲ့* စပျစ်ခြံနားကနေ ငါဖြတ်သွားတဲ့အခါ၊+ ၃၁  ပေါင်းပင်တွေ တောထနေတာကို ငါတွေ့တယ်။ မြေတစ်ပြင်လုံး ဖက်ယားပင်တွေ ဖုံးလွှမ်းနေတဲ့အပြင်ကျောက်တံတိုင်းတွေလည်း ပြိုကျနေတယ်။+ ၃၂  ဒါကို သတိထားမိတဲ့အခါ ငါနှလုံးသွင်းမိတယ်။ ဒါကိုမြင်ပြီး ရလိုက်တဲ့ သင်ခန်းစာကတော့– ၃၃  တစ်ရေးအိပ်နေတုန်း၊ ခဏလေးငိုက်နေတုန်း၊လက်ပိုက်ပြီး ခဏတစ်ဖြုတ် နားနေတုန်း၊ ၃၄  ဆင်းရဲခြင်းဟာ ဓားပြလို မင်းဆီ ရောက်လာလိမ့်မယ်။ ချို့တဲ့ခြင်းကလည်း လက်နက်ကိုင်စစ်သည်လို ရောက်လာလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အိမ်ထောင်ကို။”
“တဲ့တိုးပြန်ပြောတာဟာ အနမ်းပေးတာနဲ့ တူတယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “အိမ်ထောင်ကို။”
မူရင်း၊ “စိတ်နှလုံးမရှိသူရဲ့။”