မာကု ၉:၁-၅၀
-
ယေရှု ကိုယ်ယောင်ပြောင်း (၁-၁၃)
-
နတ်ဆိုးပူးနေတဲ့ လူငယ်လေးကို ကုသပေး (၁၄-၂၉)
-
ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်တာ မရှိ (၂၃)
-
-
သေဆုံးမယ့်အကြောင်း ထပ်မံကြိုပြော (၃၀-၃၂)
-
ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး တပည့်တွေ အငြင်းပွား (၃၃-၃၇)
-
ကျွန်တော်တို့ကို မဆန့်ကျင်တဲ့သူဟာ ကျွန်တော်တို့ ဘက်ကလူပဲ (၃၈-၄၁)
-
အပြစ်ကျူးလွန်စေတဲ့အရာ (၄၂-၄၈)
-
“အငန်ဓာတ်ရှိတဲ့ ဆားလိုဖြစ်ကြပါ” (၄၉၊ ၅၀)
၉ အဲဒီနောက် ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ဒီမှာရပ်နေသူတချို့ဟာ တန်ခိုးနဲ့ရောက်နှင့်နေတဲ့ ဘုရားသခင့်နိုင်ငံတော်ကို မမြင်ရခင် သေဆုံးမှာ မဟုတ်ဘူး” လို့ သူတို့ကို ပြောတယ်။+
၂ ခြောက်ရက်ကြာတဲ့အခါ ယေရှုက ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ကိုပဲ ခေါ်ပြီး အလွန်မြင့်တဲ့တောင်ပေါ် တက်သွားတယ်။ အဲဒီနောက် သူတို့ရှေ့မှာ ယေရှု ကိုယ်ယောင်ပြောင်းသွားတယ်။+
၃ ယေရှုရဲ့ဝတ်လုံဟာ ဖြူဖွေးတောက်ပနေတယ်။ အဲဒီလောက် ဖြူဖွေးအောင် ဘယ်သူမှ မလျှော်နိုင်ဘူး။
၄ ဧလိယနဲ့ မောရှေတို့လည်း ပေါ်လာပြီး ယေရှုနဲ့ စကားပြောတယ်။
၅ အဲဒီအခါ ပေတရုက “ဆရာ၊* ကျွန်တော်တို့ ဒီမှာရှိနေရတာ အခွင့်ထူးပါ။ ဒီမှာ တဲသုံးလုံး ဆောက်ပေးပါရစေ။ ဆရာ့အတွက် တစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံးပေါ့” လို့ပြောတယ်။
၆ တကယ်တော့ ပေတရု ဘာပြောရမှန်းမသိ ဖြစ်နေတာ။ သူတို့ တော်တော် ကြောက်နေကြတယ်။
၇ အဲဒီအချိန်မှာ တိမ်တိုက်ပေါ်လာပြီး သူတို့ကို ဖုံးလွှမ်းသွားတယ်။ ပြီးတော့ “သူဟာ ငါ့ရဲ့ချစ်သားပဲ။+ သူ့စကားကို နားထောင်ကြ”+ ဆိုတဲ့အသံ တိမ်တိုက်ထဲကနေ ထွက်လာတယ်။+
၈ ပတ်လည်ကို ကြည့်လိုက်တော့ ယေရှုကလွဲလို့ ဘယ်သူ့ကိုမှ မတွေ့ဘူး။
၉ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့အခါ ယေရှုက သူတို့မြင်ခဲ့တာတွေကို လူသား သေရာကနေ အသက်ပြန်ရှင်လာချိန်မတိုင်ခင်+ ဘယ်သူ့ကိုမှ မပြောဖို့ အသေအချာ မှာတယ်။+
၁၀ သူတို့လည်း ဘယ်သူ့ကိုမှ ပြန်မပြောပြဘူး။ ဒါပေမဲ့ သေရာကနေ အသက်ပြန်ရှင်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုပြီး ဆွေးနွေးကြတယ်။
