ပညာအလိမ္မာ ၃၁:၁-၃၁
၃၁ လေမွေလမင်းကြီးရဲ့စကား။ မယ်တော်သွန်သင်ပေးတဲ့ အရေးကြီးစကား–+
၂ ငါ့သား၊ မင်းကို ဘယ်လိုပြောရင် ကောင်းမလဲ။
ငါ့ရင်သွေး၊ မယ်တော် ဘယ်လိုပြောရမလဲ။
သစ္စာကတိပြုပြီးရခဲ့တဲ့ သားရယ်၊ ဘယ်လိုပြောရပါ့မလဲ။+
၃ ကိုယ့်ရဲ့အားမာန်ကို မိန်းမတွေဆီ မပေးလိုက်ပါနဲ့။+
ဘုရင်တွေကိုဖျက်ဆီးတဲ့ လမ်းစဉ်တွေနောက် မလိုက်ပါနဲ့။+
၄ အို လေမွေလ၊ရှင်ဘုရင်မှန်ရင် စပျစ်ဝိုင် မသောက်ရဘူး။
အုပ်စိုးရှင်တွေကလည်း “အရက် ဘယ်မှာလဲ” လို့ မမေးရဘူး။+
၅ အဲဒီလိုသာသောက်နေရင် တရားဥပဒေကို မေ့လျော့ပြီးနိမ့်ကျသူတွေရဲ့ ရပိုင်ခွင့်ကို လျစ်လျူရှုတတ်တယ်။
၆ သေဆုံးတော့မယ့်သူကို အရက်ပေးလိုက်ပါ။+
စိတ်ဆင်းရဲနေသူကို စပျစ်ဝိုင်ပေးလိုက်ပါ။+
၇ သူတို့ သောက်ပါစေ။ ဆင်းရဲမွဲတေနေတဲ့အဖြစ်ကို မေ့သွားပါစေ။
ဒုက္ခတွေကို မေ့ပျောက်သွားပါစေ။
၈ ခုခံပြောဆိုနိုင်စွမ်း မရှိသူတွေကိုယ်စား ပြောဆိုပေးပါ။
သေဆုံးတော့မယ့်သူတွေရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။+
၉ အခိုင်အမာပြောဆိုပြီး ဖြောင့်မတ်စွာ တရားစီရင်ပါ။
နိမ့်ကျသူတွေ၊ ဆင်းရဲသားတွေရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။+
א
၁၀ လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးကို ဘယ်သူ ရှာတွေ့နိုင်သလဲ။+
သူဟာ သန္တာကျောက်ထက်* အဖိုးတန်တယ်။
ב
၁၁ ခင်ပွန်းက သူ့ကို အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။
လိုလေသေးမရှိ ပြည့်စုံနေတယ်။
ג
၁၂ သူဟာ ခင်ပွန်းကို တစ်သက်လုံး ကောင်းကျိုးပြုတယ်။
ခင်ပွန်းအကျိုးပျက်အောင် ဘာမှမလုပ်ဘူး။
ד
၁၃ သိုးမွေးနဲ့ ချည်ချောကို သူ ရအောင်ရှာတယ်။
ကိုယ့်လက်နဲ့ လုပ်ကိုင်ရတာကို နှစ်သက်တယ်။+
ה
၁၄ သူဟာ ကုန်သင်္ဘောတွေနဲ့ တူတယ်။+
အစားအစာကို ရပ်ဝေးကနေ ယူဆောင်လာတတ်တယ်။
ו
၁၅ မိုးမလင်းခင် ထပြီးအိမ်သူအိမ်သားတွေအတွက် စားစရာ ပြင်ဆင်တတ်တယ်။
