ပညာအလိမ္မာ ၃:၁-၃၅
၃ ငါ့သား၊ ငါသွန်သင်ပေးတာတွေကို မမေ့ပါနဲ့။
ငါ့ပညတ်ချက်တွေကို စိတ်ပါလက်ပါ လိုက်နာတတ်ပါစေ။
၂ အဲဒါတွေက မင်းရဲ့နေ့တွေ၊ နှစ်တွေ၊ငြိမ်သက်ခြင်းတွေကို တိုးများစေမှာ ဖြစ်လို့ပဲ။+
၃ ခိုင်မြဲတဲ့မေတ္တာနဲ့ အမှန်တရားကို မစွန့်ပါနဲ့။+
လည်မှာ ဆွဲထားပါ။
နှလုံးသားပေါ်မှာ ရေးထားပါ။+
၄ ဒါဆိုရင် ဘုရားသခင်ရှေ့၊ လူရှေ့မှာ မျက်နှာသာရပြီးထိုးထွင်းဉာဏ် ရှိလာမယ်။+
၅ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။+
ကိုယ့်ရဲ့သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့။+
၆ ဘာပဲလုပ်လုပ် ဘုရားကို ထည့်စဉ်းစားပါ။+
ဘုရားက မင်းရဲ့လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။+
၇ ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ မထင်နဲ့။+
ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ပါ။
၈ မင်းရဲ့ခန္ဓာ* အနာရောဂါကင်းဝေးပြီးအရိုးတွေလည်း အားပြည့်နေလိမ့်မယ်။
၉ ကိုယ့်မှာရှိတဲ့ အဖိုးတန်ဥစ္စာတွေ၊ ရသမျှ သီးဦးသီးဖျားတွေကို*+ ဆက်သပြီးယေဟောဝါကို ဂုဏ်တင်ပါ။+
၁၀ ဒါဆိုရင် မင်းရဲ့ကျီတွေ ပြည့်နေလိမ့်မယ်။+
မင်းရဲ့စည်တွေလည်း စပျစ်ဝိုင်အသစ်တွေနဲ့ လျှံနေလိမ့်မယ်။
၁၁ ငါ့သား၊ ယေဟောဝါဆုံးမတာကို မငြင်းပယ်ပါနဲ့။+
ဘုရားပဲ့ပြင်တာကို မရွံရှာပါနဲ့။+
၁၂ ဖခင်က ချစ်ရတဲ့သားကို ပဲ့ပြင်သလို+ယေဟောဝါကလည်း ချစ်ရတဲ့သူတွေကို ပဲ့ပြင်တတ်တယ်။+
၁၃ ဉာဏ်ပညာကို ရှာတွေ့တဲ့သူနဲ့ပိုင်းခြားသိမြင်နိုင်စွမ်းကို ရယူတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+
၁၄ ဉာဏ်ပညာကို ရတာဟာ ငွေကိုရတာထက် ပိုသာတယ်။
ဉာဏ်ပညာကို အမြတ်ရတာဟာ ရွှေကိုရတာထက် ပိုသာတယ်။+
၁၅ ဉာဏ်ပညာဟာ သန္တာကျောက်ထက်* အဖိုးတန်တယ်။
လိုချင်သမျှထဲမှာ ဉာဏ်ပညာနဲ့ယှဉ်နိုင်တာ တစ်ခုမှမရှိဘူး။
၁၆ ဉာဏ်ပညာရဲ့ ညာလက်မှာ အသက်ရှည်ခြင်း ရှိတယ်။
ဘယ်လက်မှာ စည်းစိမ်နဲ့ဂုဏ်ကျက်သရေ ရှိတယ်။
၁၇ ဉာဏ်ပညာရဲ့ လမ်းတွေဟာ သာယာတယ်။
လမ်းခရီးတွေဟာ ငြိမ်းချမ်းတယ်။+
၁၈ ဉာဏ်ပညာဟာ ဆုပ်ကိုင်ထားသူအတွက် အသက်ပင်ပဲ။
မလွှတ်တမ်း ကိုင်စွဲထားသူတွေကို ပျော်ရွှင်ချမ်းမြေ့သူတွေလို့ သတ်မှတ်ကြလိမ့်မယ်။+
