ဗျာဒိတ် ၆:၁-၁၇

  • တံဆိပ်ခြောက်ခုကို သိုးသငယ်ဖွင့် (၁-၁၇)

    • မြင်းဖြူစီးတဲ့ အောင်ပွဲခံသူ (၁၊ ၂)

    • မြင်းနီစီးတဲ့ မြင်းစီးသူရဲက ငြိမ်သက်ခြင်းကို ရုပ်သိမ်း (၃၊ ၄)

    • မြင်းနက်စီးတဲ့ မြင်းစီးသူရဲက အငတ်ဘေးကို ယူဆောင်လာ (၅၊ ၆)

    • မြင်းမွဲစီးတဲ့ မြင်းစီးသူရဲနာမည်ဟာ သေမင်း (၇၊ ၈)

    • ပူဇော်ရာပလ္လင်ရဲ့ ခြေရင်းမှာ သတ်ဖြတ်ခံရသူတွေ (၉-၁၁)

    • ငလျင်ကြီး (၁၂-၁၇)

၆  တံဆိပ်ခုနစ်ခုထဲက+  တစ်ခုကို သိုးသငယ်+ ဖွင့်လိုက်တာ ကျွန်တော်မြင်တယ်။ သတ္တဝါလေးပါးထဲက+ တစ်ပါးက  မိုးခြိမ်းသံလို  အသံကြီးနဲ့ “လာခဲ့ပါ” လို့ပြောတာကိုလည်း ကြားရတယ်။ ၂  ကျွန်တော်  ကြည့်လိုက်တော့ မြင်းဖြူတစ်စီး မြင်တယ်။+  မြင်းစီးသူရဲဟာ လေးကို ကိုင်ထားတယ်။ ဘုရားသခင်က သူ့ကို သရဖူပေးတယ်။+ သူက ရန်သူတွေကို အောင်ပွဲခံရင်း အပြီးသတ်အောင်ပွဲခံဖို့ ထွက်သွားတယ်။+ ၃  ဒုတိယတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ ဒုတိယသတ္တဝါက+ “လာခဲ့ပါ” လို့ပြောတာကို ကျွန်တော် ကြားတယ်။ ၄  အဲဒီနောက် မြင်းနီတစ်စီး ထွက်လာတယ်။ မြင်းစီးသူရဲက လူလူချင်း သတ်ဖြတ်စေဖို့ ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့် ရတယ်။ သူက ဓားကြီးတစ်လက်ကို ရတယ်။+ ၅  တတိယတံဆိပ်ကို+ သိုးသငယ် ဖွင့်တဲ့အခါ တတိယသတ္တဝါက+ “လာခဲ့ပါ” လို့ပြောတာကို ကျွန်တော် ကြားတယ်။ ကြည့်လိုက်တော့ မြင်းနက်တစ်စီးကို မြင်တယ်။ မြင်းစီးသူရဲက ချိန်ခွင်တစ်လက် ကိုင်ထားတယ်။ ၆  သတ္တဝါလေးပါးရဲ့ အလယ်ကနေ ထွက်လာပုံရတဲ့ အသံတစ်သံက “ဂျုံတစ်ခွက်* အတွက် ဒေနာရိ*+ တစ်ပြား၊ မုယောသုံးခွက်အတွက် ဒေနာရိတစ်ပြား ပေးရတယ်။ သံလွင်ဆီနဲ့ စပျစ်ဝိုင်ကို မပြတ်စေနဲ့”+  လို့ပြောတာကို  ကျွန်တော်ကြားတယ်။ ၇  စတုတ္ထတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ စတုတ္ထသတ္တဝါက+ “လာခဲ့ပါ” လို့ ပြောတာကို ကျွန်တော်ကြားတယ်။ ၈  ကြည့်လိုက်တော့ မြင်းမွဲတစ်စီးကို မြင်ရတယ်။  မြင်းစီးသူရဲနာမည်က သေမင်းလို့ ခေါ်တယ်။ သင်္ချိုင်းလည်း သူ့နောက်ကနေ ကပ်လိုက်လာတယ်။ သူတို့က ကမ္ဘာမြေရဲ့ လေးပုံတစ်ပုံမှာရှိတဲ့ လူတွေကို ဓားဘေး၊ အစာခေါင်းပါးဘေး၊+ ကပ်ရောဂါဘေး၊ မြေသားရဲဘေးတွေနဲ့ သတ်နိုင်တဲ့ အခွင့်အာဏာ ရထားတယ်။+ ၉  ပဉ္စမတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ  ဘုရားသခင်ရဲ့  တရားစကားကြောင့်၊  သက်သေခံခြင်းလုပ်ငန်းကြောင့်+ အသတ်ခံရသူတွေရဲ့ သွေးဟာ+  ပူဇော်ရာပလ္လင်ရဲ့ခြေရင်းမှာ+ ရှိနေတာကို  ကျွန်တော်မြင်တယ်။ ၁၀  သူတို့က “အို အချုပ်အခြာအာဏာပိုင်ရှင်၊ သန့်ရှင်းမြင့်မြတ်ပြီး စစ်မှန်တဲ့အရှင်၊+ ကျွန်တော်တို့ကို သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာမြေပေါ်ကလူတွေကို တရားမစီရင်ဘဲ၊ လက်စားမချေဘဲ ဘယ်လောက်ကြာကြာ နေနေမှာလဲ”+ ဆိုပြီး အကျယ်ကြီး အော်ပြောကြတယ်။ ၁၁  ဘုရားသခင်က သူတို့ကို ဝတ်လုံဖြူ တစ်ထည်စီ ပေးတယ်။+ သူတို့လိုပဲ အသတ်ခံရတော့မယ့်+ ညီအစ်ကိုတွေ၊ ကျွန်ချင်းတွေ အရေအတွက် ပြည့်တဲ့အထိ ခဏစောင့်နေဖို့ သူတို့ကို ပြောတယ်။ ၁၂  ဆဋ္ဌမတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ ငလျင်ကြီးလှုပ်သွားတာကို ကျွန်တော်မြင်တယ်။ နေဟာ ဆိတ်မွေးနဲ့ရက်ထားတဲ့ အထည်ကြမ်းလို* မည်းမှောင်သွားတယ်။ လဝန်းတစ်ခုလုံး သွေးလို နီရဲသွားတယ်။+ ၁၃  လေပြင်းတိုက်တဲ့အခါ သဖန်းသီးအစိမ်းတွေ ကြွေကျသလိုပဲ ကောင်းကင်ကြယ်တွေလည်း မြေပေါ်ကျလာတယ်။ ၁၄  ကောင်းကင်ဟာ စာလိပ်လို လိပ်ပြီး ပျောက်သွားတယ်။+ တောင်တန်းတွေ၊ ကျွန်းတွေလည်း နေရာကနေ ရွေ့သွားတယ်။+ ၁၅  ကမ္ဘာ့အုပ်စိုးရှင်တွေ၊ မင်းအရာရှိတွေ၊ တပ်မှူးတွေ၊ သူဌေးတွေ၊ ခွန်အားကြီးသူတွေ၊ ကျွန်တွေ၊ လွတ်လပ်သူတွေ အားလုံးက လိုဏ်ဂူတွေထဲမှာ၊ တောင်ပေါ်က  ကျောက်ဆောင်တွေကြားမှာ ပုန်းအောင်းကြတယ်။+ ၁၆  သူတို့က တောင်တွေ၊ ကျောက်ဆောင်တွေကို “ငါတို့အပေါ် ပြိုကျပါ။+ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့အရှင်ရဲ့+ မျက်နှာကို မမြင်ရအောင်၊ သိုးသငယ်ရဲ့+ အမျက်ဒေါသကို မခံရအောင် ဖုံးကွယ်ပေးပါ။ ၁၇  သူတို့ အမျက်ထွက်တဲ့နေ့ကြီး ရောက်လာပြီ၊+ ဘယ်သူ ခံရပ်နိုင်မှာလဲ”+ လို့ မပြတ်ပြောနေကြတယ်။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဂျုံတစ်ကွတ်။” ၁.၀၈ လီတာဆံ့တဲ့ပုံး တစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ရောမငွေဒင်္ဂါး။ တစ်နေ့တာ လုပ်ခနဲ့ညီတယ်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။