ဖိလေမုန် ၁:၁-၂၅

  • နှုတ်​ခွန်း​ဆက်​စ​ကား (၁-၃)

  • ဖိလေမုန်​ရဲ့ မေတ္တာ​နဲ့ ယုံ​ကြည်​ခြင်း (၄-၇)

  • သြနေ​သိမ်​အတွက် ပေါ​လု​ရဲ့ မေတ္တာရပ်ခံချက် (၈-၂၂)

  • နောက်​ဆုံး နှုတ်​ဆက်​စ​ကား (၂၃-၂၅)

၁  ခ​ရစ်​တော်  ယေရှု​ကို ယုံ​ကြည်​လို့  အကျဉ်း​သား​ ဖြစ်​နေ​တဲ့​ ကျွန်​တော်​ပေါလု​နဲ့+  ညီ​အစ်​ကို​တိမောသေက+  ချစ်မြတ်​နိုး​ရ​တဲ့  လုပ်​ဖော်​ဆောင်​ဖက် ဖိလေမုန်​နဲ့၊ ၂  ညီ​အစ်​မ အပ္ပိ၊ ရဲ​ဘော်ရဲ​ဘက် အာ​ခိပ္ပု၊+  ဖိလေ​မုန်​ရဲ့​အိမ်​မှာ စု​ဝေး​တဲ့ အသင်း​တော်​ဆီ+ စာ​ရေး​လိုက်​ပါ​တယ်။ ၃  အဖဘု​ရား​သခင်​နဲ့ သခင်​ယေရှု​ခရစ်​ဆီ​က မဟာ​က​ရု​ဏာ​နဲ့ ငြိမ်​သက်​ခြင်း​ကို ခင်​ဗျား​တို့ ခံ​စား​ရ​ပါ​စေ။ ၄  ညီ​အစ်​ကို ဖိလေမုန်၊ ကျွန်တော့်​ ဆု​တောင်း​ချက်​ထဲ​မှာ  ခင်​ဗျားရဲ့​အ​ကြောင်း  ထည့်​တောင်း​တဲ့​အခါ​တိုင်း ဘု​ရား​သခင်​ကို ကျေး​ဇူး​တင်​ပါ​တယ်။+ ၅  ခင်​ဗျားရဲ့ ယုံ​ကြည်​ခြင်း​အကြောင်း၊ သခင်​ယေရှု​နဲ့ သန့်​ရှင်း​သူ​အား​လုံး​ကို ခင်ဗျား  ချစ်မြတ်​နိုး​တဲ့​အကြောင်း​ ကျွန်တော်  အမြဲကြား​နေ​ရလို့​ပါ။ ၆  ခင်ဗျား​ဆီ​မှာ​ရော တ​ခြား​သူ​တွေ​ဆီ​မှာ​ပါ​ရှိ​တဲ့  ယုံ​ကြည်​ခြင်း​က  ခ​ရစ်​တော်​အား​ဖြင့် ရ​ရှိ​ထား​တဲ့  ကောင်း​ချီး​အား​လုံး​ကို အသိ​အမှတ်​ပြု​လာ​အောင် ခင်ဗျား​ကို  လှုံ့​ဆော်​ပေး​ပါ​စေ​လို့  ဆု​တောင်း​တယ်။ ၇  ခင်​ဗျားရဲ့ မေတ္တာ​အကြောင်း ကြား​သိ​ရလို့ ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ပြီး နှစ်​သိမ့်​မှု  ခံ​စား​ရ​ပါ​တယ်။  ခင်​ဗျား​ကြောင့် သန့်​ရှင်း​သူ​တွေ စိတ်​လန်း​ဆန်း​ခဲ့ရ​တယ်။ ၈  ခ​ရစ်​တော်ရဲ့  တမန်​တော်​အ​နေ​နဲ့ ကျွန်​တော်​က ခင်​ဗျား​ဘာ​လုပ်​သင့်​တယ်​ဆို​တာ ရဲရဲ​ဝံ့​ဝံ့​ပြော​ဆို​ခွင့်*  ရှိ​ပေမဲ့၊ ၉  ခင်​ဗျား​ပြတဲ့  မေတ္တာ​ကို ထောက်​ပြီး မေတ္တာရပ်​ခံ​ပါ​တယ်။ ကျွန်​တော်​ပေါ​လု​က​တော့ ခ​ရစ်​တော်​ယေရှု​ကို  ယုံ​ကြည်​လို့  အကျဉ်း​ကျ​နေ​တဲ့ သက်ကြီး​ရွယ်​အို  တစ်​ယောက်​ပါ။ ၁၀  ကျွန်​တော် အကျဉ်း​ကျ​နေ​တုန်း​မှာ သား​အရင်း​လို ဖြစ်​လာ​တဲ့+ သြနေ​သိမ်​အတွက်+  မေတ္တာရပ်​ခံ​နေ​တာ​ပါ။ ၁၁  သူ​ဟာ ခင်​ဗျား​အတွက် အသုံး​မဝင်​သူ ဖြစ်​ခဲ့​ပေမဲ့ အခု​တော့ ခင်​ဗျား​အတွက်​ရော ကျွန်​တော့်​အတွက်​ပါ အသုံး​ဝင်​သူ ဖြစ်​လာ​ပြီ။ ၁၂  ကျွန်​တော့်ရဲ့  ရင်​နှစ်​သည်း​ချာ​ဖြစ်​တဲ့ သူ့​ကို ခင်​ဗျား​ဆီ ပြန်​လွှတ်​လိုက်​တယ်။ ၁၃  သတင်း​ကောင်း​ဟော​လို့​ အကျဉ်း​ကျ​နေ​ချိန်​အတွင်း+ ကျွန်​တော့်​ကို အလုပ်​အကျွေး​ပြု​ဖို့ ခင်​ဗျား​ကိုယ်​စား  သူ့​ကို ခေါ်​ထား​ချင်​တာ။ ၁၄  ဒါ​ပေမဲ့ ခင်​ဗျား​ဆီ​က အခွင့်​မရ​ဘဲ ဘာ​မှ​မလုပ်​ချင်​ဘူး။ အတင်း​အကျပ်​ခိုင်း​လို့ မဟုတ်​ဘဲ  စိတ်​လို​ကိုယ်​လျောက် ကောင်း​မှု​ပြု​တာ​မျိုး ခင်​ဗျား​ကို ဖြစ်​စေ​ချင်​တယ်။+ ၁၅  သူ  ခ​ဏ​လေး ထွက်​ပြေး​သွား​တာ​ဟာ သူ့​ကို အမြဲပြန်​ခေါ်​ထား​ဖို့ အကြောင်း​ဖန်​စေ​တာ​လည်း ဖြစ်​နိုင်​တာ​ပဲ။ ၁၆  သူ​ဟာ  ကျွန်​မဟုတ်​တော့​ဘူး။+ ကျွန်​ထက်​မက ပို​သွား​ပြီ။  ကျွန်​တော်​တောင်  သူ့​ကို သိပ်​ချစ်​မှ​တော့ ခင်​ဗျား​ဆို​ရင် ကျွန်​လည်း​ဖြစ်၊ ခ​ရစ်​ယာန်​ညီ​အစ်​ကို​လည်း ဖြစ်​လာတဲ့ သူ့​ကို ပို​လို့​တောင် ချစ်​မှာ​ပဲ။+ ၁၇  ဒါ​ကြောင့် ကျွန်​တော့်​ကို မိတ်​ဆွေ​လို​ သဘော​ထား​တယ်​ဆို​ရင် ကျွန်​တော့်​ကို လက်​ခံ​သလို သူ့​ကို​လည်း ကြည်​ကြည်​ဖြူ​ဖြူ လက်​ခံ​ပေး​ပါ။ ၁၈  သူ​ပြစ်​မှား​ခဲ့​တာ​ရှိ​ရင်၊   ခင်​ဗျား​အပေါ် အကြွေး​တင်​နေ​ရင် ကျွန်​တော် တာ​ဝန်​ယူ​ပါ့​မယ်။ ၁၉  သူ့​အကြွေး​ကို ဆပ်ပါ့​မယ်​ဆို​တဲ့​အကြောင်း ကျွန်​တော်​ပေါ​လု​ကိုယ်​တိုင် စာ​ရေး​လိုက်​ပါ​တယ်။ တကယ်​တော့ ခင်​ဗျား​လည်း ကျွန်​တော့်​ကျေး​ဇူး​နဲ့ မကင်း​မှန်း ခင်​ဗျား​သိ​နေ​တာ​ပဲ။ ၂၀  ကျွန်​တော်​တို့​နှစ်​ယောက်​စလုံး​ဟာ သခင်​ရဲ့​တ​ပည့်တွေ​ပါ။ ဒါ​ကြောင့် ကျွန်​တော် အကူ​အညီ​တောင်း​တာ​ကို  လိုက်​လျော​ပေး​ပါ။ ခရစ်​တော်ရဲ့ တ​ပည့်​အနေ​နဲ့ ကျွန်​တော့်​ကို စိတ်​လန်း​ဆန်း​စေ​ပါ။ ၂၁  ကျွန်​တော်​ပြော​တာ​ကို ခင်​ဗျား လိုက်​လျော​မယ်​ဆို​တာ  စိတ်​ချ​နေ​တယ်။ ပြော​တာ​ထက်​တောင် ပို​ပြီး လိုက်​လျော​မယ်​ဆို​တာ  သိ​နေ​လို့ ခင်ဗျား​ဆီ အခု​လို ရေး​လိုက်​တာ​ပါ။ ၂၂  ပြီး​တော့ ကျွန်​တော် တည်း​ခို​နိုင်​အောင်​လည်း ပြင်​ဆင်​ထား​ပေး​ပါ​ဦး။ ခင်​ဗျား​တို့​ရဲ့ ဆု​တောင်း​ချက်​ကြောင့် မကြာ​ခင် လွတ်​မြောက်​ပြီး ခင်​ဗျား​တို့​ဆီ ရောက်​လာ​ဖို့ မျှော်​လင့်​တယ်။+ ၂၃  ခ​ရစ်​တော်​ယေရှု​ကို ယုံ​ကြည်​လို့ အတူ​အကျဉ်း​ကျ​နေ​တဲ့ ဧ​ပဖြက+ ခင်​ဗျား​ကို  နှုတ်​ဆက်​လိုက်​တယ်။ ၂၄  လုပ်​ဖော်​ဆောင်​ဖက်​တွေ​ဖြစ်​တဲ့   မာကု၊  အာ​ရိတ္တာ​ခု၊+  ဒေ​မ၊+ လုကာတို့ကလည်း+   နှုတ်​ဆက်​လိုက်​တယ်။ ၂၅  ခင်​ဗျား​တို့​ရဲ့ မွန်မြတ်​တဲ့ စိတ်​ထား​ကြောင့် သခင်​ယေရှု​ခ​ရစ်ရဲ့ မဟာ​က​ရု​ဏာ​ကို ခံ​စား​ရ​ပါ​စေ။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။