ဗျာဒိတ် ၈:၁-၁၃

  • ခုနစ်ခုမြောက် တံဆိပ်ကို ဖွင့် (၁-၆)

  • ခရာလေးခု မှုတ် (၇-၁၂)

  • အဖြစ်ဆိုးသုံးခု ကြေညာ (၁၃)

၈  သတ္တမတံဆိပ်ကို+ သိုးသငယ်+ ဖွင့်တဲ့အခါ ကောင်းကင်မှာ နာရီဝက်လောက်  တိတ်ဆိတ်သွားတယ်။ ၂  အဲဒီနောက်  ဘုရားသခင်ရဲ့ရှေ့မှာ ကောင်းကင်တမန်ခုနစ်ပါး+ ရပ်နေတာကို ကျွန်တော်မြင်တယ်။ ဘုရားသခင်က သူတို့ကို ခရာခုနစ်လက် ပေးတယ်။ ၃  ကောင်းကင်တမန် နောက်တစ်ပါး ရောက်လာပြီး နံ့သာပေါင်းပလ္လင်နားမှာ+ ရပ်နေတယ်။ သူက နံ့သာပေါင်းပူဇော်ဖို့ ရွှေလင်ပန်းကို ကိုင်ထားတယ်။ သန့်ရှင်းသူတွေ ဆုတောင်းတာကို ဘုရားနားထောင်နေချိန်မှာ  ရာဇပလ္လင်ရှေ့က ရွှေနံ့သာပေါင်းပလ္လင်ပေါ်မှာ+ ပူဇော်ဖို့ နံ့သာပေါင်းအများကြီးကို+ သူရထားတယ်။ ၄  နံ့သာပေါင်းငွေ့တွေဟာ သန့်ရှင်းသူတို့ရဲ့ ဆုတောင်းချက်တွေနဲ့အတူ+ ကောင်းကင်တမန် လက်ထဲကနေ ဘုရားသခင့် ရှေ့တော်ကို တက်သွားတယ်။ ၅  ဒါပေမဲ့ ကောင်းကင်တမန်က ချက်ချင်းပဲ နံ့သာပေါင်းပလ္လင်ပေါ်က မီးကို လင်ပန်းထဲထည့်ပြီး ကမ္ဘာမြေပေါ် ပစ်ချလိုက်တယ်။ အဲဒီအခါ မိုးခြိမ်းသံတွေ၊ စကားသံတွေ ပေါ်ထွက်လာတယ်။ လျှပ်စီးတွေလက်ပြီး+ မြေငလျင်လှုပ်တယ်။ ၆  ခရာခုနစ်လက် ကိုင်ထားတဲ့ ကောင်းကင်တမန် ခုနစ်ပါးက+ ခရာမှုတ်ဖို့ အသင့်ဖြစ်နေတယ်။ ၇  ပထမကောင်းကင်တမန် ခရာမှုတ်လိုက်တဲ့အခါ သွေးနဲ့ရောနေတဲ့ မီးတွေ၊ မိုးသီးတွေ မြေပေါ် ကျလာတယ်။+ ကမ္ဘာမြေရဲ့ သုံးပုံတစ်ပုံ၊ သစ်ပင်သုံးပုံတစ်ပုံ လောင်ကျွမ်းသွားတယ်။ စိမ်းစိုတဲ့အပင်ရှိသမျှ လောင်ကျွမ်းသွားတယ်။+ ၈  ဒုတိယကောင်းကင်တမန် ခရာမှုတ်လိုက်တဲ့အခါ  မီးလောင်နေတဲ့ တောင်ကြီးနဲ့တူတဲ့အရာတစ်ခု ပင်လယ်ထဲ ကျလာတယ်။+ အဲဒီအခါ ပင်လယ်သုံးပုံတစ်ပုံ  သွေးဖြစ်သွားတယ်။+ ၉  ပင်လယ်ထဲက သတ္တဝါသုံးပုံတစ်ပုံ သေကုန်တယ်။+ သင်္ဘောသုံးပုံတစ်ပုံလည်း ပျက်စီးသွားတယ်။ ၁၀  တတိယကောင်းကင်တမန် ခရာမှုတ်လိုက်တဲ့အခါ  မီးခွက်လို  ထွန်းတောက်နေတဲ့  ကြယ်ကြီးတစ်လုံး ကောင်းကင်ကနေ ကျလာပြီး မြစ်သုံးပုံတစ်ပုံနဲ့ စမ်းရေတွေပေါ် ကျလာတယ်။+ ၁၁  အဲဒီကြယ်ကို ဒေါနလို့* ခေါ်တယ်။ ရေသုံးပုံတစ်ပုံဟာ ဒေါနလို ခါးသွားတယ်။ အဲဒီရေ ခါးလွန်းလို့ လူအများကြီး သေဆုံးကုန်တယ်။+ ၁၂  စတုတ္ထကောင်းကင်တမန် ခရာမှုတ်လိုက်တဲ့အခါ နေရဲ့ သုံးပုံတစ်ပုံ၊+ လရဲ့ သုံးပုံတစ်ပုံ၊ ကြယ်တွေရဲ့ သုံးပုံတစ်ပုံဟာ ကပ်ဆိုက်သွားတယ်။ အဲဒီအခါ နေ၊ လနဲ့ ကြယ်တွေရဲ့ သုံးပုံတစ်ပုံ မှောင်မိုက်သွားတယ်။+ နေ့အချိန်ရဲ့ သုံးပုံတစ်ပုံဟာ အလင်းမရတော့ဘူး။ ညအချိန်လည်း အဲဒီလိုပဲ ဖြစ်သွားတယ်။ ၁၃  အဲဒီအခါ ကောင်းကင်မှာ လင်းယုန်တစ်ကောင် ပျံဝဲနေတာ ကျွန်တော်မြင်တယ်။ အဲဒီလင်းယုန်က “ကောင်းကင်တမန်သုံးပါး ခရာထပ်မှုတ်ဦးမယ်။+ အဲဒီခရာသံတွေကြောင့်  ကမ္ဘာပေါ်နေထိုင်တဲ့သူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်၊ အဖြစ်ဆိုးကြုံရလိမ့်မယ်၊ အဖြစ်ဆိုးကြုံရလိမ့်မယ်”+ ဆိုပြီး အော်ပြောတာကို ကျွန်တော်ကြားတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။