ဗျာဒိတ် ၂၁:၁-၂၇

  • ကောင်းကင်သစ်နဲ့ မြေကြီးသစ် (၁-၈)

    • သေဆုံးရတော့မှာ မဟုတ် ()

    • အရာခပ်သိမ်းကို အသစ်ဖန်ဆင်း ()

  • ဂျေရုဆလင်မြို့သစ်အကြောင်း (၉-၂၇)

၂၁  အဲဒီနောက် ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို+ ကျွန်တော်မြင်တယ်။ အရင်ကောင်းကင်နဲ့ အရင်မြေကြီးဟာ ကွယ်ပျောက်ပြီး+ ပင်လယ်လည်း+ မရှိတော့ဘူး။ ၂  သန့်ရှင်းတဲ့မြို့တော်ဖြစ်တဲ့ ဂျေရုဆလင်မြို့သစ်ဟာ ခင်ပွန်းအတွက် ဆင်မြန်းထားတဲ့ သတို့သမီးလို ပြင်ဆင်ပြီး+ ဘုရားသခင်ဆီကနေ၊ ကောင်းကင်ကနေ ဆင်းလာတာကိုလည်း+ ကျွန်တော်မြင်တယ်။ ၃  အဲဒီအခါ ရာဇပလ္လင်ကနေ ကျယ်လောင်တဲ့အသံ ထွက်ပေါ်လာတာ ကျွန်တော်ကြားတယ်–  “ဘုရားသခင်ရဲ့  တဲတော်ဟာ လူတွေနဲ့အတူ ရှိပြီး ဘုရားက သူတို့ဆီမှာ စံမြန်းမယ်။ သူတို့လည်း ဘုရားရဲ့လူမျိုး ဖြစ်လိမ့်မယ်။ ဘုရားသခင်ကိုယ်တိုင်  သူတို့နဲ့အတူ  ရှိနေမယ်။+ ၄  ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။+ သေခြင်းရှိတော့မှာ မဟုတ်ဘူး။+ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။+ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။” ၅  ရာဇပလ္လင်ပေါ်ထိုင်နေတဲ့ ဘုရားသခင်က+ “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်”+ လို့ပြောတယ်။ ပြီးတော့ “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကားဖြစ်တဲ့အတွက် ရေးမှတ်ထားပါ” လို့လည်း ပြောတယ်။ ၆  အဲဒီနောက် ဘုရားသခင်က ကျွန်တော့်ကို ပြောတယ်– “အဲဒီစကားအတိုင်း ဖြစ်နေပြီ။ ငါဟာ အာလဖနဲ့ သြမေဃဖြစ်တယ်၊* အစနဲ့ အဆုံးဖြစ်တယ်။+ ငါက ရေငတ်သူမှန်သမျှကို အသက်စမ်းရေ အခမဲ့ပေးမယ်။+ ၇  အောင်မြင်သူဟာ ဒါတွေကို အမွေရလိမ့်မယ်။ ငါဟာ သူ့ဘုရားသခင် ဖြစ်မယ်။ သူကလည်း ငါ့သား ဖြစ်လိမ့်မယ်။ ၈  ဒါပေမဲ့ ကြောက်တတ်သူတွေ၊ ယုံကြည်ခြင်း ကင်းမဲ့သူတွေ၊+ ညစ်ညမ်းပြီး ရွံရှာဖွယ်ကောင်းသူတွေ၊ လူသတ်သမားတွေ၊+ လိင်အကျင့်ယိုယွင်းသူတွေ၊*+ နတ်ဆိုးပညာ လိုက်စားသူတွေ၊ ရုပ်တုကိုးကွယ်သူတွေ၊ လိမ်လည်သူတွေဟာ+ ကန့်တွေလောင်နေတဲ့ မီးအိုင်ထဲမှာ ပစ်ချခံရလိမ့်မယ်။+ ဒါဟာ ဒုတိယသေခြင်းကို ဆိုလိုတယ်။”+ ၉  နောက်ဆုံးကပ်ဘေးခုနစ်ခုနဲ့ ပြည့်နေတဲ့ ဖလားခုနစ်လုံးကိုကိုင်တဲ့ ကောင်းကင်တမန် ခုနစ်ပါးထဲက+ တစ်ပါးက ရောက်လာပြီး “လာပါ။ သိုးသငယ်ရဲ့ဇနီးလောင်း သတို့သမီးကို ပြမယ်”+ လို့ ကျွန်တော့်ကို ပြောတယ်။ ၁၀  သူက ကျွန်တော့်ကို မြင့်မားတဲ့တောင်ကြီးတစ်လုံးဆီ စွမ်းအားတော်နဲ့ ခေါ်သွားပြီး ဘုရားသခင်ဆီကနေ၊ ကောင်းကင်ကနေ ဆင်းလာတဲ့ သန့်ရှင်းတဲ့ ဂျေရုဆလင်မြို့ကို ပြတယ်။+ ၁၁  အဲဒီမြို့ဟာ ဘုရားသခင်ရဲ့  ဘုန်းအသရေနဲ့  ပြည့်နေတယ်။+  တန်ဖိုးကြီးတဲ့ ကျောက်မျက်ရတနာလို တောက်ပနေတယ်။ နဂါးသွဲ့ကျောက်လို ဖြစ်နေပြီး သလင်းလို ကြည်နေတယ်။+ ၁၂  အဲဒီမြို့မှာ မြင့်မားတဲ့ မြို့ရိုးကြီး ရှိတယ်။ မြို့တံခါး ၁၂ ပေါက်ရှိပြီး အဲဒီတံခါးတွေမှာ ကောင်းကင်တမန် ၁၂ ပါးရှိတယ်။ အစ္စရေးလူမျိုး ၁၂ နွယ်ရဲ့ နာမည်တွေကို မြို့တံခါးတွေမှာ ရေးထားတယ်။ ၁၃  အရှေ့ဘက်မှာ တံခါးသုံးပေါက်၊  မြောက်ဘက်မှာ  တံခါးသုံးပေါက်၊ တောင်ဘက်မှာ တံခါးသုံးပေါက်၊ အနောက်ဘက်မှာ တံခါးသုံးပေါက် ရှိတယ်။+ ၁၄  မြို့ရိုးမှာ  အုတ်မြစ်ကျောက် ၁၂ တုံး ရှိတယ်။ အဲဒီကျောက်တွေပေါ်မှာ နာမည် ၁၂ ခု ရေးထားတယ်။ သိုးသငယ်ရဲ့ တမန်တော် ၁၂ ယောက်ရဲ့ နာမည်တွေပဲ။+ ၁၅  ကျွန်တော်နဲ့စကားပြောနေတဲ့သူက မြို့တော်၊ မြို့ရိုးနဲ့ မြို့တံခါးတွေကို တိုင်းတာဖို့ ရွှေကျူရိုးတစ်ချောင်း ကိုင်ထားတယ်။+ ၁၆  မြို့တော်ဟာ အလျားအနံ တူပြီး စတုရန်းပုံဖြစ်တယ်။ သူက မြို့တော်ကို ကျူရိုးနဲ့တိုင်းတာတဲ့အခါ စတာဒီယမ် ၁၂,၀၀၀* ရှိတယ်။ အလျား၊ အနံ၊ အမြင့်တွေ တူညီတယ်။ ၁၇  မြို့ရိုးကိုလည်း သူတိုင်းတယ်။ လူတွေသုံးတဲ့ အတိုင်းအတာအရ ၁၄၄ တောင်* ရှိတယ်။ ကောင်းကင်တမန်တွေလည်း အဲဒီအတိုင်းအတာကိုပဲ သုံးတယ်။ ၁၈  မြို့ရိုးကို နဂါးသွဲ့ကျောက်နဲ့ တည်ဆောက်ထားတယ်။+ မြို့တော်ဟာ ရွှေစင်ဖြစ်ပြီး ဖန်သားလို ကြည်လင်တယ်။ ၁၉  မြို့ရိုး အုတ်မြစ်တွေကို