ဗျာဒိတ် ၃:၁-၂၂

  • သာဒိအသင်းတော်အတွက် သတင်းစကား (၁-၆)၊ ဖိလဒေလဖိ အသင်းတော်အတွက် (၇-၁၃)၊ လောဒိကိ အသင်းတော်အတွက် (၁၄-၂၂)

 “သာဒိအသင်းတော်ရဲ့ စေတမန်ဆီ အခုလိုရေးလိုက်ပါ– ဘုရားသခင်ရဲ့ စွမ်းအားတော်ခုနစ်ခုနဲ့+ ကြယ်ခုနစ်လုံးရှိတဲ့သူ+ ပြောတာက ‘မင်းရဲ့အကျင့်ကို ငါသိတယ်။ မင်းဟာ အသက်ရှင်နေတယ်လို့ နာမည်ရထားပေမဲ့ သေနေတယ်။+ ၂  သတိရှိနေပါ။+ သေလုဆဲဆဲ ဖြစ်နေသူတွေကို ခွန်အားရှိစေပါ။ ဘုရားသခင် လုပ်စေချင်တာတွေကို ပြီးစီးအောင် မင်း မလုပ်မှန်း ငါသိတယ်။ ၃  ဒါကြောင့် အရင်တုန်းက မင်း ရရှိခဲ့တာတွေ၊ ကြားနာခဲ့တာတွေကို ပြန်သတိရပြီး အဲဒါတွေကို အမြဲစောင့်ထိန်းနေပါ။ နောင်တရပါ။+ မင်း မနိုးထဘူးဆိုရင် သူခိုးလို ငါလာမယ်။+ ငါဘယ်အချိန်လာမယ်ဆိုတာ မင်း လုံးဝသိမှာမဟုတ်ဘူး။+ ၄  “‘ဒါပေမဲ့ ကိုယ့်ဝတ်ရုံကို ညစ်ညူးအောင်မလုပ်ခဲ့တဲ့+ လူတချို့ သာဒိမြို့မှာ ရှိတယ်။ သူတို့ဟာ ထိုက်တန်သူတွေဖြစ်လို့ ဝတ်ရုံဖြူဝတ်ပြီး+ ငါနဲ့အတူ သွားလာရလိမ့်မယ်။ ၅  အောင်မြင်သူဟာ+ ဝတ်ရုံဖြူ ဝတ်ဆင်ရလိမ့်မယ်။+ ငါက သူ့နာမည်ကို အသက်စာစောင်ကနေ လုံးဝ ပယ်ဖျက်မှာမဟုတ်ဘူး။+ အဖဘုရားရှေ့မှာ၊ ကောင်းကင်တမန်တွေရှေ့မှာ သူ့နာမည်ကို ငါအသိအမှတ်ပြုမယ်။+ ၆  အသင်းတော်တွေဆီ စွမ်းအားတော်ဆင့်ဆိုတဲ့ အဲဒီစကားကို နားရှိတဲ့သူ ကြားပါစေ။’ ၇  “ဖိလဒေလဖိအသင်းတော်ရဲ့ စေတမန်ဆီ  အခုလိုရေးလိုက်ပါ– သန့်ရှင်းသူ၊+  စစ်မှန်သူ၊+ ဒါဝိဒ်ရဲ့သော့ကို ပိုင်ဆိုင်သူ၊+ တံခါးကို ဘယ်သူမှ ပိတ်လို့မရအောင် ဖွင့်နိုင်သူ၊ ဘယ်သူမှ ဖွင့်လို့မရအောင်  ပိတ်နိုင်သူ  ပြောတာက– ၈  ‘မင်းရဲ့အကျင့်ကို ငါသိတယ်။ ဘယ်သူမှ ပိတ်လို့မရအောင် ပွင့်နေတဲ့ တံခါးကို မင်းရှေ့မှာ ငါဖွင့်ထားတယ်။+  မင်းမှာ ခွန်အားနည်းနည်းပဲရှိပေမဲ့ ငါ့စကားကို လိုက်နာခဲ့တာ၊ ငါ့နာမည်ကို မငြင်းပယ်ခဲ့တာ ငါသိတယ်။ ၉  ဂျူးလူမျိုးမဟုတ်ဘဲ+ ဟုတ်တယ်လို့ လိမ်ညာပြောနေတဲ့ စာတန်ရဲ့အဖွဲ့ဝင်ထဲက လူတချို့ကို မင်းခြေရင်းမှာ လာရောက်ဦးညွှတ်စေမယ်။ မင်းကို ငါချစ်မြတ်နိုးမှန်း သူတို့ကိုသိစေမယ်။ ၁၀  မင်းက ငါ့ရဲ့စံနမူနာအတိုင်း ခံနိုင်ရည်ရှိခဲ့တဲ့အတွက်+ ကမ္ဘာမြေပေါ် နေထိုင်သူတွေကို စမ်းသပ်ဖို့ မြေတစ်ပြင်လုံးပေါ် ကျရောက်တော့မယ့် စမ်းသပ်ရာကာလမှာ ငါလည်း မင်းကို ကာကွယ်မယ်။+ ၁၁  ငါအမြန်လာမယ်။+ မင်းရဲ့သရဖူကို ဘယ်သူမှ မယူသွားအောင် မင်းလျှောက်နေတဲ့ လမ်းမှန်မှာ ဆက်လျှောက်နေပါ။+ ၁၂  “‘ငါက အောင်မြင်သူကို ဘုရားသခင့်ဗိမာန်တော်မှာ တိုင်ဖြစ်စေမယ်။ ဗိမာန်တော်အပြင်ဘက်ကို သူ ထွက်သွားရတော့မှာ မဟုတ်ဘူး။ သူ့အပေါ်မှာ ဘုရားသခင့်နာမည်နဲ့+ ဂျေရုဆလင်မြို့သစ်ရဲ့+ နာမည်ကို ငါရေးမယ်။ အဲဒီမြို့ဟာ ဘုရားသခင်ရှိရာ ကောင်းကင်ကနေ ဆင်းသက်လာတဲ့ ဘုရားသခင့်မြို့တော်ပဲ။ ငါ့နာမည်အသစ်ကိုလည်း သူ့အပေါ်မှာ ငါရေးမယ်။+ ၁၃  အသင်းတော်တွေဆီ စွမ်းအားတော်ဆင့်ဆိုတဲ့ အဲဒီစကားကို နားရှိတဲ့သူ ကြားပါစေ။’ ၁၄  “လောဒိကိအသင်းတော်ရဲ့+ စေတမန်ဆီ အခုလိုရေးလိုက်ပါ– သစ္စာရှိပြီး စစ်မှန်တဲ့+ သက်သေ၊+ ဘုရားသခင့် ဖန်ဆင်းခြင်းရဲ့ အစဖြစ်တဲ့+ အာမင်*+ ပြောတာက၊ ၁၅  ‘မင်းရဲ့အကျင့်ကို ငါသိတယ်။ မင်းဟာ မပူမအေး ဖြစ်နေတယ်။ အေးရင်လည်း အေးဖို့၊ ပူရင်လည်း ပူဖို့ ငါအလိုရှိတယ်။ ၁၆  မပူ+ မအေး+ နွေးရုံသာဖြစ်နေလို့  မင်းကို  ငါထွေးထုတ်ပစ်တော့မယ်။ ၁၇  မင်းက “ငါ ကြွယ်ဝသားပဲ။+ ပစ္စည်းဥစ္စာတွေလည်း စုဆောင်းထားတယ်။ ဘာမှမလိုတော့ဘူး” လို့ပြောနေပေမဲ့ စိတ်မချမ်းမြေ့စရာ ဖြစ်နေတာ၊ သနားစရာကောင်းနေတာ၊ ဆင်းရဲမွဲတေပြီး မျက်စိကန်းနေတာ၊ အဝတ်ဗလာဖြစ်နေတာ မင်းမသိဘူး။ ၁၈  မင်း ကြွယ်ဝလာဖို့ မီးနဲ့သန့်စင်ထားတဲ့ ရွှေကို ငါ့ဆီကနေ ဝယ်ပါလို့ အကြံပေးချင်တယ်။ အဝတ်ဗလာကြောင့် အရှက်မကွဲစေဖို့+ ဝတ်ဆင်စရာ ဝတ်ရုံဖြူကို ဝယ်ပါ။ မျက်စိပြန်မြင်စေဖို့+  မျက်စဉ်းကိုလည်း+  ငါ့ဆီကနေ ဝယ်ပါ။ ၁၉  “‘ငါက ချစ်ခင်မြတ်နိုးသူ အားလုံးကို ဆုံးမပဲ့ပြင်တတ်တယ်။+ ဒါကြောင့် စိတ်အားထက်သန်ပါ။ နောင်တရပါ။+ ၂၀  ငါက တံခါးဝမှာ ရပ်ပြီး တံခါးခေါက်နေတယ်။ ငါ့အသံကိုကြားလို့ တံခါးဖွင့်တဲ့သူရဲ့အိမ်ထဲ ဝင်ပြီး သူနဲ့အတူ ညစာသုံးဆောင်မယ်။ ၂၁  ငါက အောင်မြင်ပြီး အဖဘုရားနဲ့အတူ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသလို+ အောင်မြင်သူကိုလည်း+ ငါ့ရဲ့ရာဇပလ္လင်ပေါ်မှာ ငါနဲ့အတူထိုင်ရတဲ့  အခွင့်ကို ပေးမယ်။+ ၂၂  အသင်းတော်တွေဆီ  စွမ်းအားတော် ဆင့်ဆိုတဲ့စကားကို နားရှိတဲ့သူ ကြားပါစေ။’”

အောက်ခြေမှတ်ချက်များ

ယေရှုရဲ့ ဘွဲ့နာမည်တစ်ခု။