ပညာအလိမ္မာ ၉:၁-၁၈
၉ စစ်မှန်တဲ့ဉာဏ်ပညာက အိမ်ကိုဆောက်တယ်။
တိုင်ခုနစ်တိုင်ကို စိုက်ထူတယ်။
၂ အသားတွေကို ကောင်းကောင်းပြင်ဆင်ပြီးစပျစ်ဝိုင်ကို ရောစပ်ထားတယ်။
စားပွဲကိုလည်း ခင်းကျင်းထားတယ်။
၃ ကျွန်မတွေကို လွှတ်ပြီးမြို့ရဲ့ မြင့်တဲ့နေရာတွေကနေ+
၄ “အတွေ့အကြုံမရှိသူတို့၊ ဒီကိုလာကြ” လို့ အော်ပြောခိုင်းတယ်။
ဆင်ခြင်ဉာဏ်မရှိသူတွေ* ကိုလည်း
၅ “လာကြ။ ငါပြင်ဆင်ထားတဲ့ အစားအစာကို လာစားကြ။
ငါရောစပ်ထားတဲ့ စပျစ်ဝိုင်ကို သောက်ကြ။
၆ မင်းတို့ရဲ့ အတွေ့အကြုံ မရှိတဲ့အဖြစ်ကို ထားခဲ့ပြီး အသက်ရှင်ပါ။+
သိနားလည်မှုလမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်လှမ်းပါ” လို့ပြောတယ်။+
၇ ကဲ့ရဲ့လှောင်ပြောင်သူကို တည့်မတ်တဲ့သူဟာ အရှက်ကွဲခြင်းကို လက်ယပ်ခေါ်နေတာပဲ။+
လူဆိုးကို ပဲ့ပြင်တဲ့သူဟာ ထိခိုက်နစ်နာရလိမ့်မယ်။
၈ ကဲ့ရဲ့လှောင်ပြောင်သူကို မပဲ့ပြင်နဲ့။ မင်းကို မုန်းလိမ့်မယ်။+
ဉာဏ်ပညာရှိသူကို ပဲ့ပြင်ပါ။ မင်းကို ချစ်လိမ့်မယ်။+
၉ ဉာဏ်ပညာရှိသူကို ဝေမျှပါ။ သူ ဉာဏ်ပညာ ပိုရှိလာလိမ့်မယ်။+
ဖြောင့်မတ်သူကို သင်ကြားပါ။ သူ ပိုတတ်မြောက်လာလိမ့်မယ်။
၁၀ ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။+
အသန့်ရှင်းဆုံးအရှင်ရဲ့ အကြောင်းကို သိရှိခြင်းဟာ+ သိနားလည်မှုပဲ။
၁၁ ငါ့ကြောင့် မင်းရဲ့နေ့တွေ တိုးများလိမ့်မယ်။+
မင်း အသက်ရှင်ရတဲ့နှစ်တွေ တာရှည်လိမ့်မယ်။
၁၂ မင်းသာ ဉာဏ်ပညာရှိမယ်ဆိုရင် မင်းပဲ အကျိုးခံစားရမယ်။
ကဲ့ရဲ့လှောင်ပြောင်သူဖြစ်ရင်တော့ မင်းပဲ ပြန်ခံရမယ်။
၁၃ မိုက်မဲတဲ့မိန်းမဟာ အသံကျယ်တယ်။+
ဗဟုသုတမရှိတဲ့အပြင် ဘာဆိုဘာမှမသိဘူး။
၁၄ သူက အိမ်ပေါက်ဝမှာ၊မြို့ရဲ့ မြင့်တဲ့နေရာတွေမှာ ထိုင်ပြီး+
၁၅ လမ်းသွားလမ်းလာတွေ၊ကိုယ့်လမ်းကိုယ် သွားနေသူတွေကို
၁၆ “အတွေ့အကြုံ မရှိသူတို့၊ ဒီကိုလာကြ” လို့ခေါ်တတ်တယ်။
ဆင်ခြင်ဉာဏ်မရှိသူတွေ* ကိုလည်း+
၁၇ “ခိုးသောက်ရတဲ့ ရေက ချိုတယ်။
ဝှက်ပြီး စားရတဲ့အစာကလည်း အရသာရှိတယ်” လို့ပြောတတ်တယ်။+
၁၈ ဒါပေမဲ့ အစွမ်းမရှိတော့တဲ့ လူသေတွေ သူ့အိမ်မှာရှိနေမှန်း၊သူ့ဆီလာတဲ့ ဧည့်သည်တွေဟာ သင်္ချိုင်းရဲ့ နက်ရှိုင်းတဲ့အရပ်တွေမှာ ရှိနေမှန်း အဲဒီလူတွေ မသိကြဘူး။+