၁၁ အဲဒီနောက် “ဧလိယ+ အရင်ပေါ်ထွန်းမယ်ဆိုပြီး ကျမ်းတတ်တွေ ဘာလို့ပြောတာလဲ” လို့မေးတဲ့အခါ၊+
၁၂ ယေရှုက “ဧလိယဟာ အရင်ပေါ်ထွန်းပြီး အရာအားလုံးကို နဂိုအတိုင်းဖြစ်အောင် လုပ်ပေးမယ်။+ ဒါပေမဲ့ လူသားဟာ ဝေဒနာအများကြီး ခံစားပြီး+ မထီလေးစားလုပ်တာ ခံရလိမ့်မယ်ဆိုတဲ့+ ကျမ်းစကားနဲ့ ဘယ်လိုဆက်စပ်နေသလဲ။
၁၃ ကျွန်တော် ပြောမယ်။ တကယ်တော့ ဧလိယ+ ပေါ်ထွန်းပြီးသွားပြီ။ သူနဲ့ပတ်သက်ပြီး ရေးထားတဲ့အတိုင်း လူတွေက သူ့ကို လုပ်ချင်သလို လုပ်ခဲ့ကြတယ်”+ လို့ပြောတယ်။
၁၄ ယေရှုနဲ့ တပည့်သုံးယောက်က တခြားတပည့်တွေဆီ ပြန်ရောက်လာတဲ့အခါ ကျမ်းတတ်တွေနဲ့ သူတို့ ဆွေးနွေးငြင်းခုံနေတာ၊ လူတွေအများကြီး ဝိုင်းအုံနေတာကို တွေ့လိုက်ရတယ်။+
၁၅ လူတွေက ယေရှုကိုတွေ့တော့ အံ့အားသင့်ပြီး အပြေးအလွှား လာနှုတ်ဆက်ကြတယ်။
၁၆ ယေရှုက “ခင်ဗျားတို့ ဘာတွေ ဆွေးနွေးငြင်းခုံနေတာလဲ” ဆိုပြီး မေးတယ်။
၁၇ လူအုပ်ထဲကတစ်ယောက်က “ဆရာ၊ နတ်ဆိုးပူးလို့ စကားမပြောနိုင်တော့တဲ့ ကျွန်တော့်သားကို ဆရာ့ဆီ ခေါ်လာတာ။+
၁၈ နတ်ဆိုးပူးတဲ့အခါတိုင်း ကျွန်တော့်သားက မြေပေါ်ပစ်လဲသွားတယ်။ ပါးစပ်ကနေ အမြှုပ်ထွက်၊ အံကြိတ်ပြီး အားပြတ်သွားတတ်တယ်။ နတ်ဆိုး နှင်ထုတ်ပေးဖို့ ဆရာ့တပည့်တွေကို အကူအညီတောင်းတာ သူတို့ မနှင်ထုတ်နိုင်ဘူး” လို့ပြောတယ်။
၁၉ အဲဒီအခါ ယေရှုက “ယုံကြည်ခြင်းမရှိတဲ့ လူမျိုးဆက်၊+ ခင်ဗျားတို့နဲ့အတူ ကျွန်တော် ဘယ်လောက်ကြာကြာ ရှိနေမှာလဲ။ ခင်ဗျားတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။ အဲဒီလူငယ်လေးကို ခေါ်လာခဲ့”+ လို့ပြောတယ်။
၂၀ ဒါနဲ့ လူငယ်လေးကို ခေါ်လာကြတယ်။ ယေရှုကိုလည်း မြင်ရော နတ်ဆိုးက လူငယ်လေးကို တုန်တက်စေတဲ့အတွက် မြေပေါ်လဲကျသွားပြီး ပါးစပ်ကနေ အမြှုပ်တစီစီနဲ့ လူးလှိမ့်နေတယ်။
၂၁ ယေရှုက “ဒီလိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ” လို့မေးတော့ ဖခင်ဖြစ်သူက “ငယ်ငယ်ကတည်းကပါ။
၂၂ နတ်ဆိုးက မီးထဲလဲကျအောင် လုပ်လိုက်၊ ရေထဲကျအောင် လုပ်လိုက်နဲ့ ကျွန်တော့်သားကို သေအောင် ခဏခဏ လုပ်ပါတယ်။ ဆရာ တတ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ကို သနားတဲ့အနေနဲ့ ကုပေးပါ” လို့အသနားခံတယ်။
