ပညာအလိမ္မာ ၂၈:၁-၂၈
၂၈ လူဆိုးက လိုက်ဖမ်းတဲ့သူမရှိဘဲ ပြေးတတ်တယ်။
ဖြောင့်မတ်သူကတော့ ခြင်္သေ့လို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။+
၂ ပြည်သူပြည်သားတွေ အပြစ် ကျူးလွန်တဲ့အခါ ခေါင်းဆောင် တစ်ယောက်ပြီးတစ်ယောက် အုပ်ချုပ်လိမ့်မယ်။+
ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး အသိအမြင်ကြွယ်သူရဲ့ အကူအညီကို ရတဲ့ ခေါင်းဆောင်ကတော့ ကြာရှည် အုပ်ချုပ်ရလိမ့်မယ်။+
၃ နိမ့်ကျသူကို ဖြတ်စားလျှပ်စား လုပ်တဲ့ ဆင်းရဲသားဟာ+အစားအစာအားလုံးကို တိုက်ချသွားတဲ့ မိုးရေနဲ့တူတယ်။
၄ ဥပဒေပစ်ပယ်သူတွေက လူဆိုးတွေကို ချီးမွမ်းတတ်တယ်။
ဥပဒေစောင့်ထိန်းသူတွေကတော့ ဥပဒေပစ်ပယ်သူတွေကို ဒေါသထွက်တယ်။+
၅ လူယုတ်မာတွေက တရားမျှတမှုအကြောင်း နားမလည်နိုင်ဘူး။
ယေဟောဝါကို ရှာဖွေသူတွေကတော့ အရာအားလုံးကို နားလည်နိုင်တယ်။+
၆ သမာဓိရှိရှိ လျှောက်လှမ်းတဲ့ ဆင်းရဲသားကအကျင့်ပျက်လမ်းစဉ်လိုက်တဲ့ သူဌေးသားထက် ပိုသာတယ်။+
၇ သိနားလည်မှုရှိတဲ့သားက စည်းမျဉ်းစည်းကမ်းကို လိုက်နာတယ်။
စားကြူးသူတွေနဲ့ ပေါင်းသင်းတဲ့ သားကတော့ ဖခင်ကို အရှက်ခွဲတယ်။+
၈ အတိုးယူရုံမက အတိုးကြီးစားပြီး ချမ်းသာလာသူဟာ+နွမ်းပါးသူတွေကို မျက်နှာသာပေးတဲ့သူအတွက် စုဆောင်းနေတာပဲ။+
၉ လူတစ်ယောက်က ပညတ်တရားကို မနာယူရင်သူ့ဆုတောင်းချက်တောင် ရွံမုန်း စရာ ဖြစ်သွားတယ်။+
၁၀ စိတ်ရိုးဖြောင့်သူကို လမ်းမှားရောက်စေတဲ့သူဟာ ကိုယ့်တွင်းထဲ ကိုယ်ပြန်ကျ လိမ့်မယ်။+
အပြစ်ပြောစရာ မရှိသူကတော့ ကောင်းတဲ့အရာတွေကို အမွေရလိမ့်မယ်။+
၁၁ သူဌေးက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာရှိတယ်လို့ ထင်တတ်တယ်။+
ပိုင်းခြားသိမြင်မှုရှိတဲ့ ဆင်းရဲသားကတော့ အဲဒီသူဌေးအကြောင်း ကောင်းကောင်း သိနိုင်တယ်။+
၁၂ ဖြောင့်မတ်သူတွေ အောင်ပွဲဆင်တဲ့အခါ အကြီးအကျယ် ဂုဏ်ကျက်သရေရှိတယ်။
လူဆိုးတွေ အာဏာရလာရင်တော့ လူတွေ ပုန်းနေတတ်တယ်။+
၁၃ ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး။+
အမှားကိုဝန်ခံပြီး စွန့်လွှတ်သူကတော့ ကရုဏာ ခံစားရလိမ့်မယ်။+