၁၉ ယေဟောဝါက ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အုတ်မြစ်ချခဲ့တယ်။+
ကောင်းကင်ကို ပိုင်းခြားသိမြင်မှုနဲ့ အခိုင်အမာတည်ခဲ့တယ်။+
၂၀ ဘုရားရဲ့ အသိပညာကြောင့် ရေထုကြီး အက်ကွဲပြီးအုံ့မှိုင်းတဲ့ ကောင်းကင်ကနေ နှင်းတွေ တဖွဲဖွဲကျလာတယ်။+
၂၁ ငါ့သား၊ အဲဒါတွေကို* မျက်ခြည်မပြတ်စေနဲ့။
လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။
၂၂ အဲဒါတွေဟာ မင်းကို အသက်ပေးလိမ့်မယ်။
မင်းရဲ့လည်မှာဆွဲထားတဲ့ အဆင်တန်ဆာ ဖြစ်လိမ့်မယ်။
၂၃ အဲဒီအခါ မင်းဟာ လမ်းခရီးမှာ ဘေးကင်းလုံခြုံစွာ လျှောက်ရလိမ့်မယ်။
ဘယ်တော့မှ ခလုတ်တိုက်လဲမှာ မဟုတ်ဘူး။+
၂၄ မင်း လဲလျောင်းတဲ့အခါ ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။+
လဲလျောင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရလိမ့်မယ်။+
၂၅ ရုတ်တရက်ဖြစ်ပေါ်တဲ့ ထိတ်လန့်စရာတွေကို ကြောက်ရမှာ မဟုတ်ဘူး။+
လူဆိုးတွေအပေါ် ကျရောက်တဲ့ မုန်တိုင်းကိုလည်း ကြောက်ရမှာ မဟုတ်ဘူး။+
၂၆ ယေဟောဝါသာလျှင် မင်း ယုံကြည်အားကိုးနိုင်တဲ့အရှင် ဖြစ်လိမ့်မယ်။+
မင်းရဲ့ခြေကို ထောင်ချောက်မမိအောင် ကာကွယ်ပေးလိမ့်မယ်။+
၂၇ လိုအပ်နေသူတွေကို ကူညီပေးနိုင်စွမ်းရှိတယ်ဆိုရင်+ကူညီဖို့ မတွန့်ဆုတ်ပါနဲ့။+
၂၈ ကိုယ့်အိမ်နီးချင်းကို အခုပေးနိုင်လျက်နဲ့“ပြန်လိုက်ဦး။ မနက်ဖြန်မှ လာခဲ့။ အဲဒီတော့မှ ပေးမယ်” လို့ မပြောပါနဲ့။
၂၉ ကိုယ်နဲ့အတူ စိတ်ချလက်ချ နေထိုင်တဲ့သူကိုအကောက်ကြံဖို့ မစဉ်းစားပါနဲ့။+
၃၀ ကိုယ့်အပေါ် မကောင်းတာ ဘာမှမလုပ်တဲ့သူကို+အကြောင်းမရှိဘဲ အငြင်းမပွားပါနဲ့။+
၃၁ အကြမ်းဖက်သူကို အားမကျပါနဲ့။+
သူ့လမ်းစဉ်တွေကိုလည်း မရွေးချယ်ပါနဲ့။
၃၂ ယေဟောဝါဟာ စဉ်းလဲသူကို ရွံရှာတယ်။+
ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီးတယ်။+
၃၃ ယေဟောဝါက လူဆိုးတွေရဲ့အိမ်ကို ကျိန်စာတိုက်တယ်။+
ဖြောင့်မတ်သူတွေရဲ့ အိမ်ကိုတော့ ကောင်းချီးပေးတယ်။+
၃၄ ကဲ့ရဲ့လှောင်ပြောင်သူတွေကို လှောင်ပြောင်တယ်။+
စိတ်နူးညံ့သူတွေကိုတော့ မျက်နှာသာပေးတယ်။+
၃၅ ဉာဏ်ပညာရှိသူတွေဟာ ဂုဏ်သိက္ခာကို အမွေရလိမ့်မယ်။
လူမိုက်တွေကတော့ ဂုဏ်သိက္ခာမရှိတာကိုပဲ အမွှမ်းတင်တတ်တယ်။+