၂၃ ယေရှုက “‘တတ်နိုင်ရင်’ လို့ ဘာကြောင့်ပြောတာလဲ။ ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်တာ မရှိဘူး” လို့ပြောတယ်။+
၂၄ ဒါနဲ့ ဖခင်ဖြစ်သူက ချက်ချင်းပဲ “ကျွန်တော် ယုံကြည်ပါတယ်။ ယုံကြည်ခြင်း အားနည်းနေသေးရင် ခိုင်မာလာအောင် ကူညီပေးပါ”+ လို့ပြောတယ်။
၂၅ လူတွေ ဝိုင်းအုံလာတာကို ယေရှုမြင်တဲ့အတွက် “နားမကြားအောင်၊ စကားမပြောနိုင်အောင် နှောင့်ယှက်နေတဲ့ နတ်ဆိုး၊ ငါအမိန့်ပေးတယ်။ သူ့ထဲက ထွက်သွားစမ်း။ ဘယ်တော့မှ ပြန်မဝင်နဲ့” ဆိုပြီး အဲဒီနတ်ဆိုးကို ခပ်ထန်ထန် အမိန့်ပေးတယ်။+
၂၆ နတ်ဆိုးက အသံကုန်အော်ပြီးနောက် လူငယ်လေးကို အကြီးအကျယ် တုန်တက်စေပြီးမှ ထွက်သွားတယ်။ လူငယ်လေးက လူသေလို ဖြစ်နေလို့ “သူသေသွားပြီ” လို့ လူတွေပြောကြတယ်။
၂၇ ယေရှုက လူငယ်လေးရဲ့လက်ကို ကိုင်ပြီး ဆွဲထူပေးလိုက်တော့ သူထလာတယ်။
၂၈ ယေရှု အိမ်ထဲဝင်သွားတဲ့အခါ တပည့်တွေက “ကျွန်တော်တို့ကျတော့ ဘာလို့ နတ်ဆိုးကို မနှင်ထုတ်နိုင်တာလဲ” လို့ သီးသန့် လာမေးတယ်။+
၂၉ “အဲဒီလိုနတ်ဆိုးမျိုးကို ဆုတောင်းခြင်းနဲ့ပဲ နှင်ထုတ်နိုင်တယ်” လို့ ယေရှုဖြေတယ်။
၃၀ အဲဒီကနေ ထွက်ပြီး ဂါလိလဲနယ်ကို ဖြတ်သွားကြတယ်။ ယေရှုက အဲဒီအကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး။
၃၁ တပည့်တွေကို သွန်သင်ပေးချင်လို့ပဲ။ “လူသားကို သစ္စာဖောက်ပြီး လူတွေလက်ထဲ အပ်ကြလိမ့်မယ်။ အသေသတ်ကြလိမ့်မယ်။+ လူသားဟာ အသတ်ခံရပေမဲ့ သုံးရက်ကြာရင် အသက်ပြန်ရှင်လာမယ်” ဆိုပြီး သူတို့ကို ပြောပြတယ်။+
၃၂ တပည့်တွေက ယေရှုပြောတာကို နားမလည်ကြဘူး။ မေးလည်း မမေးရဲကြဘူး။
၃၃ ဒီလိုနဲ့ ကပေရနောင်မြို့ကို ရောက်လာတယ်။ အိမ်ထဲမှာရှိနေတုန်း ယေရှုက “ခင်ဗျားတို့ လမ်းမှာ ဘာတွေငြင်းခုံနေကြတာလဲ”+ လို့မေးတဲ့အခါ၊
၃၄ တစ်ယောက်မှ ပြန်မဖြေဘူး။ သူတို့ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားခဲ့ကြတာကိုး။
၃၅ ယေရှုကထိုင်ရင်း တမန်တော် ၁၂ယောက်ကိုခေါ်ပြီး “ပထမဖြစ်ချင်တဲ့သူဟာ နောက်ဆုံး ဖြစ်ရမယ်။ အားလုံးရဲ့အစေခံ ဖြစ်ရမယ်” လို့ပြောတယ်။+
၃၆ အဲဒီနောက် ကလေးငယ်တစ်ယောက်ကို ခေါ်ပြီး သူတို့အလယ်မှာ ရပ်ခိုင်းတယ်။ သူ့ပခုံးကို ကိုင်ပြီးနောက်၊
