ပညာအလိမ္မာ ၈:၁-၃၆

  • ပုဂ္ဂိုလ်တစ်ဦးနဲ့ တင်စားခံရတဲ့ ဉာဏ်ပညာ ပြောဆို (၁-၃၆)

    • “ဖန်ဆင်းရာတွေထဲမှာ ငါဟာ ဦးဆုံးပဲ” (၂၂)

    • ‘ဘုရားရဲ့ဘေးမှာ ကျွမ်းကျင်လုပ်သားအဖြစ်’ (၃၀)

    • ‘လူသားတွေကို ငါသိပ်ချစ်မြတ်နိုးတယ်’ (၃၁)

၈  ဉာဏ်ပညာက အော်ခေါ်နေတယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းက ကြွေးကြော်နေတယ်။+  ၂  ဉာဏ်ပညာက လမ်းတစ်လျှောက်မှာရှိတဲ့ မြင့်တဲ့နေရာတွေမှာ၊+လမ်းဆုံလမ်းခွတွေမှာ နေရာယူထားတယ်။  ၃  ဉာဏ်ပညာက မြို့တံခါးတွေနားမှာ၊ဝင်ပေါက်တံခါးကြီးတွေမှာကြွေးကြော်နေတယ်–+  ၄  “အို လူတို့၊ မင်းတို့ကို ငါ အော်ခေါ်နေတယ်။ လူတိုင်းကြားအောင် ငါ အော်ပြောနေတယ်။  ၅  အတွေ့အကြုံမရှိသူတို့၊ အမြော်အမြင်ရှိဖို့ သင်ယူပါ။+ လူမိုက်တို့၊ သိနားလည်နိုင်စွမ်းရှိတဲ့ စိတ်နှလုံးကို ရယူပါ။  ၆  နားထောင်ကြ။ ငါပြောတဲ့စကားဟာ အရေးကြီးတယ်။ ငါ့နှုတ်က မှန်ရာကို ပြောတယ်။  ၇  မှန်သောစကားကို တိုးတိုးလေးပြောတယ်။ မုသားစကားကို ငါရွံမုန်းတယ်။  ၈  ငါ့နှုတ်ကထွက်သမျှ စကားတွေဟာ ဖြောင့်မတ်တယ်။ လိမ်လည်လှည့်စားတာ၊ ကောက်ကျစ်တာ လုံးဝမပါဘူး။  ၉  အဲဒီစကားတွေက ပိုင်းခြားသိမြင်တတ်သူအတွက် ရိုးရှင်းတယ်။ အသိပညာ ရှာတွေ့သူတွေအတွက် မှန်ကန်တယ်။ ၁၀  ငွေအစား ငါ့ရဲ့ဆုံးမစကားကို ရွေးချယ်ပါ။ ရွှေစင်အစား အသိပညာကို ရွေးချယ်ပါ။+ ၁၁  ဉာဏ်ပညာဟာ သန္တာကျောက်ထက်* သာတယ်။ လိုချင်သမျှထဲမှာ ဉာဏ်ပညာနဲ့ယှဉ်နိုင်တာ တစ်ခုမှမရှိဘူး။ ၁၂  ဉာဏ်ပညာဆိုတဲ့ ငါဟာ အမြော်အမြင်ရှိခြင်းနဲ့အတူ နေထိုင်တယ်။ အသိပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ငါပိုင်ဆိုင်တယ်။+ ၁၃  ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဆိုတာ မကောင်းမှုကို မုန်းတီးခြင်းပဲ။+ ကိုယ့်ဂုဏ်ကိုယ်ဖော်တာ၊ မာနကြီးတာ၊+ ဒုစရိုက်လမ်းစဉ် လိုက်တာ၊ မဟုတ်မမှန် ပြောဆိုတာကို ငါမုန်းတယ်။+ ၁၄  အကြံဉာဏ်ကောင်းနဲ့ လက်တွေ့ကျဉာဏ်ပညာကို ငါပိုင်ဆိုင်တယ်။+ သိနားလည်မှုနဲ့+ အစွမ်းတန်ခိုးဟာ+ ငါ့ဥစ္စာပဲ။ ၁၅  ငါ့အားကိုးနဲ့ ဘုရင်တွေ အုပ်စိုးတယ်။ မင်းအရာရှိတွေလည်း ဖြောင့်မတ်တဲ့အမိန့်ကို ချမှတ်တယ်။+ ၁၆  ငါ့အားကိုးနဲ့ မင်းညီမင်းသားတွေ အုပ်ချုပ်တယ်။ မှူးမတ်တွေလည်း ဖြောင့်မတ်စွာ တရားစီရင်တယ်။ ၁၇  ငါ့ကို နှစ်သက်မြတ်နိုးသူတွေကို ငါနှစ်သက်မြတ်နိုးတယ်။ ငါ့ကိုရှာတဲ့သူတွေ ငါ့ကိုတွေ့လိမ့်မယ်။+ ၁၈  စည်းစိမ်၊ ဂုဏ်ကျက်သရေ၊တည်မြဲတဲ့ကြွယ်ဝမှုနဲ့ ဖြောင့်မတ်မှုက ငါနဲ့အတူရှိတယ်။ ၁၉  ငါ့ဆီကရမယ့် အကျိုးကျေးဇူးတွေဟာ ရွှေထက်မက ရွှေစင်ထက်တောင် ပိုသာတယ်။ ငါပေးမယ့်အရာတွေဟာ ငွေစင်ထက်တောင် ပိုသာတယ်။+ ၂၀  ဖြောင့်မတ်တဲ့လမ်းမှာ၊တရားမျှတတဲ့ လမ်းတွေအလယ်မှာ ငါလျှောက်တယ်။ ၂၁  ငါ့ကို နှစ်သက်မြတ်နိုးသူတွေကို တန်ဖိုးကြီးတဲ့အမွေ ငါပေးတယ်။ သူတို့ရဲ့သိုလှောင်ရုံတွေကို ပြည့်စေတယ်။ ၂၂  ယေဟောဝါက ငါ့ကိုဖြစ်ပေါ်စေခဲ့တယ်။ ဘုရား ဖန်ဆင်းရာတွေထဲမှာ ငါဟာ ဦးဆုံးပဲ။+ ဟိုးအချိန်က ဘုရားပြီးမြောက်ခဲ့ရာတွေထဲမှာ ငါဟာ အဦးအဖျားပဲ။+ ၂၃  ရှေးကတည်းက၊ အစအဦးကတည်းက၊+ကမ္ဘာမြေ မတည်ရှိခင်ကတည်းက ငါ့ကို တည်ရှိစေခဲ့တယ်။+ ၂၄  နက်ရှိုင်းတဲ့ရေထု မရှိခင်ကတည်းက၊+စီးဆင်းတဲ့စမ်းချောင်းတွေ မရှိခင်ကတည်းက ငါ့ကိုမွေးထုတ်ခဲ့တယ်။ ၂၅  တောင်တန်းတောင်ကုန်းတွေကို ဘုရား နေရာမချခင်ကတည်းက၊ ၂၆  ကမ္ဘာမြေနဲ့ လယ်ကွင်းတွေ၊ ဦးဆုံး မြေစိုင်မြေခဲတွေကို မဖန်ဆင်းခင်ကတည်းကငါ့ကို မွေးထုတ်ခဲ့တယ်။ ၂၇  ကောင်းကင်ကို ဘုရားပြင်ဆင်တဲ့အခါ+ ငါရှိနေခဲ့တယ်။ ရေပြင်ပေါ် မိုးကုပ်စက်ဝိုင်းကို သတ်မှတ်တဲ့အခါ၊+ ၂၈  အထက်မိုးတိမ်တွေကို တည်စေတဲ့အခါ၊နက်ရှိုင်းတဲ့ ရေထုကြီးကို တည်မြဲစေတဲ့အခါ၊ ၂၉  ကန့်သတ်ထားတာထက် ကျော်လွန်ပြီး မလာဖို့ပင်လယ်ရေကို ဘုရားမိန့်မှာတဲ့အခါ၊+ကမ္ဘာမြေရဲ့ အုတ်မြစ်တွေကို တည်တဲ့အခါ၊ ၃၀  ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ငါရှိနေခဲ့တယ်။+ ဘုရားက ငါ့ကို တစ်နေ့ထက် တစ်နေ့ ချစ်မြတ်နိုးလာတယ်။+ ရှေ့တော်မှာ ငါအမြဲဝမ်းမြောက်နေတယ်။+ ၃၁  လူနေထိုင်ရာ ကမ္ဘာမြေကို ကြည့်ပြီး ငါဝမ်းမြောက်တယ်။ လူသားတွေကို ငါသိပ်ချစ်မြတ်နိုးတယ်။ ၃၂  ငါ့သားတို့၊ အခု ငါပြောတာကို နားထောင်ကြ။ ငါ့လမ်းစဉ်တွေအတိုင်း လိုက်နာသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၃၃  ဆုံးမစကားကို နားထောင်ပါ။+ ဉာဏ်ပညာရှိပါ။ ဘယ်တော့မှ လျစ်လျူမရှုနဲ့။ ၃၄  ငါပြောတာကို နားထောင်ဖို့နေ့တိုင်း ငါ့တံခါးပေါက်ဆီ စောစောလာပြီးတံခါးဘေးမှာ စောင့်ဆိုင်းတတ်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ၃၅  ငါ့ကို ရှာတွေ့တဲ့သူဟာ အသက်ကို တွေ့လိမ့်မယ်။+ ယေဟောဝါရဲ့ မျက်နှာသာကို ရလိမ့်မယ်။ ၃၆  ငါ့ကို မသိကျိုးကျွန်လုပ်တဲ့သူကတော့ ကိုယ့်အကျိုးနစ်နာအောင် လုပ်တဲ့သူပဲ။ ငါ့ကိုမုန်းတဲ့သူတွေဟာ သေခြင်းကို နှစ်သက်တဲ့သူတွေပဲ။”+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။