ဗျာဒိတ် ၄:၁-၁၁

  • ယေဟောဝါရဲ့ရှေ့မှောက် စိတ်အာရုံ (၁-၁၁)

    • ရာဇပလ္လင်ပေါ်ထိုင်နေတဲ့ ယေဟောဝါ ()

    • ပလ္လင်ပေါ်ထိုင်နေတဲ့ အကြီးအကဲ၂၄ ယောက် ()

    • သတ္တဝါလေးပါး ()

၄  အဲဒီနောက် ကောင်းကင်မှာ တံခါးပွင့်နေတာကို ကျွန်တော်မြင်တယ်။ ဦးဆုံးကြားလိုက်ရတဲ့အသံက ခရာသံနဲ့တူပြီး “ဒီကို တက်လာပါ။ နောင်ဖြစ်လာမယ့်အရာတွေကို ပြမယ်” လို့ပြောတယ်။ ၂  ချက်ချင်းပဲ ကျွန်တော့်အပေါ် စွမ်းအားတော် သက်ရောက်လာတယ်။ ကျွန်တော် ကြည့်လိုက်တဲ့အခါ ကောင်းကင်မှာ ရာဇပလ္လင်တစ်ခု ရှိနေတယ်၊ ပလ္လင်ပေါ်မှာ ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေတယ်။+ ၃  ထိုင်နေတဲ့ပုဂ္ဂိုလ်ဆီကနေ နဂါးသွဲ့ကျောက်နဲ့+ ကျောက်နီရောင် ဖြာထွက်နေတယ်။ ပလ္လင်ပတ်လည်မှာ မြစိမ်းရောင်ပြေးနေတဲ့ သက်တံရှိတယ်။+ ၄  အဲဒီရာဇပလ္လင်ပတ်လည်မှာ ပလ္လင် ၂၄ ခု ရှိတယ်။ အဖြူရောင်ဝတ်ဆင်ပြီး ရွှေသရဖူဆောင်းထားတဲ့ အကြီးအကဲ ၂၄ ယောက်က+ ပလ္လင်တွေပေါ် ထိုင်နေတာကို ကျွန်တော်မြင်တယ်။ ၅  ရာဇပလ္လင်ကနေ လျှပ်စီးတွေ၊+ စကားသံတွေ၊ မိုးခြိမ်းသံတွေ+ ထွက်ပေါ်လာတယ်။ ရာဇပလ္လင်ရှေ့မှာ ဘုရားသခင့် စွမ်းအားတော် ခုနစ်ခုဖြစ်တဲ့+ မီးခွက်ကြီးခုနစ်လုံး ထွန်းလင်းနေတယ်။ ၆  ရာဇပလ္လင်ရှေ့မှာ သလင်းကျောက်လို ကြည်လင်နေတဲ့ ဖန်ရေကန်လည်း ရှိတယ်။+ ရာဇပလ္လင်ရှိရာ အလယ်မှာ၊ ရာဇပလ္လင်ပတ်လည်မှာ သတ္တဝါလေးပါး ရှိတယ်။+ သူတို့ခန္ဓာကိုယ်ရဲ့ အရှေ့မှာရော အနောက်မှာပါ မျက်စိတွေ ပြည့်နေတယ်။ ၇  ပထမသတ္တဝါက ခြင်္သေ့နဲ့တူတယ်။+ ဒုတိယသတ္တဝါက နွားပေါက်နဲ့ တူတယ်။+ တတိယသတ္တဝါမှာ+ လူ့မျက်နှာမျိုး ရှိတယ်။ စတုတ္ထသတ္တဝါက+ လင်းယုန်နဲ့ တူတယ်။+ ၈  သတ္တဝါလေးပါးမှာ  အတောင်ခြောက်ခုစီ  ရှိတယ်။  အတောင်ရဲ့  အတွင်းမှာရော အပြင်မှာပါ မျက်စိတွေ ပြည့်နေတယ်။+ သူတို့က “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အစဉ်တည်ရှိတဲ့ အနန္တတန်ခိုးရှင် ယေဟောဝါ* ဘုရားဟာ+ သန့်ရှင်းတယ်။ သန့်ရှင်းတယ်။ သန့်ရှင်းတယ်”+ လို့ နေ့ညမပြတ် ပြောနေကြတယ်။ ၉  ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့အရှင်၊ အစဉ်ထာဝရ အသက်ရှင်တဲ့အရှင်ကို+  သတ္တဝါတွေ  ဂုဏ်တင်ချီးမွမ်းပြီး  ကျေးဇူးတင်တဲ့အခါတိုင်း၊ ၁၀  အကြီးအကဲ ၂၄ ယောက်က+ ရာဇပလ္လင်ပေါ်ထိုင်နေတဲ့ အရှင်ရှေ့မှာ ပျပ်ဝပ်ပြီး အစဉ်ထာဝရ အသက်ရှင်တဲ့အရှင်ကို ကိုးကွယ်ကြတယ်။ သရဖူတွေကိုလည်း ပလ္လင်ရှေ့မှာ ချထားပြီး၊ ၁၁  “ယေဟောဝါ* ဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။+ အရာခပ်သိမ်းဟာ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိနေတယ်။ ဒါကြောင့် ဂုဏ်တင်မှု၊+ ချီးမွမ်းမှုနဲ့+ အစွမ်းခွန်အားတွေကို+ ကိုယ်တော် ရထိုက်ပါတယ်” လို့ပြောကြတယ်။

အောက်ခြေမှတ်ချက်များ