ကျွန်မတွေအတွက် စားစရာစီစဉ်ပြီး အလုပ်တွေ စီမံခန့်ခွဲပေးတယ်။+
ז
၁၆ သူက အသေအချာ စဉ်းစားပြီး လယ်ကွက်ကို ဝယ်တယ်။
သူ့လုပ်အားနဲ့ စပျစ်ခြံစိုက်တယ်။
ח
၁၇ ပင်ပန်းတဲ့အလုပ်တွေ လုပ်ဖို့ အသင့်ရှိတယ်။+
လက်ကြောတင်းတင်း လုပ်ကိုင်တတ်တယ်။
ט
၁၈ သူ့ရဲ့အရောင်းအဝယ်ကြောင့် အကျိုးအမြတ်ရမှန်း သူသိတယ်။
သူ့မီးခွက်ဟာ ညဘက်မှာလည်း မငြိမ်းဘူး။
י
၁၉ ချည်ရစ်တံနဲ့ ဗိုင်းလိပ်တံကို ကိုင်ပြီးသူချည်ငင်တတ်တယ်။+
כ
၂၀ နိမ့်ကျသူဆီ လက်ကမ်းပေးတယ်။
နွမ်းပါးသူဆီ လက်လှမ်းပေးတယ်။+
ל
၂၁ နှင်းကျလာတဲ့အခါ အိမ်သူအိမ်သားတွေအတွက် စိုးရိမ်နေစရာ မလိုဘူး။
တစ်အိမ်သားလုံး အနွေးထည် ဝတ်ဆင်ထားတယ်။
מ
၂၂ အိပ်ရာဖုံးတွေကို သူကိုယ်တိုင် ရက်လုပ်တယ်။
ချည်ချောထည်နဲ့ ခရမ်းရောင်သိုးမွေးကို ဝတ်ဆင်တယ်။
נ
၂၃ သူ့ခင်ပွန်းဟာ ပြည်မှာရှိတဲ့ အကြီးအကဲတွေနဲ့အတူမြို့တံခါးတွေမှာ ထိုင်တဲ့အခါ လူသိများတဲ့သူ ဖြစ်တယ်။+
ס
၂၄ သူက ချည်ချောထည်တွေ ရက်လုပ်ပြီး ရောင်းတယ်။
ခါးစည်းကြိုးတွေကိုလည်း ကုန်သည်တွေဆီ သွင်းတယ်။
ע
၂၅ ခွန်အားနဲ့ ဂုဏ်ကျက်သရေကို သူဝတ်ဆင်တယ်။
အနာဂတ်ကို ယုံကြည်မှုရှိရှိ မျှော်ကြည့်တယ်။
פ
၂၆ သူ့နှုတ်က ဉာဏ်ပညာစကားကို ပြောတယ်။+
သူ့လျှာမှာ အကြင်နာတရားရှိတယ်။
צ
၂၇ အိမ်သူအိမ်သားတွေရဲ့ ကိစ္စအဝဝကိုဂရုတစိုက် ကြည့်ရှုတတ်တယ်။
ပျင်းရိခြင်း လုံးဝမရှိဘူး။+
ק
၂၈ သားသမီးတွေက ထရပ်ပြီး သူ့ကို ချီးမွမ်းကြတယ်။
ခင်ပွန်းကလည်း ထရပ်ပြီး၊
ר
၂၉ “လုပ်ရည်ကိုင်ရည်ရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိပေမဲ့ငါ့မိန်းမကတော့ အတော်ဆုံးပါပဲ” လို့ချီးမွမ်းတတ်တယ်။
ש
၃၀ ဆွဲဆောင်မှုရှိတာဟာ လှည့်စားတတ်တယ်။ အလှအပကလည်း တာရှည်မခံဘူး။+
ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့ မိန်းမကတော့ ချီးမွမ်းခံရလိမ့်မယ်။+
ת
၃၁ သူ့လုပ်ရပ်အတွက် ဆုချကြပါ။+
သူ့လုပ်ဆောင်မှုတွေကြောင့် မြို့တံခါးတွေမှာ သူ့ကို ချီးမွမ်းကြပါစေ။+