ကျောက်မျက်မျိုးစုံ စီခြယ်ထားတယ်။ ပထမအုတ်မြစ်ကို နဂါးသွဲ့၊ ဒုတိယကို နီလာ၊ တတိယကို မဟူရာဖြူ၊ စတုတ္ထကို မြ၊ ၂၀  ပဉ္စမကို ကြောင်၊ ဆဋ္ဌမကို ကျောက်နီ၊ သတ္တမကို ပြောင်ခေါင်းစိမ်း၊ အဋ္ဌမကို မျက်ရွဲ၊ နဝမကို ဥဿဖရား၊ ဒသမကို မဟူရာစိမ်း၊ ဧကာဒသမကို အပြာရောင်ဂေါ် မိတ်၊ ဒွါဒသမကို ခရမ်းစွဲနဲ့ လုပ်ထားတယ်။ ၂၁  မြို့တံခါးတစ်ခုစီကို ပုလဲတစ်လုံးစီနဲ့ လုပ်ထားတယ်။ တံခါး ၁၂ ခုဆိုတော့ ပုလဲ ၁၂ လုံးရှိတယ်။ မြို့တော်လမ်းမလည်း ရွှေစင်ဖြစ်ပြီး ဖန်သားလို ကြည်လင်တယ်။ ၂၂  မြို့တော်ထဲမှာ ဗိမာန်တော်ကို မတွေ့ရဘူး။ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင် ယေဟောဝါ*+ ဘုရားသခင်နဲ့ သိုးသငယ်ဟာ မြို့တော်ရဲ့ ဗိမာန်တော် ဖြစ်လို့ပဲ။ ၂၃  မြို့တော်ဟာ နေနဲ့ လရဲ့ အလင်းကို မလိုအပ်ဘူး။ ဘုရားသခင်ရဲ့ ဘုန်းတော်ကြောင့် မြို့တော် ထွန်းလင်းနေလို့ပဲ၊+ သိုးသငယ်ဟာ မြို့တော်ရဲ့ မီးခွက်ဖြစ်တယ်။+ ၂၄  လူမျိုးတွေက မြို့တော်ရဲ့အလင်းကို အမှီပြုပြီး သွားလာကြလိမ့်မယ်။+ ကမ္ဘာ့အုပ်စိုးရှင်တွေက မိမိတို့ရဲ့ ဘုန်းအသရေကို မြို့တော်ထဲ ယူဆောင်လာလိမ့်မယ်။ ၂၅  ညအချိန် မရှိဘဲ နေ့အချိန်ချည်းပဲ ရှိမှာဖြစ်လို့ မြို့တံခါးတွေကို ဘယ်တော့မှ ပိတ်ထားမှာမဟုတ်ဘူး။+ ၂၆  လူမျိုးတွေရဲ့  ဘုန်းအသရေနဲ့ ဂုဏ်အသရေကို မြို့တော်ထဲ  ယူဆောင်လာလိမ့်မယ်။+ ၂၇  ညစ်ညူးတဲ့အရာမှန်သမျှ၊ ရွံရှာဖွယ်ရာတွေ ပြုကျင့်ပြီး လိမ်လည်တဲ့သူမှန်သမျှ မြို့တော်ထဲ လုံးဝ ဝင်ခွင့်ရမှာ မဟုတ်ဘူး။+ သိုးသငယ်ရဲ့ အသက်စာလိပ်မှာ စာရင်းဝင်သူတွေပဲ ဝင်ခွင့်ရလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ဂရိအက္ခရာမှာ ‘အာလဖ’ က ပထမဆုံးတစ်လုံး၊ ‘ဩမေဃ’ က နောက်ဆုံးတစ်လုံး။
ခက်ဆစ်ကိုကြည့်။
(၁,၃၇၉ မိုင်) ၂,၂၂၀ ကီလိုမီတာ (၁,၃၇၉ မိုင်) ခန့်။ ၁ စတာဒီယမ်က ၁၈၅ မီတာ (၆၀၆.၉၅ ပေ) နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
၆၄ မီတာ (ပေ ၂၁၀) ခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။