ဗျာဒိတ် ၇:၁-၁၇
၇ ကောင်းကင်တမန်လေးပါးက ကမ္ဘာမြေရဲ့ ထောင့်လေးထောင့်မှာ ရပ်ပြီး အရပ်လေးမျက်နှာကနေ တိုက်ခတ်လာတဲ့ လေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတယ်။ မြေကြီးပေါ်၊ ပင်လယ်ပေါ်၊ သစ်ပင်တွေပေါ် လေတွေ လုံးဝ မတိုက်ခတ်စေဖို့ပဲ။
၂ အဲဒီနောက် အရှေ့အရပ်ကနေ ကောင်းကင်တမန်တစ်ပါး တက်လာတာကို ကျွန်တော် မြင်တယ်။ သူက အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ တံဆိပ်ကို ကိုင်ထားတယ်။ မြေကြီးနဲ့ ပင်လယ်ကို ဖျက်ဆီးခွင့်ရထားတဲ့ ကောင်းကင်တမန်လေးပါးကို အသံကျယ်ကြီးနဲ့ အော်ခေါ်ပြီး၊
၃ “ဘုရားသခင်ရဲ့ ကျွန်တွေကို နဖူးပေါ်မှာ ငါတို့ တံဆိပ်ခတ်လို့ မပြီးမချင်း+ မြေကြီး၊ ပင်လယ်နဲ့ သစ်ပင်တွေကို မဖျက်ဆီးပါနဲ့”+ လို့ပြောတယ်။
၄ တံဆိပ်ခတ်ခံရသူတွေရဲ့ အရေအတွက်ကို ကျွန်တော် ကြားသိရတယ်။ အစ္စရေးမျိုးနွယ်အသီးသီးထဲက+ တံဆိပ်ခတ်ခံရသူပေါင်း ၁၄၄,၀၀၀ ရှိတယ်။+
၅ ယုဒအနွယ်ထဲက ၁၂,၀၀၀ တံဆိပ်ခတ်ခံရတယ်။ရုဗင်အနွယ်ထဲက ၁၂,၀၀၀။ဂဒ်အနွယ်ထဲက ၁၂,၀၀၀။
၆ အာရှာအနွယ်ထဲက ၁၂,၀၀၀။နဿလိအနွယ်ထဲက ၁၂,၀၀၀။မနာရှေအနွယ်ထဲက+ ၁၂,၀၀၀။
၇ ရှိမောင်အနွယ်ထဲက ၁၂,၀၀၀။လေဝိအနွယ်ထဲက ၁၂,၀၀၀။အိသခါအနွယ်ထဲက ၁၂,၀၀၀။
၈ ဇာဗုလုန်အနွယ်ထဲက ၁၂,၀၀၀။ယောသပ်အနွယ်ထဲက ၁၂,၀၀၀။ဗင်ယာမိန်အနွယ်ထဲက ၁၂,၀၀၀ တံဆိပ်ခတ်ခံရတယ်။
၉ အဲဒီနောက် ကျွန်တော်ကြည့်လိုက်တဲ့အခါ မရေတွက်နိုင်အောင်များတဲ့ လူအုပ်ကြီးတစ်အုပ်ကို မြင်တယ်။ သူတို့ဟာ လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက ထွက်လာသူတွေပဲ။+ ရာဇပလ္လင်နဲ့ သိုးသငယ်ရှေ့မှာ ရပ်နေပြီး ဝတ်လုံဖြူ ဝတ်ဆင်ထားတယ်။+ စွန်ပလွံခက်တွေ ကိုင်ထားတယ်။+
၁၀ သူတို့က “ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရားသခင်နဲ့+ သိုးသငယ်ရဲ့ ကျေးဇူးတော်ကြောင့် ငါတို့ ကယ်တင်ခြင်းရတာ”+ ဆိုပြီး တစ်ခဲနက် ကြွေးကြော်ကြတယ်။
၁၁ ရာဇပလ္လင်ပတ်လည်မှာ၊ အကြီးအကဲတွေနဲ့+ သတ္တဝါလေးပါးရဲ့ ပတ်လည်မှာ ရပ်နေတဲ့ ကောင်းကင်တမန်အားလုံးက ပလ္လင်ရှေ့မှာ ပျပ်ဝပ်ပြီး ဘုရားသခင်ကို ကိုးကွယ်ကြတယ်။
၁၂ “အာမင်၊* ဘုရားသခင်က ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဉာဏ်ပညာ၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ အစွမ်းခွန်အားနဲ့ အစွမ်းသတ္တိကို အစဉ်ထာဝရ ရရှိပါစေ။+ အာမင်” လို့ ပြောဆိုကြတယ်။
၁၃ အကြီးအကဲတွေထဲက တစ်ယောက်က “ဝတ်လုံဖြူ ဝတ်ဆင်ထားတဲ့ အဲဒီလူတွေဟာ+ ဘယ်သူတွေလဲ။ ဘယ်က လာကြတာလဲ” လို့မေးတော့၊
၁၄ ကျွန်တော်က “သခင် သိပါတယ်” လို့ ချက်ချင်းပဲ ဖြေလိုက်တယ်။ အဲဒီအခါ သူက “ဒီလူတွေဟာ ကြီးစွာသောဒုက္ခကနေ+ လွတ်မြောက်လာသူတွေပဲ။ သူတို့ရဲ့ဝတ်လုံကို သိုးသငယ်ရဲ့သွေးနဲ့ ဖြူအောင် လျှော်ဖွပ်ခဲ့ကြပြီ။+
၁၅ ဒါကြောင့် ဘုရားသခင်ရဲ့ ရာဇပလ္လင်ရှေ့မှာ သူတို့ ရောက်နေတာ။ ဗိမာန်တော်မှာ ဘုရားသခင်အတွက် နေ့ညမပြတ် အမှုဆောင်နေကြတာ။ ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့အရှင်က+ သူတို့ကို ကာကွယ်စောင့်ရှောက်လိမ့်မယ်။*+
၁၆ သူတို့ ဘယ်တော့မှ ဆာလောင်မှာ၊ ရေငတ်မှာ မဟုတ်ဘူး။ ချစ်ချစ်တောက် အပူဒဏ်နဲ့ နေဒဏ်ကို ခံရမှာ မဟုတ်ဘူး။+
၁၇ ရာဇပလ္လင်နားမှာရှိနေတဲ့ သိုးသငယ်က+ သူတို့ကို ထိန်းကျောင်းပြီး+ အသက်စမ်းရေဆီ+ ပို့ဆောင်ပေးမှာ ဖြစ်လို့ပဲ။ ဘုရားသခင်က သူတို့ရဲ့ မျက်ရည်တွေကို သုတ်ပေးလိမ့်မယ်”+ ဆိုပြီး ကျွန်တော့်ကိုပြောတယ်။