ပညာအလိမ္မာ ၅:၁-၂၃

  • အကျင့်ပျက်မိန်းမကို ရှောင် (၁-၁၄)

  • ဇနီးနဲ့ ပျော်မွေ့ပါ (၁၅-၂၃)

 ငါ့သား၊ ငါပြောတဲ့ ဉာဏ်ပညာစကားကို အာရုံစိုက်ပါ။ ငါသင်ပေးတဲ့ ပိုင်းခြားသိမြင်မှုအကြောင်း အသေအချာ နားထောင်ပါ။+  ၂  ဒါဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ရှောက်နိုင်လိမ့်မယ်။ မင်းရဲ့နှုတ်က အသိပညာကို ထိန်းသိမ်းနိုင်လိမ့်မယ်။+  ၃  ထင်ရာစိုင်းတဲ့* မိန်းမရဲ့နှုတ်ဟာ ပျားရည်လို ချိုတယ်။+ ဆီထက် ညက်ညောတယ်။+  ၄  နောက်ဆုံးမှာတော့ သူဟာ ဒေါနလို* ခါးတယ်။+ အသွားနှစ်ဖက်ရှိတဲ့ဓားလို ထက်တယ်။+  ၅  သူ့ခြေက သေမင်းဆီ ဆင်းသွားတယ်။ သူ့ခြေလှမ်းတွေက သင်္ချိုင်းကို တန်းတန်းမတ်မတ် ပို့ဆောင်တယ်။  ၆  အသက်လမ်းအကြောင်း သူ မစဉ်းစားဘူး။ သူ့လမ်းဟာ ဦးတည်ရာမဲ့နေတော့ ဘယ်ကိုဦးတည်နေမှန်း သူမသိဘူး။  ၇  ငါ့သားတို့၊ အခု ငါပြောတာကို နားထောင်ကြ။ ငါပြောတဲ့စကားကို မပစ်ပယ်ကြနဲ့။  ၈  အဲဒီမိန်းမကို ဝေးဝေးရှောင်ပါ။ သူ့အိမ်ပေါက်ဝနား မသွားနဲ့။+  ၉  သွားခဲ့ရင် ကိုယ့်ဂုဏ်သိက္ခာကို သူတစ်ပါးလက်ထဲ အပ်ရလိမ့်မယ်။+ ခက်ခဲကြမ်းတမ်းတဲ့ နှစ်တွေကို ကြုံရလိမ့်မယ်။+ ၁၀  သူစိမ်းတွေက မင်းရဲ့ အစွမ်းအစတွေကို တတိတိ ဖဲ့ယူသွားလိမ့်မယ်။+ မင်း ပင်ပင်ပန်းပန်း ရှာထားတာတွေ တခြားသူရဲ့အိမ်ကို ရောက်သွားလိမ့်မယ်။ ၁၁  ချုံးချုံးကျပြီးဘဝဇာတ်သိမ်းချိန်မှာ ညည်းတွားနေရလိမ့်မယ်။+ ၁၂  အဲဒီအခါ မင်းက “ဆုံးမမှုကို ငါသိပ်မုန်းခဲ့တာ။ ပဲ့ပြင်မှုကိုလည်း စိတ်ထဲမှာ ပစ်ပစ်ခါခါ ငြင်းခဲ့တာ။ ၁၃  သွန်သင်ပေးသူတွေရဲ့ စကားကို ငါနားမထောင်ခဲ့ဘူး။ ဆရာသမားတွေရဲ့ စကားကိုလည်း အရေးမလုပ်ခဲ့ဘူး။ ၁၄  ဒါကြောင့် ငါဟာ လူစုလူဝေးကြီးရှေ့မှာပျက်စီးခြင်းနှုတ်ခမ်းဝကို ရောက်နေပြီ” ဆိုပြီး ညည်းတွားရလိမ့်မယ်။+ ၁၅  ကိုယ့်ရေလှောင်ကန်ထဲက ရေကိုပဲ သောက်ပါ။ ကိုယ့်တွင်းကထွက်တဲ့ ရေကိုပဲ သောက်ပါ။+ ၁၆  မင်းရဲ့ရေတွေ အပြင်ဘက်ကို စီးထွက်သင့်သလား။ မင်းရဲ့ရေစီးကြောင်းတွေ လူထုရင်ပြင်တွေမှာ ဖြာထွက်သင့်သလား။+ ၁၇  အဲဒီရေတွေဟာ မင်းတစ်ယောက်တည်းအတွက်ပဲ ဖြစ်ပါစေ။ သူစိမ်းတွေကို မျှဝေမပေးနဲ့။+ ၁၈  မင်းတစ်ဦးတည်းပိုင်တဲ့ စမ်းရေတွင်းဟာ ကောင်းချီးခံစားရပါစေ။ မင်းရဲ့ ငယ်ပေါင်းဇနီးနဲ့အတူ ပျော်မွေ့နိုင်ပါစေ။+ ၁၉  သူဟာ ချစ်စရာသမင်မ၊ လှပကြော့ရှင်းတဲ့ တောင်ဆိတ်ပဲ။+ သူ့ရင်သားတွေဟာ မင်းကို အမြဲကျေနပ်မှုပေးပါစေ။ သူ့ကိုချစ်တဲ့စိတ်ဟာ မင်းကို အမြဲဖမ်းစားနေပါစေ။+ ၂၀  ငါ့သား၊ ထင်ရာစိုင်းတဲ့* မိန်းမကို ဘာလို့ စွဲလမ်းနေတာလဲ။ မိန်းမပျက်ကို* ဘာလို့ ပွေ့ဖက်နေတာလဲ။+ ၂၁  ယေဟောဝါက လူတွေရဲ့လမ်းစဉ်ကို တွေ့မြင်တယ်။ သူသွားတဲ့လမ်းမှန်သမျှကို စစ်ဆေးတယ်။+ ၂၂  လူဆိုးက ကိုယ့်အမှားနဲ့ကိုယ် ကျော့ကွင်းမိလိမ့်မယ်။ ကိုယ့်အပြစ်နဲ့ကိုယ် ကြိုးကွင်းမိလိမ့်မယ်။+ ၂၃  ဆုံးမမှုကို လက်မခံတဲ့အတွက် သေဆုံးရလိမ့်မယ်။ ကမ်းကုန်အောင် မိုက်မဲတဲ့အတွက် လမ်းလွဲသွားလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သူစိမ်း။” ပ ၂:၁၆ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
မူရင်း၊ “သူစိမ်း။” ပ ၂:၁၆ ကိုကြည့်။
မူရင်း၊ “တိုင်းတစ်ပါးသူ။” ပ ၂:၁၆ ကိုကြည့်။