၃၇ “ကျွန်တော့်နာမည်ကို ထောက်ပြီး ဒီကလေးငယ်လို လူတစ်ယောက်ကို လက်ခံသူဟာ+ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။ ကျွန်တော့်ကို လက်ခံသူဟာ ကျွန်တော့်ကိုသာမက ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို လက်ခံသူပဲ”+ လို့ပြောတယ်။
၃၈ ယောဟန်က “ဆရာ၊ ဆရာ့နာမည်သုံးပြီး နတ်ဆိုးနှင်ထုတ်နေတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ထဲက မဟုတ်လို့ သူ့ကို တားလိုက်တယ်”+ လို့ပြောတော့၊
၃၉ ယေရှုက “သူ့ကို မတားပါနဲ့။ ကျွန်တော့်နာမည်သုံးပြီး အံ့ဖွယ်အမှုကို လုပ်တယ်၊ ပြီးတာနဲ့ ကျွန်တော့်မကောင်းကြောင်း ပြောတဲ့သူရယ်လို့ မရှိပါဘူး။
၄၀ ကျွန်တော်တို့ကို မဆန့်ကျင်တဲ့သူဟာ ကျွန်တော်တို့ဘက်က လူပဲ။+
၄၁ ခင်ဗျားတို့ကို ခရစ်တော်ရဲ့တပည့်ဆိုပြီး ရေတစ်ခွက် တိုက်တယ်ဆိုပါစို့။+ ကျွန်တော် မှန်တာကို ပြောမယ်။ သူဟာ အကျိုးကျေးဇူး မခံစားရဘဲ မနေဘူး။+
၄၂ ယုံကြည်ခြင်းရှိပြီး ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို လဲကျစေသူဆိုရင်တော့ ကြိတ်ဆုံကျောက်ကြီးကို* လည်မှာ ဆွဲပြီး ပင်လယ်ထဲ ပစ်ချခံလိုက်ရတာက ပိုကောင်းဦးမယ်။+
၄၃ “ကိုယ့်လက်က အပြစ်ကျူးလွန်စေတယ်* ဆိုရင် လက်ကို ဖြတ်ပစ်လိုက်ပါ။ မီးမငြိမ်းနိုင်တဲ့ ဂေဟင်နာ* အရပ်မှာ လက်အစုံနဲ့ ပစ်ချခံရတာထက် လက်မစုံဘဲ အသက်ရှင်ခွင့်ရတာ ပိုကောင်းတယ်။+
၄၄ *—
၄၅ ကိုယ့်ခြေထောက်က အပြစ်ကျူးလွန်စေတယ်ဆိုရင် ခြေထောက်ကို ဖြတ်ပစ်လိုက်ပါ။ ဂေဟင်နာ* အရပ်မှာ ခြေအစုံနဲ့ ပစ်ချခံရတာထက် ခြေမစုံဘဲ အသက်ရှင်ခွင့်ရတာ ပိုကောင်းတယ်။+
၄၆ *—
၄၇ ကိုယ့်မျက်စိက အပြစ်ကျူးလွန်စေတယ်ဆိုရင် မျက်စိကို ထုတ်ပစ်လိုက်ပါ။+ ဂေဟင်နာ* အရပ်ကို မျက်စိအစုံနဲ့ ပစ်ချခံရတာထက် မျက်စိတစ်ဖက်နဲ့ ဘုရားသခင့် နိုင်ငံတော်ထဲ ဝင်ခွင့်ရတာ ပိုကောင်းတယ်။+
၄၈ ဂေဟင်နာအရပ်ဟာ လောက်ကောင်တွေ မသေတဲ့၊ မီးမငြိမ်းတဲ့ အရပ်ပဲ။+
၄၉ “ဆားတွေ ဖြူးချသလို လူတွေအပေါ် မီးမိုး ရွာချလိမ့်မယ်။+
၅၀ ဆားဟာ ကောင်းပါတယ်။ ဒါပေမဲ့ ဆားမှာ အငန်ဓာတ် မရှိတော့ရင် ပြန်ငန်အောင် လုပ်လို့ရသလား။+ ခင်ဗျားတို့လည်း အငန်ဓာတ်ရှိတဲ့ ဆားလိုဖြစ်ကြပါ။+ အဲဒီလိုဆိုရင် အချင်းချင်း သင့်သင့်မြတ်မြတ် ဖြစ်နေကြလိမ့်မယ်။”+