ဗျာဒိတ် ၁၇:၁-၁၈

  • “မဟာဗာဗုလုန်” အပေါ် တရားစီရင်ချက် (၁-၁၈)

    • နီမြန်းတဲ့သားရဲအပေါ် ထိုင်နေတဲ့ ပြည့်တန်ဆာကြီး (၁-၃)

    • သားရဲဟာ ‘ရှိခဲ့ပေမဲ့ မရှိတော့။ မကြာခင် တွင်းနက်ကြီးထဲကနေ တက်လာ’ ()

    • ချိုဆယ်ချောင်းက သိုးသငယ်နဲ့ စစ်တိုက် (၁၂-၁၄)

    • ချိုဆယ်ချောင်းက ပြည့်တန်ဆာကိုမုန်း (၁၆၊ ၁၇)

၁၇  အဲဒီနောက် ဖလားခုနစ်လုံးကိုင်တဲ့ ကောင်းကင်တမန်ခုနစ်ပါးထဲက+ တစ်ပါး ရောက်လာပြီး “လာပါ။ ရေထုအပေါ်ထိုင်နေတဲ့ ပြည့်တန်ဆာကြီး ဘယ်လို အပြစ်ဒဏ်ခံရတော့မယ်ဆိုတာ ပြမယ်။+ ၂  ကမ္ဘာ့အုပ်စိုးရှင်တွေက သူနဲ့ လိင်အကျင့်ယိုယွင်းကြတယ်။*+ ကမ္ဘာမြေပေါ် နေထိုင်သူတွေလည်း လိင်အကျင့်ယိုယွင်းခြင်း* ဖြစ်တဲ့ သူ့ရဲ့ဝိုင်ကို သောက်ပြီး မူးယစ်နေကြတယ်”+ လို့ ကျွန်တော့်ကိုပြောတယ်။ ၃  အဲဒီနောက် သူက ကျွန်တော့်ကို တောအရပ်ဆီ စွမ်းအားတော်နဲ့ ခေါ်ဆောင်သွားတယ်။ နီမြန်းတဲ့ သားရဲတစ်ကောင်ပေါ်  ထိုင်နေတဲ့ မိန်းမတစ်ယောက်ကို ကျွန်တော်မြင်တယ်။ ခေါင်းခုနစ်လုံး၊  ချိုဆယ်ချောင်းရှိတဲ့  အဲဒီသားရဲဟာ ဘုရားသခင်ကို စော်ကားတဲ့နာမည်တွေ  တစ်ကိုယ်လုံးမှာ  ရေးထားတယ်။ ၄  အဲဒီမိန်းမက ခရမ်းရောင်နဲ့+ ကြက်သွေးရောင် ဝတ်ဆင်ထားပြီး ရွှေ၊ ကျောက်မျက်ရတနာနဲ့ ပုလဲတွေ ဆင်မြန်းထားတယ်။+  ရွံရှာဖွယ်ရာတွေ၊ လိင်အကျင့်ယိုယွင်းခြင်း* ဖြစ်တဲ့ ညစ်ညမ်းတဲ့ အရာတွေနဲ့ ပြည့်နေတဲ့  ရွှေဖလားကို  ကိုင်ထားတယ်။ ၅  “မဟာဗာဗုလုန်၊ ပြည့်တန်ဆာတွေနဲ့+ ကမ္ဘာမြေပေါ်က ရွံရှာဖွယ်တွေရဲ့ မိခင်”+ ဆိုတဲ့ လျှို့ဝှက်နာမည်ကို နဖူးပေါ်မှာ ရေးထားတယ်။ ၆  အဲဒီမိန်းမက သန့်ရှင်းသူတွေရဲ့သွေး၊ ယေရှုရဲ့ သက်သေခံတွေရဲ့ သွေးနဲ့ မူးယစ်နေတာကို ကျွန်တော်မြင်တယ်။+ သူ့ကိုမြင်တဲ့အခါ ကျွန်တော် အကြီးအကျယ်  အံ့သြသွားတယ်။ ၇  ဒါကြောင့်  ကောင်းကင်တမန်က “ဘာလို့ အံ့သြတာလဲ။ အဲဒီမိန်းမရဲ့ လျှို့ဝှက်ချက်၊+ သူထိုင်နေတဲ့ ခေါင်းခုနစ်လုံး ချိုဆယ်ချောင်းရှိတဲ့ သားရဲရဲ့လျှို့ဝှက်ချက်ကို ပြောပြမယ်။+ ၈  ခင်ဗျားမြင်ရတဲ့ သားရဲဟာ တစ်ချိန်ကရှိခဲ့ပေမဲ့ အခု မရှိတော့ဘူး။ ဒါပေမဲ့ မကြာခင် တွင်းနက်ကြီးထဲကနေ တက်လာပြီးနောက်+ ပျက်စီးသွားလိမ့်မယ်။ တစ်ချိန်က ရှိခဲ့ပေမဲ့ မရှိတော့တဲ့ သားရဲ၊ မကြာခင် ပြန်ပေါ်လာမယ့် အဲဒီသားရဲကို