ဗျာဒိတ် ၁၈:၁-၂၄

  • “မဟာ​ဗာ​ဗု​လုန်” ပြို​လဲ​ပြီ (၁-၈)

    • “ငါ့​လူ​တို့၊ သူ့​ဆီ​က​နေ ထွက်​သွား​ကြ” ()

  • ဗာ​ဗု​လုန်​ပြို​လဲ​လို့ ငိုကြွေး (၉-၁၉)

  • ဗာ​ဗု​လုန်​ပြို​လဲ​လို့​ ကောင်း​ကင်​မှာ ဝမ်း​မြောက် (၂၀)

  • ဗာ​ဗု​လုန်​ကို ပင်​လယ်​ထဲ ကျောက်​ခဲ​တစ်​လုံး​လို ပစ်​ချ (၂၁-၂၄)

၁၈  အဲဒီ​နောက် အခွင့်​အာ​ဏာ ကြီး​ကြီး​မား​မား ရ​ထား​တဲ့ ကောင်း​ကင်​တ​မန်  နောက်​တစ်​ပါး  ကောင်း​ကင်​က​နေ  ဆင်း​လာ​တာ​ကို  ကျွန်​တော်​မြင်​တယ်။  သူ့​ရဲ့​ဘုန်း​တန်​ခိုး​ကြောင့် မြေတစ်​ပြင်​လုံး ထွန်း​လင်း​သွား​တယ်။ ၂  အား​နဲ့​မာန်​နဲ့ သူ​အော်​ပြော​လိုက်​တာ​က “မဟာ​ဗာ​ဗု​လုန်​ ပြိုလဲပြီ၊​ ပြို​လဲ​ပြီ။+ နတ်​ဆိုး​တွေ နေ​ထိုင်​ရာ၊ ညစ်​ညူး​တဲ့  နတ်​ဆိုး*  ခို​အောင်းရာ၊ မစင်​ကြယ်​တဲ့ ရွံ​မုန်း​စ​ရာ​ငှက်​တွေ ပုန်း​ခို​ရာ ဖြစ်​သွား​ပြီ။+ ၃  လိင်​အကျင့်​ယို​ယွင်း​ခြင်း* ဆို​တဲ့  သူ့​ရဲ့ ရမ္မက်ဝိုင်​ကြောင့် တိုင်း​နိုင်​ငံ​တွေ​ဟာ သား​ကောင်​အဖြစ် ကျ​ဆုံး​ကုန်​ပြီ။+ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ​က သူ​နဲ့ လိင်​အကျင့်​ယို​ယွင်း​ခဲ့​တယ်။+ သူ အရှက်​မရှိ စည်း​စိမ်​ယစ်​တဲ့​အတွက် ကမ္ဘာ့​ကုန်​သည်​တွေ​လည်း  ချမ်း​သာ​သွားတယ်။” ၄  အဲ​ဒီ​နောက် ကောင်း​ကင်​က​နေ အသံ​နောက်​တစ်​သံ ထွက်​ပေါ်​လာ​ပြီး “ငါ့​လူ​တို့၊ သူ့​ရဲ့​အပြစ်​တွေ​မှာ မပါ​ချင်​ဘူး၊ သူ​ခံ​ရ​မယ့်​ကပ်​ဘေး​တွေ​ကို မခံ​ချင်​ဘူး​ဆို​ရင်+  သူ့​ဆီ​က​နေ  ထွက်​သွား​ကြ။+ ၅  သူ့​ရဲ့​အပြစ်​တွေ များ​လွန်း​လို့ ကောင်း​ကင်​အထိ ရောက်​နေ​ပြီ။+  သူ​လုပ်​ခဲ့​တဲ့  မတ​ရား​မှု​တွေ​အတွက် သူ့​ကို  ဘု​ရား​သခင်  တ​ရား​စီ​ရင်​တော့​မယ်။+ ၆  တ​ခြား​သူ​တွေ​ကို သူ​ဆက်​ဆံ​ခဲ့​တဲ့​အတိုင်း သူ့​ကို​ဆက်​ဆံ​ကြ​ပါ။+ သူ​လုပ်​ခဲ့​တာ​တွေ​အတွက် နှစ်​ဆ​ပြန်​ဆပ်​ပေး​ကြ​ပါ။+ သူ​ရော​စပ်​တဲ့ ဖလား​ထဲ​မှာ+ သူ​သောက်​ဖို့ နှစ်​ဆ​ရော​စပ်​ကြ​ပါ။+ ၇  ကိုယ့်​ကိုယ်​ကိုယ်  ချီး​မြှောက်​ပြီး အရှက်​မရှိ သူ စည်း​စိမ်​ယစ်​ခဲ့​တဲ့​အတိုင်း သူ့​ကို ပြန်​ညှဉ်း​ဆဲ​ပြီး ငို​ကြွေး​မြည်​တမ်း​စေ​ပါ။ သူ​က ‘ဘု​ရင်​မလို ငါ​နန်း​စံ​နေ​တာ။ ငါ​ဟာ မု​ဆိုး​မ မဟုတ်​ဘူး။ ဘယ်​တော့​မှ ငို​ကြွေး​ရ​မှာ မဟုတ်​ဘူး’+ လို့ ပြော​မြဲပြော​နေ​တယ်။ ၈  ဒါ​ကြောင့် သူ​ဟာ သေခြင်း၊ မြည်​တမ်း​ခြင်း၊ ကပ်​ဘေး၊ အငတ်​ဘေး​တွေ​ကို တစ်​ရက်​တည်း​မှာ ကြုံ​ရ​လိမ့်​မယ်။ သူ့​ကို တ​ရား​စီ​ရင်​တဲ့ ယေဟောဝါ* ဘု​ရား​ဟာ ခွန်​အား​ကြီး​တဲ့​အတွက်+ သူ အစ​အန​မကျန်​အောင် မီး​လောင်​သွား​လိမ့်​မယ်။+ ၉  “သူ​နဲ့  လိင်​အကျင့်​ယို​ယွင်း​ပြီး* အရှက်​မရှိ စည်း​စိမ်​ယစ်​ခဲ့​တဲ့ ကမ္ဘာ့​အုပ်​စိုး​ရှင်​တွေ​က သူ့​ကို​လောင်​မြိုက်​တဲ့ မီး​ခိုး​တွေ​ကို မြင်​တဲ့​အခါ ရင်​ဘတ်​ထု​ပြီး ငို​ကြွေး​ကြ​လိမ့်​မယ်။ ၁၀  သူ့​လို​ညှဉ်း​ဆဲ​ခံ​ရ​မှာ ကြောက်​လို့ အဝေး​မှာ​ရပ်​ပြီး ‘အို မြို့​ကြီး၊+ ခိုင်​ခံ့​လှ​တဲ့ ဗာ​ဗု​လုန်​မြို့​ကြီး၊ အဖြစ်​ဆိုး​လိုက်​တာ၊ အဖြစ်​ဆိုး​လိုက်​တာ။ တစ်​နာ​ရီ​အတွင်း​မှာ မင်း တရား​စီ​ရင်​ခံ​လိုက်​ရ​ပါ​လား’ လို့​ပြော​ကြ​လိမ့်​မယ်။ ၁၁  “အဲ​ဒီ​အပြင် ကမ္ဘာ့​ကုန်​သည်​တွေ​က​လည်း သူ​တို့​ရဲ့ ကုန်​ပစ္စည်းတွေ​ကို ဝယ်​မယ့်​သူ မရှိ​တော့လို့ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မယ်။ ၁၂  ကုန်​ပစ္စည်းတွေ​ထဲ​မှာ ရွှေ၊ ငွေ၊ ကျောက်​မျက်​ရ​တနာ၊ ပု​လဲ၊ ချည်​ချော​ထည်၊ ခ​ရမ်းရောင်​အထည်၊ ပိုး​ထည်၊ ကြက်​သွေး​ရောင်​အထည်​တွေ ပါ​တယ်။ သစ်​မွှေး​ပစ္စည်း၊ ဆင်​စွယ်​ပစ္စည်း​မျိုး​စုံ​အပြင် အဖိုး​တန်​သစ်၊ ကြေး​နီ၊ သံ၊ စ​ကျင်​ကျောက်​တွေ​နဲ့​လုပ်​ထား​တဲ့ ပစ္စည်း​မျိုး​စုံ ပါ​တယ်။ ၁၃  သစ်​ကြံ​ပိုး၊ အိ​န္ဒိ​ယ ဟင်း​ခတ်​အမွှေး​အကြိုင်၊ နံ့​သာ​ပေါင်း၊ ဆီ​မွှေး၊ လော​ဗန်၊* စ​ပျစ်​ဝိုင်၊ သံ​လွင်​ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ နွား၊ သိုး၊ မြင်း၊ ရ​ထား​နဲ့ ကျွန်​တွေ​အပြင် လူ​တွေ​တောင် ပါ​တယ်။ ၁၄  သစ်​သီး​အမှည့်​တွေ​ကို  မင်း​သိပ်​စား​ချင်​ပေမဲ့ မစား​ရ​တော့​ဘူး။ စား​ကောင်း​သောက်​ဖွယ်​တွေ၊ လှ​ပတင့်​တယ်​တဲ့ အရာတွေ​ဟာ မင်း​ဆီ​က​နေ ပျောက်​ပျက်​ကုန်​ပြီ။ လုံး​ဝ​မရှိ​တော့​ဘူး။ ၁၅  “အဲ​ဒီ​ကုန်​ပစ္စည်းတွေ​ကို ရောင်း​ဝယ်​ဖောက်​ကား​ပြီး သူ့​ကြောင့် ချမ်း​သာ​လာ​တဲ့ ကုန်​သည်​တွေ​ဟာ သူ့​လို​ညှဉ်း​ဆဲ​ခံ​ရ​မှာ ကြောက်​လို့ အဝေး​မှာ​ရပ်​ပြီး ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မယ်– ၁၆  ‘ချည်​ချော​ထည်၊ ခ​ရမ်းရောင်​အ​ထည်၊ ကြက်​သွေး​ရောင်​အထည်​တွေ  ဝတ်​ဆင်​ပြီး ရွှေ၊ ကျောက်​မျက်​ရ​တ​နာ၊ ပု​လဲ​တွေ ညွှတ်​နေ​အောင် ဆင်​မြန်း​ခဲ့​တဲ့+ မြို့​ကြီး၊ အဖြစ်​ဆိုး​လိုက်​တာ၊ အဖြစ်​ဆိုး​လိုက်​တာ။ ၁၇  အဲ​ဒီ​စည်း​စိမ်​တွေ တစ်​နာ​ရီ​အတွင်း​မှာ ပြုတ်​ပြုတ်​ပြုန်း​သွား​ပါ​လား’ လို့​ပြော​ကြ​လိမ့်​မယ်။ “သင်္ဘော​မာ​လိန်​မှူး​တွေ၊  ရေ​ကြောင်း​ခ​ရီး သွား​လာ​သူ​တွေ၊ သင်္ဘော​သား​တွေ၊ ပင်​လယ်​ကို​အမှီ​ပြု​ပြီး အသက်​မွေး​သူ အား​လုံး​က အဝေး​မှာ​ရပ်​ပြီး၊ ၁၈  သူ့​ကို​လောင်​မြိုက်​တဲ့ မီး​ခိုး​တွေ​ကို ကြည့်​ရင်း ‘ဒီ​မြို့​လောက် ခမ်း​နား​ကြီး​ကျယ်​တဲ့​မြို့ ရှိ​လို့​လား’ ဆို​ပြီး အော်​ငို​ကြ​လိမ့်​မယ်။ ၁၉  ခေါင်း​ပေါ် မြေမှုန့်​ကြဲ​ပြီး ‘အို မြို့​ကြီး၊ အဖြစ်​ဆိုး​လိုက်​တာ၊ အဖြစ်​ဆိုး​လိုက်​တာ။ မင်း​ရဲ့​စည်း​စိမ်​ဥစ္စာ​ကြောင့် ပင်​လယ်​ကူး​သင်္ဘော​ပိုင်​ရှင်​တွေ  ချမ်း​သာ​ခဲ့​ကြ​တာ။ အခု​တော့ တစ်​နာ​ရီ​အတွင်း​မှာ  