ပညာအလိမ္မာ ၂၆:၁-၂၈
၂၆ နွေရာသီနဲ့ ဆီးနှင်း၊ ရိတ်သိမ်းချိန်နဲ့ ရွာသွန်းတဲ့မိုး မအပ်စပ်သလိုဂုဏ်သိက္ခာနဲ့ ဉာဏ်တိမ်တဲ့သူ မအပ်စပ်ဘူး။+
၂ ငှက်ဟာ အကြောင်းရင်းမရှိဘဲ မပျံသန်းသလို၊ ပျံလွှားဟာ အကြောင်းရင်းမရှိဘဲ မပျံသလိုကျိန်ဆဲခြင်းကလည်း အကြောင်းရင်းမရှိဘဲ မရောက်လာဘူး။*
၃ ကျာပွတ်ဟာ မြင်းအတွက်၊ ဇက်ကြိုးက မြည်းအတွက်၊+ကြိမ်လုံးကတော့ ဉာဏ်တိမ်သူတွေရဲ့ ကျောပြင်အတွက်ပဲ။+
၄ မိုက်မဲသူကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်မဖြေနဲ့။
ဖြေရင် သူနဲ့ တစ်တန်းစားတည်း ဖြစ်သွားလိမ့်မယ်။
၅ လူမိုက်ကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်ဖြေပါ။
မဖြေရင် သူ့ကိုယ်သူ ပညာရှိတယ်လို့ ထင်သွားလိမ့်မယ်။+
၆ ကိစ္စတစ်ခုကို ဉာဏ်တိမ်တဲ့သူရဲ့လက်ထဲ အပ်လိုက်ရင်ကိုယ့်ခြေထောက်ကို မသန်စွမ်းအောင်လုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာနဲ့ တူတယ်။
၇ ဉာဏ်တိမ်သူပြောတဲ့ စကားပုံဟာခြေမသန်သူရဲ့ ဆွံ့နေတဲ့ခြေထောက်နဲ့ တူတယ်။+
၈ ဉာဏ်တိမ်သူကို ဂုဏ်တင်တာဟာလောက်လွှဲထဲမှာ ကျောက်ခဲချည်ထားတာနဲ့ တူတယ်။+
၉ ဉာဏ်တိမ်တဲ့သူပြောတဲ့ စကားပုံဟာအရက်သမားလက်ထဲ ရောက်လာတဲ့ ဆူးပင်နဲ့ တူတယ်။
၁၀ ဉာဏ်တိမ်တဲ့သူ ဒါမှမဟုတ် လမ်းသွားလမ်းလာတွေကို အလုပ်ခိုင်းဖို့ ငှားရမ်းတဲ့သူဟာတွေ့ကရာလူကို ပစ်ခတ်နေတဲ့ လေးသမားနဲ့ တူတယ်။
၁၁ ခွေးက သူ့အန်ဖတ်ကို ပြန်စားသလိုဉာဏ်တိမ်တဲ့သူဟာ မိုက်မဲတဲ့အကျင့်ကို ပြန်ကျင့်တတ်တယ်။+
၁၂ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာရှိတယ်လို့ ထင်တဲ့သူကို တွေ့ဖူးသလား။+
သူလိုလူထက် ဉာဏ်တိမ်တဲ့သူက ပိုမျှော်လင့်ချက်ရှိတယ်။
၁၃ လူပျင်းက “လမ်းပေါ်မှာ ခြင်္သေ့ရှိတယ်။
လူထုရင်ပြင်မှာ ခြင်္သေ့ရှိတယ်” လို့ ပြောတတ်တယ်။+
၁၄ တံခါးက ဆုံလည်ပေါ်မှာ လည်နေသလိုလူပျင်းက အိပ်ရာပေါ်မှာ လူးလှိမ့်နေတတ်တယ်။+
၁၅ လူပျင်းက ပန်းကန်လုံးထဲ လက်နှိုက်ပေမဲ့ပြန်ထုတ်ပြီး ပါးစပ်ထဲထည့်ရတာ ပင်ပန်းလိုက်တာလို့ ထင်တတ်တယ်။+
၁၆ လူပျင်းက ချက်ကျကျဖြေနိုင်တဲ့ လူခုနစ်ယောက်ထက်ဉာဏ်ပညာပိုရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တတ်တယ်။
၁၇ လမ်းသွားရင်း ကိုယ်နဲ့မဆိုင်တဲ့ ရန်ပွဲကြောင့် ဒေါသထွက်တဲ့သူဟာ*ခွေးနားရွက်ကို ဆွဲတဲ့သူနဲ့ တူတယ်။+
၁၈ အရူးတစ်ယောက်က မီးမြားတွေ၊ သေစေနိုင်တဲ့မြားတွေကို ပစ်တယ်။
၁၉ သူတစ်ပါးကို မလိမ့်တပတ်လုပ်ပြီးမှ “နောက်တာပါကွာ” လို့ ပြောတဲ့သူဟာ အဲဒီအရူးနဲ့ တူတယ်။+
၂၀ ထင်းမရှိရင် မီးငြိမ်းသွားသလိုအသရေဖျက်သူမရှိရင် ငြင်းခုံရန်တွေ့တာတွေ ရပ်စဲသွားတယ်။+
၂၁ မီးသွေးကြောင့် မီးကျီးခဲ လောင်နေသလို၊ ထင်းကြောင့် မီးတောက်နေသလိုအငြင်းသန်သူကြောင့် ရန်ပွဲဖြစ်တတ်တယ်။+
၂၂ အသရေဖျက်သူရဲ့ စကားတွေဟာ အရသာရှိတဲ့အစာနဲ့ တူတယ်။
လူတွေ အငမ်းမရ မျိုချတတ်ကြတယ်။+
၂၃ စိတ်ထားယုတ်မာနေလျက်နဲ့ မေတ္တာစကားပြောတာဟာအိုးခြမ်းကွဲကို ငွေရည်သုတ်ထားတာနဲ့ တူတယ်။+
၂၄ သူတစ်ပါးကိုမုန်းတဲ့သူဟာ မုန်းတီးစိတ်ကို အပြောနဲ့ ဖုံးကွယ်ထားပေမဲ့ရင်ထဲမှာတော့ လှည့်စားဖို့ တေးထားတတ်တယ်။
၂၅ ချိုချိုသာသာပြောနေပေမဲ့ သူ့ကို မယုံနဲ့။
သူ့စိတ်ထဲမှာ ရွံမုန်းစရာခုနစ်ခု ကိန်းအောင်းနေတယ်။*
၂၆ သူက လှည့်စားပြီး မုန်းတီးစိတ်ကို ဖုံးကွယ်ထားပေမဲ့သူ့ရဲ့ယုတ်မာမှုဟာ လူပုံအလယ်မှာ ဖော်ထုတ်ခံရလိမ့်မယ်။
၂၇ တွင်းတူးတဲ့သူဟာ တွင်းထဲ ပြန်ကျမယ်။
ကျောက်ကို လှိမ့်တဲ့သူအပေါ် အဲဒီကျောက် ပြန်လိမ့်လာမယ်။+
၂၈ လိမ်လည်တဲ့လျှာက မိမိကြောင့် နစ်နာရသူတွေကို မုန်းတယ်။
မြှောက်ပင့်တတ်တဲ့ နှုတ်ကလည်း ပျက်စီးစေတတ်တယ်။+