ဗျာဒိတ် ၅:၁-၁၄

  • တံဆိပ်ခုနစ်ခု ခတ်နှိပ်ထားတဲ့ စာလိပ် (၁-၅)

  • စာလိပ်ကို သိုးသငယ် ယူ (၆-၈)

  • တံဆိပ်တွေကို သိုးသငယ် ဖွင့်ထိုက် (၉-၁၄)

 ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့အရှင်က+ ညာလက်မှာ စာလိပ်တစ်လိပ် ကိုင်ထားတာကို ကျွန်တော်မြင်တယ်။ စာလိပ်ရဲ့ အတွင်းအပြင် နှစ်ဖက်စလုံးမှာ စာရေးထားပြီး တံဆိပ်ခုနစ်ခု ခတ်နှိပ်ထားတယ်။ ၂  အဲဒီနောက် ကျွန်တော်ကြည့်လိုက်တော့ ခွန်အားကြီးတဲ့ ကောင်းကင်တမန်တစ်ပါးက “တံဆိပ်တွေကို ခွာပြီး စာလိပ်ကို ဖွင့်ထိုက်တာ ဘယ်သူလဲ” လို့ အသံကျယ်ကြီးနဲ့ ပြောနေတယ်။ ၃  ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီးပေါ်မှာရော၊  မြေကြီးအောက်မှာရော အဲဒီစာလိပ်ကို ဖွင့်ကြည့်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ၄  စာလိပ်ကို ဖွင့်ကြည့်ထိုက်တဲ့သူ တစ်ယောက်မှ မတွေ့တဲ့အတွက် ကျွန်တော် ရှိုက်ကြီးတငင် ငိုတယ်။ ၅  အဲဒီအခါ အကြီးအကဲတွေထဲက တစ်ယောက်က “မငိုနဲ့တော့။ ဒါဝိဒ်ရဲ့+ အမြစ်ဖြစ်တဲ့+ ယုဒအနွယ်ဝင်+ ခြင်္သေ့က အောင်မြင်ပြီဖြစ်လို့+ စာလိပ်နဲ့ တံဆိပ်ခုနစ်ခုကို ဖွင့်နိုင်တယ်” လို့ ကျွန်တော့်ကို ပြောတယ်။ ၆  ကျွန်တော် ကြည့်လိုက်တဲ့အခါ အသတ်ခံခဲ့ရပုံရှိတဲ့+ သိုးသငယ်က+ ရာဇပလ္လင်နဲ့ သတ္တဝါလေးပါး အနားမှာ၊ အကြီးအကဲတွေရဲ့ အလယ်မှာ ရပ်နေတယ်။+  သိုးသငယ်မှာ   ချိုခုနစ်ချောင်းနဲ့ မျက်စိခုနစ်လုံး ရှိတယ်။ မျက်စိတွေဟာ မြေတစ်ပြင်လုံးကို ဘုရားစေလွှတ်တဲ့ စွမ်းအားတော်ခုနစ်ခုကို+ ဆိုလိုတယ်။ ၇  သိုးသငယ်က ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့အရှင်ရဲ့+ ညာလက်မှာရှိတဲ့ စာလိပ်ကို ချက်ချင်း သွားယူတယ်။ ၈  စာလိပ်ကို ယူလိုက်တဲ့အခါ သတ္တဝါလေးပါးနဲ့ အကြီးအကဲ ၂၄ ယောက်တို့က+ နံ့သာပေါင်းအပြည့်ပါတဲ့ ရွှေဖလားနဲ့ စောင်းကို ကိုယ်စီကိုင်ရင်း သိုးသငယ်ရှေ့မှာ ဦးချပျပ်ဝပ်ကြတယ်။ (နံ့သာပေါင်းဟာ သန့်ရှင်းသူတွေရဲ့ ဆုတောင်းချက်တွေကို ဆိုလိုတယ်။)+ ၉  သူတို့က  “သခင်ဟာ  စာလိပ်ကိုယူပြီး တံဆိပ်တွေကို ဖွင့်ထိုက်သူပါ။  သခင်က အသတ်ခံပြီးနောက် လူမျိုးနွယ်၊ ဘာသာစကား၊ လူစုနဲ့  လူမျိုးတွေထဲက+  လူတွေကို ဘုရားသခင်အတွက် မိမိရဲ့သွေးနဲ့ ဝယ်ယူခဲ့တယ်။+ ၁၀  သခင်က သူတို့ကို ဘုရားသခင်အတွက် ဘုရင်တွေ၊+ ပုရောဟိတ်တွေ+ ဖြစ်စေတယ်။ သူတို့က ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုးရတယ်”+ ဆိုတဲ့ သီချင်းသစ်ကို+ သီဆိုကြတယ်။ ၁၁  အဲဒီနောက် ကျွန်တော်ကြည့်လိုက်တော့ ရာဇပလ္လင်နဲ့ သတ္တဝါတွေ၊ အကြီးအကဲတွေရဲ့ ပတ်လည်မှာ ရှိနေတဲ့ ကောင်းကင်တမန်အမြောက်အမြားရဲ့ အသံကို ကြားတယ်။ သူတို့ရဲ့အရေအတွက်ဟာ  ကုဋေအသင်္ချေမက များတယ်။+ ၁၂  သူတို့က “အသတ်ခံခဲ့ရတဲ့ သိုးသငယ်ဟာ+ တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ ခွန်အား၊ ဂုဏ်အသရေ၊ ဘုန်းအသရေနဲ့ ချီးမွမ်းမှုကို ရထိုက်တယ်”+ လို့ ကြွေးကြော်ကြတယ်။ ၁၃  ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊+  ပင်လယ်ထဲက  သတ္တဝါအားလုံး၊ ရှိရှိသမျှ အရာအားလုံးကလည်း  “ရာဇပလ္လင်ပေါ်မှာ  ထိုင်တဲ့အရှင်နဲ့+ သိုးသငယ်က+ ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊+  ဘုန်းအသရေ၊ အစွမ်းခွန်အားတွေ  အစဉ်ထာဝရ  ရရှိပါစေ”+ လို့ပြောတာကို ကျွန်တော်ကြားတယ်။ ၁၄  သတ္တဝါလေးပါးက “အာမင်”*  လို့ ပြောကြတယ်။ အကြီးအကဲတွေကလည်း ပျပ်ဝပ်ပြီး ကိုးကွယ်ကြတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”