ဗျာဒိတ် ၁၀:၁-၁၁

  • ခွန်အားကြီး ကောင်းကင်တမန်တစ်ပါး စာလိပ်ငယ်ကို ကိုင်ထား (၁-၇)

    • “နှောင့်နှေးမှာ မဟုတ်” ()

    • မြင့်မြတ်တဲ့လျှို့ဝှက်ချက် ပြီးဆုံး ()

  • စာလိပ်ငယ်ကို ယောဟန်စား (၈-၁၁)

၁၀  အဲဒီနောက်  ခွန်အားကြီးတဲ့ ကောင်းကင်တမန် နောက်တစ်ပါးက မိုးတိမ်ကို ဝတ်ဆင်ပြီး ကောင်းကင်ကနေ ဆင်းလာတာကို ကျွန်တော် မြင်တယ်။ သူ့ခေါင်းပေါ်မှာ သက်တံရှိတယ်။ မျက်နှာက နေနဲ့တူပြီး+ ခြေထောက်က မီးတိုင်နဲ့တူတယ်။ ၂  ဖွင့်ထားတဲ့ စာလိပ်ငယ်တစ်လိပ်ကို သူ ကိုင်ထားတယ်။ ညာဘက်ခြေထောက်ကို ပင်လယ်ပေါ်မှာ၊ ဘယ်ဘက်ခြေထောက်ကို ကုန်းမြေပေါ်မှာ ချထားတယ်။ ၃  ခြင်္သေ့ဟိန်းသံလို ကျယ်တဲ့အသံနဲ့ သူကြွေးကြော်တယ်။+ သူကြွေးကြော်လိုက်တဲ့အခါ မိုးခြိမ်းသံခုနစ်သံကနေ+ စကားသံ ထွက်ပေါ်လာတယ်။ ၄  မိုးခြိမ်းသံခုနစ်သံကနေ  စကားသံထွက်လာတဲ့အခါ ကျွန်တော် ရေးမှတ်မယ်လုပ်တော့  ကောင်းကင်က အသံတစ်သံက+  “မိုးခြိမ်းသံခုနစ်သံကနေ  ထွက်လာတဲ့  စကားတွေကို တံဆိပ်ခတ်ပါ။ မရေးမှတ်ပါနဲ့” လို့ပြောတာကို ကြားတယ်။ ၅  ကျွန်တော်မြင်ခဲ့တဲ့ ပင်လယ်နဲ့ ကုန်းမြေပေါ်ရပ်နေတဲ့ ကောင်းကင်တမန်ဟာ ညာလက်ကို ကောင်းကင်ဆီ မြှောက်လိုက်တယ်။ ၆  ကောင်းကင်နဲ့ ကောင်းကင်ပေါ်မှာရှိတဲ့ အရာတွေ၊ မြေကြီးနဲ့ မြေကြီးပေါ်မှာရှိတဲ့အရာတွေ၊ ပင်လယ်နဲ့ ပင်လယ်ထဲမှာရှိတဲ့အရာတွေကို ဖန်ဆင်းပြီး+ အစဉ်ထာဝရ အသက်ရှင်တဲ့ အရှင်ကို+ သူတိုင်တည်ကျိန်ဆိုတာက “ဘုရားသခင်ဟာ နှောင့်နှေးမှာ မဟုတ်ဘူး။ ၇  မိမိရဲ့ကျွန် ပရောဖက်တွေကို+ ကြေညာထားတဲ့ သတင်းကောင်းနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်ဟာ+  သတ္တမကောင်းကင်တမန်+  ခရာမှုတ်မယ့်အချိန်မှာ+ တကယ် ပြီးဆုံးသွားမယ်။” ၈  အဲဒီနောက်  ကောင်းကင်ကအသံ+ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး “ပင်လယ်နဲ့ ကုန်းမြေပေါ်မှာ ရပ်နေတဲ့ ကောင်းကင်တမန်လက်ထဲက ဖွင့်ထားတဲ့ စာလိပ်ကိုသွားယူပါ”+  လို့ကျွန်တော့်ကို ပြောတယ်။ ၉  ကျွန်တော်လည်း အဲဒီကောင်းကင်တမန်ဆီ သွားပြီး စာလိပ်ငယ်ပေးပါလို့ တောင်းတယ်။ သူက “စာလိပ်ကို ယူစားလိုက်ပါ။+ ဝမ်းထဲမှာ ခါးနေလိမ့်မယ်။ ခံတွင်းထဲမှာတော့ ပျားရည်လို ချိုလိမ့်မယ်” လို့ ပြောတယ်။ ၁၀  ကောင်းကင်တမန်လက်ထဲက စာလိပ်ငယ်ကို ကျွန်တော် ယူစားလိုက်တဲ့အခါ+ ခံတွင်းထဲမှာ ပျားရည်လို ချိုနေတယ်။+ ဒါပေမဲ့ စားပြီးတဲ့အခါ ဝမ်းထဲမှာ ခါးနေတယ်။ ၁၁  “မင်းက လူစုတွေ၊ လူမျိုးတွေ၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ၊ ရှင်ဘုရင်တွေနဲ့ပတ်သက်ပြီး နောက်တစ်ကြိမ် ပရောဖက်ပြုရမယ်” လို့ ပြောတဲ့အသံကို ကျွန်တော် ကြားတယ်။

အောက်ခြေမှတ်ချက်များ