ကမ္ဘာပေါ်နေထိုင်သူတွေ မြင်တဲ့အခါ အံ့သြသွားကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီလူတွေဟာ လူ့လောကအစပြုချိန်* ကတည်းက အသက်စာလိပ်မှာ+ နာမည်စာရင်းမဝင်သူတွေပဲ။ ၉  “ဉာဏ်ပညာနဲ့ စဉ်းစားဉာဏ်ရှိသူဟာ ဒါကိုနားလည်လိမ့်မယ်– ခေါင်းခုနစ်လုံးဟာ+ အဲဒီမိန်းမထိုင်နေတဲ့ တောင်ခုနစ်လုံးကို ဆိုလိုတယ်။ ၁၀  ဘုရင်ခုနစ်ပါး ရှိတယ်။ ငါးပါး ကျဆုံးသွားပြီ။ တစ်ပါး ရှိနေတယ်။ နောက်တစ်ပါးက မပေါ်လာသေးဘူး။ ပေါ်လာတဲ့အခါ တစ်ခဏပဲ တည်တံ့လိမ့်မယ်။ ၁၁  တစ်ချိန်က ရှိခဲ့ပေမဲ့ မရှိတော့တဲ့ သားရဲဟာ+ အဋ္ဌမဘုရင်လည်း ဟုတ်တယ်။ ဒါပေမဲ့ အဲဒီသားရဲက ဘုရင်ခုနစ်ပါးထဲက ပေါ်ထွက်လာပြီးနောက် ပျက်စီးရလိမ့်မယ်။ ၁၂  “ခင်ဗျားမြင်ရတဲ့  ချိုဆယ်ချောင်းဟာ နိုင်ငံမရသေးတဲ့ ဘုရင်ဆယ်ပါးကို ဆိုလိုတယ်။ ဒါပေမဲ့ သူတို့ဟာ သားရဲနဲ့အတူ ဘုရင့်အာဏာကို တစ်နာရီလောက် ရလိမ့်မယ်။ ၁၃  သူတို့ဟာ အကြံတူတွေဖြစ်လို့ သူတို့ရဲ့တန်ခိုးနဲ့ အာဏာကို သားရဲဆီ ပေးအပ်ကြတယ်။ ၁၄  သူတို့က သိုးသငယ်နဲ့+ စစ်တိုက်လိမ့်မယ်။ ဒါပေမဲ့ သိုးသငယ်ဟာ သခင်တကာတို့ရဲ့သခင်၊ ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်လို့+ သူတို့ကို အောင်မြင်လိမ့်မယ်။+ ခေါ်ယူရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေလည်း သိုးသငယ်နဲ့အတူ အောင်မြင်ကြလိမ့်မယ်။”+ ၁၅  ကောင်းကင်တမန်က “ခင်ဗျားမြင်ရတဲ့ ပြည့်တန်ဆာထိုင်နေတဲ့ ရေတွေဟာ လူစုတွေ၊ လူအုပ်တွေ၊ လူမျိုးတွေ၊ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူတွေကို ဆိုလိုတယ်။+ ၁၆  ခင်ဗျားမြင်ရတဲ့  ချိုဆယ်ချောင်းရှိတဲ့+ သားရဲက+ ပြည့်တန်ဆာကို+ မုန်းလိမ့်မယ်။ သူ့ကို သိမ်းရုံးဖျက်ဆီးပြီး အဝတ်ဗလာဖြစ်စေမယ်။ သူ့အသားကိုစားပြီး သူ့ကို  အစအနမကျန်အောင် မီးရှို့ပစ်လိမ့်မယ်။+ ၁၇  ဘုရားသခင်က မိမိရဲ့အကြံကို သူတို့ရဲ့ စိတ်ထဲထည့်ပေးပြီး အကောင်အထည်ဖော်လိမ့်မယ်။+ သူတို့က ဘုရားသခင်ရဲ့ နှုတ်ထွက်စကားအတိုင်း ဖြစ်လာတဲ့အချိန်အထိ သားရဲကို နိုင်ငံပေးအပ်ပြီး+ သူတို့မှာရှိတဲ့ တူညီတဲ့အကြံကို အကောင်အထည်ဖော်လိမ့်မယ်။ ၁၈  ခင်ဗျားမြင်ရတဲ့ မိန်းမဟာ+ ကမ္ဘာပေါ်ကဘုရင်တွေကို အုပ်စိုးတဲ့ မြို့ကြီးကို ဆိုလိုတယ်။”

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။