၁၄ သတိတရားလက်ကိုင်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
ခေါင်းမာသူကတော့ ဘေးဆိုးကြုံရလိမ့်မယ်။+
၁၅ ခိုကိုးရာမဲ့သူတွေကို အုပ်ချုပ်တဲ့ မင်းဆိုးဟာမာန်ဖီနေတဲ့ခြင်္သေ့၊ တစ်ဟုန်ထိုး တိုက်ခိုက်နေတဲ့ ဝက်ဝံနဲ့ တူတယ်။+
၁၆ ပိုင်းခြားသိမြင်မှုမရှိတဲ့ ခေါင်းဆောင်က အာဏာကို အလွဲသုံးတတ်တယ်။+
မတရားအမြတ်ထုတ်တာကို မုန်းတဲ့သူကတော့ အသက်ရှည်လိမ့်မယ်။+
၁၇ လူသတ်မှုကျူးလွန်သူက သင်္ချိုင်းကို မရောက်မချင်း ပြေးနေရ လိမ့်မယ်။+
သူ့ကို ဘယ်သူမှ မကူညီပါနဲ့။
၁၈ အမှားကင်းတဲ့လမ်းစဉ်မှာ လျှောက်လှမ်းနေသူဟာ ကယ်တင်ခံရလိမ့်မယ်။+
ကောက်ကျစ်တဲ့လမ်းစဉ် လိုက်သူကတော့ ရုတ်တရက် ပြိုလဲရလိမ့်မယ်။+
၁၉ လယ်စိုက်သူမှာ စားစရာ အလျှံပယ်ရှိလိမ့်မယ်။
တန်ဖိုးမရှိတာတွေကို လိုက်စားသူကတော့ ဆင်းရဲမွဲတေသွားလိမ့်မယ်။+
၂၀ သစ္စာရှိသူက ကောင်းချီး အများကြီးရလိမ့်မယ်။+
ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားသူကတော့ အပြစ်ကင်းမှာ မဟုတ်ဘူး။+
၂၁ မျက်နှာလိုက်တာ မကောင်းဘူး။+
လူဟာ မုန့်တစ်ဖဲ့စာအတွက်နဲ့ အမှားလုပ်မိနိုင်တယ်။
၂၂ မနာလိုတတ်သူက* ချမ်းသာကြွယ်ဝဖို့ စိတ်ပြင်းပြတယ်။
ဆင်းရဲသွားမှာကိုတော့ သူ မသိဘူး။
၂၃ သူတစ်ပါးကို ပဲ့ပြင်သူဟာ+ မြှောက်ပင့်ပြောဆိုသူထက်နောက်ပိုင်းမှာ မျက်နှာသာပိုရလိမ့်မယ်။+
၂၄ မိဘကိုလုယက်ပြီးမှ “ဒါမမှားပါဘူး” လို့ပြောတဲ့သူဟာ+ဖျက်ဆီးတတ်သူရဲ့ အပေါင်းအဖော်ပဲ။+
၂၅ လောဘကြီးသူဟာ* စိတ်ဝမ်းကွဲအောင် လှုံ့ဆော်တတ်တယ်။
ယေဟောဝါကို အားကိုးသူကတော့ ကြီးပွားလိမ့်မယ်။+
၂၆ ကိုယ့်စိတ်နှလုံးကို ယုံကြည်ကိုးစားသူဟာ မိုက်မဲတယ်။+
ဉာဏ်ပညာလမ်းစဉ်မှာ လျှောက်လှမ်းသူကတော့ ဘေးလွတ်တတ်တယ်။+
၂၇ ဆင်းရဲသားကို ပေးကမ်းသူဟာ လိုလေသေးမရှိ ပြည့်စုံလိမ့်မယ်။+
သူတို့ကို မျက်ကွယ်ပြုသူကိုတော့ လူအများက ကျိန်ဆဲလိမ့်မယ်။
၂၈ လူဆိုးတွေ အာဏာရလာတဲ့အခါ လူတွေ ပုန်းနေတတ်တယ်။
သူတို့ ပျက်စီးသွားတဲ့အခါမှာတော့ ဖြောင့်မတ်သူတွေ တိုးများလာတယ်။+