ပညာအလိမ္မာ ၂၅:၁-၂၈

  • အတွင်းရေး ()

  • သင့်တော်တဲ့စကားများ (၁၁)

  • ကိုယ်ရေးကိုယ်တာကို ဝင်မစွက်နဲ့ (၁၇)

  • ရန်သူ့ခေါင်းပေါ် မီးခဲပုံထား (၂၁၊ ၂၂)

  • သတင်းကောင်းဟာ အေးမြတဲ့ရေနဲ့တူ (၂၅)

၂၅  ယုဒဘုရင်ဟေဇကိရဲ့+ လူတွေ ကူးရေးထားတဲ့ ရှောလမုန်ရဲ့ပညာအလိမ္မာစကား တွေကတော့–+  ၂  ကိစ္စတစ်ခုကို လျှို့ဝှက်ထားတာဟာ ဘုရားသခင်ရဲ့ ဘုန်းအသရေပဲ။+ ကိစ္စတစ်ခုကို အသေအချာ စစ်ဆေးတာဟာ ဘုရင်တွေရဲ့ ဂုဏ်ကျက်သရေပဲ။  ၃  ကောင်းကင်ရဲ့မြင့်မားမှု၊ မြေကြီးရဲ့နက်ရှိုင်းမှုကို နားမလည်နိုင်သလို ဘုရင်တွေရဲ့စိတ်ကိုလည်း အပြည့်အဝ နားမလည်နိုင်ဘူး။  ၄  ငွေထဲက ချော်ကို* ဖယ်ထုတ်လိုက်ပါ။ သန့်စင်တဲ့ငွေကို ရလိမ့်မယ်။+  ၅  လူဆိုးကို ဘုရင့်ရှေ့ကနေ ဖယ်ရှားလိုက်ပါ။ ရာဇပလ္လင်ဟာ ဖြောင့်မတ်ခြင်းကြောင့် တည်မြဲလိမ့်မယ်။+  ၆  ဘုရင့်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်မတင်နဲ့။+ ထင်ပေါ်ကျော်ကြားသူတွေနဲ့အတူ နေရာမယူနဲ့။+  ၇  ဘုရင်က မှူးမတ်တွေရှေ့မှာ မင်းကို အရှက်ခွဲတာထက် “ဒီကို လာပါ” လို့ပြောတာ ပိုကောင်းတယ်။+  ၈  ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အလျင်စလို မတိုင်တန်းပါနဲ့။ နောက်မှ မင်းကို သူအရှက်ခွဲရင် ဘယ်လိုလုပ်မလဲ။+  ၉  အဲဒီကိစ္စကို သူနဲ့ ဆွေးနွေးပါ။+ ဒါပေမဲ့ မင်းကို တခြားသူပြောပြထားတဲ့ အတွင်းရေးကိုတော့ မပေါက်ကြားစေနဲ့။+ ၁၀  ဒါမှ နားထောင်နေတဲ့သူက အရှက်ခွဲမှာမဟုတ်ဘူး။ မင်းကလည်း ပြန်ရုပ်သိမ်းလို့မရနိုင်တဲ့ ကောလာဟလကို ဖြန့်မိမှာ မဟုတ်ဘူး။ ၁၁  သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်။+ ၁၂  ဉာဏ်ပညာရှိရှိ ပဲ့ပြင်တတ်တဲ့သူဟာ လက်ခံနာယူသူအတွက်ရွှေနားဆွဲ၊ ရွှေစင်လက်ဝတ်တန်ဆာနဲ့ တူတယ်။+ ၁၃  သစ္စာရှိတဲ့ စေတမန်ဟာ စေလွှတ်သူအတွက်ကောက်ရိတ်ချိန်မှာ သောက်ရတဲ့ အေးမြတဲ့နှင်းရည်နဲ့ တူတယ်။ သူ့ကြောင့် သခင် လန်းဆန်းရလို့ပဲ။+ ၁၄  လက်ဆောင်ပေးမယ်လို့ လေကြီးမိုးကြီးပြောပေမဲ့ ဘယ်တော့မှ မပေးတဲ့သူဟာမိုးရေမပါတဲ့ တိမ်ခိုးတွေ၊ လေတွေနဲ့ တူတယ်။+ ၁၅  စိတ်ရှည်မယ်ဆိုရင် တပ်မှူးကိုတောင် စည်းရုံးနိုင်တယ်။ ညင်ညင်သာသာ ပြောတဲ့စကားက အရိုးကိုတောင် ချိုးနိုင်တယ်။+ ၁၆  ပျားရည်ကိုတွေ့ရင် လိုသလောက်ပဲ စားပါ။ အလွန်အကျွံစားရင် ပြန်အန်ထုတ်ရလိမ့်မယ်။+ ၁၇  သူတစ်ပါးအိမ်ကို ခဏခဏမသွားနဲ့။ မင်းကို စိတ်ကုန်ပြီး မုန်းသွားလိမ့်မယ်။ ၁၈  သူတစ်ပါးအကြောင်း မမှန်မကန် သက်သေထွက်ဆိုတဲ့သူဟာစစ်တင်းပုတ်၊ ဓား၊ ထက်တဲ့မြားနဲ့ တူတယ်။+ ၁၉  ယုံကြည်စိတ်ချလို့ မရတဲ့သူကို* ဒုက္ခရောက်ချိန်မှာ အားကိုးတာဟာ နဲ့နေတဲ့သွားနဲ့ ဝါးစားရသလိုပဲ။ တုန်ယင်နေတဲ့ ခြေထောက်နဲ့ လမ်းလျှောက်ရသလိုပဲ။ ၂၀  စိတ်ညှိုးငယ်နေသူကို သီချင်းဆိုပြတာဟာ+ချမ်းအေးတဲ့နေ့မှာ အဝတ်ချွတ်လိုက်တာနဲ့ တူတယ်။ ဆော်ဒါပေါ် အချဉ်ရည် လောင်းချလိုက်တာနဲ့ တူတယ်။ ၂၁  ရန်သူ ဆာလောင်နေရင် စားစရာ ပေးလိုက်ပါ။ ရေငတ်နေရင် ရေတိုက်လိုက်ပါ။+ ၂၂  အဲဒီလိုလုပ်ရင် သူ့ခေါင်းပေါ် မီးခဲတွေ ပုံထားရာ ရောက်လိမ့်မယ်။+ မင်းကို ယေဟောဝါ ဆုချလိမ့်မယ်။ ၂၃  မြောက်လေက သည်းထန်တဲ့မိုးကို ရွာစေတယ်။ အတင်းအဖျင်းပြောတဲ့လျှာက ဒေါသမျက်နှာကို ဖြစ်ပေါ်စေတယ်။+ ၂၄  ရန်တွေ့တတ်တဲ့* ဇနီးနဲ့ တစ်အိမ်တည်း နေရတာထက်အိမ်မိုးပေါ်က ထောင့်တစ်နေရာမှာ နေရတာ ပိုကောင်းတယ်။+ ၂၅  ရပ်ဝေးကလာတဲ့ သတင်းကောင်းဟာရေငတ်နေသူသောက်ရတဲ့ အေးမြတဲ့ရေနဲ့ တူတယ်။+ ၂၆  လူဆိုးကို အလျော့ပေးတဲ့ ဖြောင့်မတ်သူဟာနောက်ကျိနေတဲ့ စမ်းရေ၊ ပျက်စီးနေတဲ့ ရေတွင်းနဲ့ တူတယ်။ ၂၇  ပျားရည်စားကြူးတာ မကောင်းဘူး။+ ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့ ကြိုးစားရင်လည်း ဂုဏ်ရှိမှာ မဟုတ်ဘူး။+ ၂၈  စိတ်မချုပ်တည်းနိုင်သူဟာမြို့ရိုးပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်။+

အောက်ခြေမှတ်ချက်များ

ရွှေငွေအရည်ကျိုတဲ့အခါ ထွက်လာတဲ့ အမှိုက်သရိုက်။
“သစ္စာမရှိသူကို” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “တကျည်ကျည်လုပ်တတ်တဲ့။”