ပညာအလိမ္မာ ၂၇:၁-၂၇

  • မိတ်ဆွေ​ရဲ့ ပဲ့​ပြင်​မှု​ဟာ အကျိုး​ရှိ (၅၊ ၆)

  • ငါ့​သား၊ ငါ့​စိတ်​ကို ရွှင်​လန်း​စေ​ပါ (၁၁)

  • သံ​ကို သံ​ချင်း ထက်​စေ (၁၇)

  • ကိုယ့်​သိုး​အုပ်​အကြောင်း သိ​အောင်​လုပ်​ပါ (၂၃)

  • စည်း​စိမ်​ဟာ ထာ​ဝ​စဉ် မတည်​မြဲ (၂၄)

၂၇  မနက်​ဖြန်​နဲ့​ပတ်​သက်​ပြီး မဝါ​ကြွား​နဲ့။ မနက်​ဖြန် ဘာ​တွေ​ဖြစ်​မယ်​မှန်း မသိ​နိုင်​ဘူး။+  ၂  ကိုယ့်​ကိုယ်​ကိုယ် မချီး​မွမ်း​နဲ့။ သူ​တစ်ပါး ချီး​မွမ်း​ပါ​စေ။ ကိုယ့်​ကိုယ်​ကိုယ် မချီး​မွမ်း​နဲ့။ တခြား​သူ​တွေ ချီး​မွမ်း​ပါ​စေ။+  ၃  ကျောက်​တုံး​က လေး​တယ်။ သဲလည်း လေး​တယ်။ မိုက်​မဲ​သူ​ကြောင့်​ဖြစ်​ရ​တဲ့ စိတ်​ဒုက္ခ​က အဲ​ဒါ​တွေ​ထက် ပို​လေး​လံ​တယ်။+  ၄  အမျက်​က ရက်​စက်​တတ်​တယ်။ ဒေါသ​က လွှမ်း​မိုး​တဲ့​ရေ​လို ဖျက်​ဆီး​တတ်​တယ်။ မနာ​လို​စိတ်​ကို​တော့ ဘယ်​သူ​ခံ​ရပ်​နိုင်​မှာ​လဲ။+  ၅  ပွင့်​ပွင့်​လင်း​လင်း ပဲ့​ပြင်​တာ​ဟာ တိတ်​တိတ်​လေး ချစ်​နေ​တာ​ထက် ပို​ကောင်း​တယ်။+  ၆  သစ္စာ​ရှိ​တဲ့​မိတ်ဆွေ​ဟာ ခက်​ခဲ​ပုံ​ပေါက်​နေ​ရင်​တောင် ပဲ့​ပြင်​တတ်​တယ်။+ ရန်​သူ​က​တော့ အနမ်း​တွေ အများ​ကြီး ပေး​တတ်​တယ်။*  ၇  အာ​သာ​ပြေနေ​သူ​က ပျား​ရည်​စစ်စစ်​ကို ငြင်း​ပယ်​တတ်​တယ်။ ဆာ​လောင်​နေ​သူ​အတွက်​တော့ ခါး​တဲ့​အရာ​တောင် ချို​မြိန်​နေ​တတ်​တယ်။  ၈  အိမ်​နဲ့​ဝေး​ရာ​မှာ လေ​လွင့်​နေ​သူ​ဟာအသိုက်​နဲ့​ဝေး​နေ​တဲ့ လေ​လွင့်​ငှက်​နဲ့ တူ​တယ်။  ၉  ဆီ​နဲ့​အမွှေး​နံ့​သာ​က စိတ်​ကို​ရွှင်​လန်း​စေ​တယ်။ စိတ်​ရင်း​မှန်​နဲ့ အကြံ​ပေး​တတ်​တဲ့ မိတ်ဆွေ​က​လည်း စိတ်​ကို ရွှင်​လန်း​စေ​တယ်။+ ၁၀  ကိုယ့်​မိတ်ဆွေ​ကို ဒါ​မှ​မဟုတ် ဖခင်​ရဲ့​မိတ်ဆွေ​ကို မပစ်​ပယ်​ပါ​နဲ့။ ကိုယ်​ဒုက္ခရောက်​တဲ့​အခါ ညီ​ရင်း​အစ်​ကို​ရဲ့​အိမ်​ကို မသွား​ပါ​နဲ့။ အနား​မှာ​ရှိ​တဲ့ မိတ်ဆွေ​ရင်း​ချာ​ဟာ အဝေး​မှာ​ရှိ​တဲ့​ညီ​အစ်​ကို​ထက် ပို​ကောင်း​တယ်။+ ၁၁  ငါ့​သား၊ ဉာဏ်​ပညာ​ရှိ​ပါ။ ငါ့​စိတ်​ကို ရွှင်​လန်း​စေ​ပါ။+ ဒါ​မှ ငါ့​ကို ကဲ့​ရဲ့​နေ​တဲ့​သူ​ကို ငါ​ချေ​ပနိုင်​မယ်။+ ၁၂  အမြော်​အမြင်​ရှိ​သူ​က အန္တရာယ်​ကို ကြို​မြင်​ပြီး ပုန်း​နေ​တတ်​တယ်။+ အတွေ့​အကြုံ​မရှိ​သူ​က​တော့ သွား​မြဲသွား​နေ​လို့ ဆိုး​ကျိုး​တွေ​ပဲ ခံ​ရ​တတ်​တယ်။ ၁၃  သူ​စိမ်း​အတွက် အာ​မခံ​ပေး​သူ​ရဲ့ အဝတ်​ကို ယူ​လိုက်​ပါ။ တိုင်း​တစ်ပါး​သူ​အတွက် အာ​မခံ​ပေး​သူ​ဆီ​က​နေ အပေါင်​ပစ္စည်း​ကို သိမ်း​လိုက်​ပါ။+ ၁၄  မနက်​စော​စော​မှာ ကိုယ့်​အပေါင်း​အဖော်​ကို အသံ​ကျယ်​ကျယ်​နဲ့ ကောင်း​ချီး​ပေး​တဲ့​သူ​ကိုကျိန်​ဆဲ​နေ​တဲ့​သူ​လို့ ယူ​မှတ်​ကြ​လိမ့်​မယ်။ ၁၅  ရန်​တွေ့​တတ်​တဲ့* ဇနီး​ဟာ မိုး​ရွာ​တဲ့​နေ့​မှာ မိုး​တ​စက်​စက်​ယို​နေ​တဲ့ အိမ်​ခေါင်​မိုး​နဲ့ တူ​တယ်။+ ၁၆  အဲဒီ​မိန်း​မကို ထိန်း​ချုပ်​နိုင်​တဲ့​သူ​ဟာ လေ​ကို ထိန်း​ချုပ်​နိုင်​တဲ့​သူ၊ဆီ​ကို ညာ​လက်​နဲ့​ဆုပ်​ကိုင်​နိုင်​တဲ့​သူ​ပဲ။ ၁၇  သံ​ကို သံ​ချင်း ထက်​စေ​သလိုလူ​က သူ့​မိတ်ဆွေ​ကို ထက်​မြက်​စေ​တယ်။+ ၁၈  သဖန်း​ပင်​ကို ဂရု​စိုက်​တဲ့​သူ​က သဖန်း​သီး​စား​ရ​လိမ့်​မယ်။+ ကိုယ့်​သခင်​ကို ဂရု​စိုက်​စောင့်​ရှောက်​တဲ့​သူ​ဟာ ဂုဏ်​တင်​ခံ​ရ​လိမ့်​မယ်။+ ၁၉  ရေ​ပြင်​ကို​ကြည့်​ရင် ကိုယ့်​မျက်​နှာ​ကို မြင်​ရ​သလိုသူ​တစ်ပါး​ရဲ့​စိတ်​ကို​ကြည့်​ရင် ကိုယ့်​စိတ်​ကို သိ​မြင်​နိုင်​တယ်။ ၂၀  သင်္ချိုင်း​နဲ့* ဖျက်​ဆီး​ခြင်း​အရပ်​ဟာ ဘယ်​တော့​မှ မရောင့်ရဲ​နိုင်​သလို+လူ့​မျက်​စိ​က​လည်း ဘယ်​တော့​မှ မရောင့်ရဲ​နိုင်​ဘူး။ ၂၁  ငွေ​ကို​စစ်​တာ​က အရည်​ကျို​သန့်​စင်​တဲ့​အိုး၊ ရွှေ​ကို​စစ်​တာ​က မီး​ဖို၊+လူ​ကို​စစ်​ဆေး​တာ​က​တော့ သူ့​ကို​ချီး​မွမ်း​တဲ့​စကား​တွေ​ပဲ။ ၂၂  ကောက်​နှံ​စေ့​ကို ဆုံ​ထဲ​ထည့်​ပြီး ကျည်​ပွေ့​နဲ့​ထောင်း​သလိုမိုက်​မဲ​သူ​ကို ထောင်း​ရင်​တောင်မိုက်​မဲ​မှု​ကို သူ​စွန့်​လွှတ်​မှာ မဟုတ်​ဘူး။ ၂၃  ကိုယ့်​သိုး​အုပ်​ရဲ့ အခြေ​အနေ​ကို​ ကောင်း​ကောင်း​သိ​အောင် လုပ်​ပါ။ သိုး​တွေ​ကို ကောင်း​ကောင်း ဂရု​စိုက်​ပါ။+ ၂၄  စည်း​စိမ်​ဥစ္စာ​ဆို​တာ ထာ​ဝ​စဉ်​တည်​မြဲမှာ မဟုတ်​ဘူး။+ ရာ​ဇ​သရ​ဖူ​က​လည်း လူမျိုး​အဆက်​ဆက် တည်​မြဲမှာ မဟုတ်​ဘူး။ ၂၅  မြက်​စိမ်း​တွေ မရှိ​တော့​ဘူး။ မြက်​နု​လေး​တွေ ပေါက်​လာ​တယ်။ တောင်​တန်း​တွေ​ပေါ်​က မြက်​ပင်​တွေ​ကို စု​သိမ်း​တယ်။ ၂၆  သိုး​ထီး​လေး​တွေ​ကြောင့် အဝတ်​အထည် ရ​တယ်။ ဆိတ်​ထီး​တွေ​ကြောင့် လယ်​မြေ ဝယ်​နိုင်​တယ်။ ၂၇  ကိုယ်​တိုင်​ရော အိမ်​သား​တွေ၊ အစေ​ခံ​မလေး​တွေ​အတွက်​ပါဆိတ်​နို့ အလုံ​အလောက် ရှိ​လိမ့်​မယ်။

အောက်ခြေမှတ်ချက်များ

“ရန်​သူ​ပေး​တဲ့​အနမ်း​ဟာ စိတ်​ရင်း​မှန်​နဲ့ မဟုတ်​ဘူး” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “တ​ကျည်​ကျည်​လုပ်​တတ်​တဲ့။”
ခက်​ဆစ်​ကို​ကြည့်။