ပျက်​စီး​ဆုံး​ရှုံး​သွား​ပါ​လား’+ လို့အော်​ဟစ်​ပြီး ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မယ်။ ၂၀  “အို ကောင်း​ကင်၊ သူ​ကြုံ​ရ​တဲ့​အဖြစ်​ကြောင့် ဝမ်း​သာ​ပါ။+ သန့်​ရှင်း​သူ​တို့၊+ တမန်​တော်​တို့၊ ပရော​ဖက်​တို့​လည်း ဝမ်း​သာ​ကြ​ပါ။ မင်း​တို့​အတွက် သူ့​ကို ဘုရား​သခင် ပြစ်​ဒဏ်​စီ​ရင်​ပြီ။”+ ၂၁  ခွန်​အား​ကြီး​တဲ့ ကောင်း​ကင်​တ​မန်​တစ်​ပါး​က ကြိတ်​ဆုံ​ကျောက်​ကြီး​နဲ့​တူ​တဲ့ ကျောက်​တစ်​လုံး​ကို မပြီး ပင်​လယ်​ထဲ ပစ်​ချ​လိုက်​တယ်။ အဲ​ဒီ​နောက် “ဗာ​ဗု​လုန်​မြို့​ကြီး​ဟာ အခု​လို​ပဲ ပစ်​ချ​ခံ​ရ​ပြီး စုံး​စုံး​မြုပ်​သွား​မယ်။ နောင်​ဘယ်​တော့​မှ ပြန်​တွေ့​ရ​မှာ မဟုတ်​ဘူး။+ ၂၂  ဒီ​မြို့​မှာ စောင်း​တီး​ပြီး သီ​ဆို​တဲ့ သီ​ချင်း​သည်​တွေ၊ ဂီ​တ​ပညာ​ရှင်​တွေ၊ ပလွေ​မှုတ်​သူ​တွေ၊ ခရာ​မှုတ်​သူ​တွေရဲ့ အသံ​ကို ဘယ်​တော့​မှ ကြား​ရ​မှာ​မဟုတ်​ဘူး။ လက်​မှု​ပညာ​ရှင်​တစ်​ယောက်​မှ တွေ့​ရ​တော့​မှာ မဟုတ်​ဘူး။ ကြိတ်​ဆုံ​ကြိတ်​သံ​ကို​လည်း ကြား​ရ​တော့​မှာ မဟုတ်​ဘူး။ ၂၃  ဒီ​မြို့​မှာ မီး​ခွက်​တွေ ပြန်​ထွန်း​လင်း​တော့​မှာ မဟုတ်​ဘူး။ သတို့​သား၊ သတို့​သမီး​ရဲ့ အသံ​ကို​လည်း ကြား​ရ​တော့​မှာ မဟုတ်​ဘူး။ မင်း​ရဲ့ ကုန်​သည်​တွေ​ဟာ အထင်​က​ရ​လူ​တွေ​ပဲ။ လူ​မျိုး​အား​လုံး​ဟာ မင်း​လိုက်​စား​တဲ့ နတ်​ဆိုး​ပညာ​ကြောင့်+ လမ်း​လွဲ​သွား​ပြီ။ ၂၄  ပရော​ဖက်​တွေ၊ သန့်​ရှင်း​သူ​တွေ​နဲ့ မြေကြီး​ပေါ်​မှာ ကွပ်​မျက်​ခံ​ရ​သူ​အား​လုံး​ရဲ့ သွေး​ကို+ ဒီ​မြို့​မှာ တွေ့​ရ​တယ်”+ လို့​ပြော​တယ်။

အောက်ခြေမှတ်ချက်များ

“ရှူသွင်း ရှူ​ထုတ်​တဲ့​လေ” လည်း​ဖြစ်​နိုင်။
ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ်​ကို​ကြည့်။
မီး​ရှို့​တဲ့​အခါ မွှေး​ကြိုင်​တဲ့ အဖြူ​ရောင်​သစ်​စေး​တစ်​မျိုး။