ပညာအလိမ္မာ ၄:၁-၂၇

  • ဖခင်တစ်ယောက်ရဲ့ ပညာရှိသွန်သင်ချက် (၁-၂၇)

    • ဉာဏ်ပညာကို ဆည်းပူးပါ ()

    • မကောင်းတဲ့လမ်းစဉ်ကို ရှောင် (၁၄၊ ၁၅)

    • ဖြောင့်မတ်သူတွေရဲ့လမ်း လင်းသည်ထက်လင်း (၁၈)

    • “စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” (၂၃)

 ငါ့သားတို့၊ ဖခင်ရဲ့ ဆုံးမစကားကို နားထောင်ပါ။+ သိနားလည်နိုင်စွမ်းရဖို့ အာရုံစိုက်ပါ။  ၂  မင်းတို့ကို ငါကောင်းကောင်း သင်ကြားပေးမယ်။ ငါသွန်သင်ပေးတာကို မပစ်ပယ်နဲ့။+  ၃  ငါဟာ အဖေ့ရဲ့ သားလိမ္မာ၊+အမေ့ရဲ့ အချစ်ဆုံးသားပဲ။+  ၄  ငါ့ကို အဖေသွန်သင်ပေးတာက– “ငါ့စကားတွေ မင်းရဲ့စိတ်ထဲမှာ စွဲမြဲနေပါစေ။+ ငါ့ပညတ်ချက်တွေကို စောင့်ထိန်းရင်းနဲ့ အသက်ဆက်ရှင်ပါ။+  ၅  ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ။+ ငါပြောတဲ့စကားတွေကို မမေ့နဲ့၊ လမ်းလွဲမသွားနဲ့။  ၆  ဉာဏ်ပညာကို မပစ်ပယ်နဲ့။ မင်းကို ကာကွယ်ပေးလိမ့်မယ်။ ဉာဏ်ပညာကို ချစ်မြတ်နိုးပါ။ မင်းကို စောင့်ရှောက်လိမ့်မယ်။  ၇  ဉာဏ်ပညာဟာ အရေးကြီးဆုံးပဲ။+ ဒါကြောင့် ဉာဏ်ပညာကို ဆည်းပူးပါ။ ဆည်းပူးနိုင်သမျှထဲမှာ သိနားလည်နိုင်စွမ်းကိုလည်း မပျက်မကွက် ဆည်းပူးပါ။+  ၈  ဉာဏ်ပညာကို အလွန်တန်ဖိုးထားပါ။ မင်းကို ချီးမြှောက်လိမ့်မယ်။+ ဉာဏ်ပညာကို ပိုက်ဖက်ထားတဲ့အတွက် မင်းကို ဂုဏ်တင်လိမ့်မယ်။+  ၉  ဉာဏ်ပညာက မင်းရဲ့ခေါင်းမှာ တင့်တယ်တဲ့ပန်းဦးရစ် တင်ပေးလိမ့်မယ်။ လှပတဲ့သရဖူ ဆောင်းပေးလိမ့်မယ်။” ၁၀  ငါ့သား၊ နားထောင်ပါ။ ငါ့စကားတွေကို လက်ခံပါ။ အဲဒါဆိုရင် မင်းအသက်ရှင်ရမယ့်နှစ်တွေ တာရှည်လိမ့်မယ်။+ ၁၁  မင်းကို ဉာဏ်ပညာလမ်းမှာ ငါလမ်းညွှန်ပေးမယ်။+ ဖြောင့်မှန်တဲ့လမ်းအတိုင်း ဦးဆောင်ခေါ်သွားမယ်။+ ၁၂  မင်း လမ်းလျှောက်တဲ့အခါ ခြေလှမ်းတွေ တားဆီးခံရမှာ မဟုတ်ဘူး။ မင်းပြေးတဲ့အခါ တိုက်မိလဲမှာ မဟုတ်ဘူး။ ၁၃  ဆုံးမမှုကို ကိုင်စွဲထားပါ။ မလွှတ်လိုက်နဲ့။+ ထိန်းသိမ်းထားပါ။ ဆုံးမမှုဟာ အသက်ရှင်စေနိုင်လို့ပဲ။+ ၁၄  လူဆိုးတွေရဲ့လမ်းထဲ မဝင်နဲ့။ လူယုတ်မာတွေရဲ့လမ်းထဲ မလျှောက်နဲ့။+ ၁၅  သူတို့လမ်းကို ရှောင်ရှားပါ။ အဲဒီအတိုင်း မသွားနဲ့။+ သူတို့လမ်းကို ရှောင်သွားလိုက်ပါ။+ ၁၆  သူတို့က မကောင်းတာမလုပ်ရရင် အိပ်မပျော်နိုင်ဘူး။ တစ်ယောက်ယောက်ကို လဲကျအောင် မလုပ်ရရင် မအိပ်စက်နိုင်ဘူး။ ၁၇  ဒုစရိုက်မုန့်ကို စားပြီးအကြမ်းဖက်မှုစပျစ်ဝိုင်ကို သောက်တယ်။ ၁၈  ဖြောင့်မတ်သူတွေရဲ့ လမ်းကတော့ မွန်းတည့်ချိန်ရောက်တဲ့အထိလင်းသည်ထက်လင်းလာတဲ့ အရုဏ်ဦးအလင်းရောင်နဲ့ တူတယ်။+ ၁၉  လူဆိုးတွေရဲ့လမ်းဟာ မှောင်မိုက်နဲ့တူတဲ့အတွက်ဘာကိုတိုက်မိလို့ လဲသွားမှန်း သူတို့မသိကြဘူး။ ၂၀  ငါ့သား၊ ငါ့စကားတွေကို အာရုံစိုက်ပါ။ ငါပြောတဲ့စကားတွေကို အသေအချာ နားထောင်ပါ။ ၂၁  အဲဒီစကားတွေကို မျက်ခြည်မပြတ်စေနဲ့။ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲစေပါ။+ ၂၂  အဲဒီစကားတွေဟာ ရှာတွေ့သူတွေအတွက် အသက်ပဲ။+ တစ်ကိုယ်လုံးကို ကျန်းမာစေတတ်တယ်။ ၂၃  အသက်ဟာ စိတ်နှလုံးမှာ တည်မှီနေလို့အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ။+ ၂၄  ကောက်ကျစ်တဲ့စကားတွေကို ကိုယ့်ဆီကနေ ဖယ်ရှားပါ။+ စဉ်းလဲတဲ့စကားတွေကို ဝေးဝေးရှောင်ပါ။ ၂၅  ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ ရှေ့တည့်တည့်ကိုပဲ စူးစိုက် ကြည့်ပါ။+ ၂၆  ကိုယ်သွားမယ့်လမ်းကို ချောမွေ့စေပါ။*+ မင်းရဲ့လမ်းတွေဟာ လုံခြုံစိတ်ချရလိမ့်မယ်။ ၂၇  ဘယ်ညာ မလွဲသွားပါနဲ့။+ မကောင်းတဲ့လမ်းကို ရှောင်ရှားပါ။

အောက်ခြေမှတ်ချက်များ

“ဂရုတစိုက် ဆင်ခြင်သုံးသပ်ပါ” လည်းဖြစ်နိုင်။