မာလခိ ၂:၁-၁၇

  • လူ​တွေ​ကို မသွန်သင်​တဲ့ ပု​ရော​ဟိတ်​တွေ (၁-၉)

    • ပု​ရော​ဟိတ်​ရဲ့​နှုတ်​ဟာ အသိ​ပညာ​ကို စောင့်ရှောက်​ရ()

  • အကြောင်း​မဲ့ ကွာ​ရှင်း​တဲ့​အပြစ် (၁၀-၁၇)

    • “‘ကွာ​ရှင်း​တာ​ကို ငါ​မုန်း​တယ်’ လို့ ယေဟောဝါ​ပြော” (၁၆)

 “ပု​ရော​ဟိတ်​တို့၊ အခု မင်း​တို့​ကို ငါ အမိန့်​ပေး​မယ်။+ ၂  ငါ့​နာ​မည်​ကို ဂုဏ်​တင်​ကြ​လို့​ပြော​တာ​ကို နား​မထောင်​ဘူး၊ နှလုံး​မသွင်း​ဘူး​ဆို​ရင် မင်း​တို့​ကို ကျိန်​စာ​သင့်​စေ​မယ်။+ မင်း​တို့​ရဲ့​ကောင်း​ချီး​တွေ​ကို ကျိန်​စာ​ဖြစ်​စေ​မယ်။+ မင်း​တို့ နှလုံး​မသွင်း​တဲ့​အတွက် အဲဒီ​ကောင်း​ချီး​တွေ​ကို ကျိန်​စာ​ဖြစ်​စေ​မယ်” လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ ၃  “မင်း​တို့​ကြောင့် မင်း​တို့​ကြဲ​တဲ့ မျိုး​စေ့​ကို ငါ​ဖျက်​ဆီး​မယ်။+ မင်း​တို့​မျက်​နှာ​ကို ပွဲ​တော်တွေ​မှာ ပူ​ဇော်​တဲ့​တိ​ရစ္ဆာန်ရဲ့  နောက်​ချေး​နဲ့ ပက်​မယ်။ နောက်​ချေး​ပုံ​ထဲ ပစ်​ချ​မယ်။ ၄  အဲဒီ​အခါ လေ​ဝိနဲ့ ဖွဲ့​ခဲ့​တဲ့​ပဋိ​ညာဉ် တည်​စေ​ဖို့ ဒီ​အ​မိန့်​ကို ငါ​ပေး​ခဲ့​မှန်း မင်း​တို့​သိ​ရ​လိမ့်​မယ်”+ လို့  ဗိုလ်​ခြေ​တို့​ရဲ့​အရှင်  ယေဟော​ဝါ​ ပြော​တယ်။ ၅  “လေ​ဝိနဲ့ ငါ​ဖွဲ့​ ခဲ့​တဲ့​ပဋိ​ညာဉ်​က အသက်​ရ​စေ​တယ်၊ ငြိမ်သက်​ခြင်း ရှိ​စေ​တယ်။ အဲဒီ​ကောင်း​ချီး​တွေ​ကြောင့် ငါ့​ကို သူ ကြည်​ညို​လာ​တယ်။ ငါ့​ကို ကြောက်​ရွံ့​ရို​သေတယ်။ ငါ့​နာ​မည်​ကို ရို​သေခန့်​ညား​တယ်။ ၆  သူ့​ နှုတ်​မှာ အမှန်​တ​ရား​နဲ့​ဆိုင်​တဲ့ ပညတ်​ချက်​တွေ ရှိ​တယ်။+ သူ့​နှုတ်​ခမ်း​မှာ မဖြောင့်​မတ်​တာ တစ်​ခု​မှ ရှာ​မတွေ့​ဘူး။ သူ​ဟာ ငါ​နဲ့ သင့်မြတ်​ရုံ​မက မှန်​တဲ့​လမ်း​စဉ်​မှာ ငါ​နဲ့​အတူ လျှောက်​လှမ်း​တယ်။+ လူ​အများ​ကို မှား​ယွင်း​တဲ့​လမ်း​စဉ်​က​နေ ပြန်​လှည့်​လာ​စေ​တယ်။ ၇  ပု​ရော​ဟိတ်​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ရဲ့ စေ​တ​မန်​ဖြစ်​လို့ သူ့​နှုတ်​ဟာ အသိ​ပညာ​ကို စောင့်​ရှောက်​ရ​မယ်။ လူ​တွေ​က သူ့​နှုတ်​က​ထွက်​တဲ့ ပညတ်​ချက်​ကို ရှာ​ရ​မယ်။+ ၈  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– “အခု​တော့ မင်း​တို့​ကိုယ်​တိုင် လမ်း​လွဲ​နေ​ပြီ။ ပညတ်​ချက်​နဲ့​ပတ်​သက်​ပြီး* လူ​အများ တိုက်​မိ​လဲ​အောင် လုပ်​ကြ​ပြီ။+ လေ​ဝိနဲ့ ငါ​ဖွဲ့​ခဲ့​တဲ့​ပဋိ​ညာဉ်​ကို ချိုး​ဖောက်​ကြ​ပြီ။+ ၉  ငါ့​လမ်း​စဉ်တွေ​ကို မစောင့်​ထိန်း​တဲ့​အပြင် ပညတ်​ချက်​လိုက်​နာ​တဲ့​ကိစ္စ​မှာ မျက်​နှာ​လိုက်​တဲ့​အတွက် မင်း​တို့​ကို လူ​အများ​ရှေ့ အထင်​သေး​စ​ရာ​ဖြစ်​အောင်၊ နိမ့်​ကျ​သူ​တွေ​ဖြစ်​အောင် ငါ​လုပ်​မယ်။”+ ၁၀  “ကျွန်​တော်​တို့​အားလုံး​ရဲ့ ဖခင်​ဟာ  တစ်​ယောက်​တည်း​ပဲ  မဟုတ်​လား။+ ကျွန်​တော်​တို့​ကို ဖန်​ဆင်း​တဲ့ ဘုရား​သခင်​က တစ်ပါး​တည်း​ပဲ မဟုတ်​လား။ ဒီ​လို​ဖြစ်​လျက်​နဲ့ ဘာ​လို့ အချင်း​ချင်း  သစ္စာ​ဖောက်​နေ​ကြ​တာ​လဲ။+ ဘိုးဘေး​တို့​ရဲ့​ပဋိ​ညာဉ်​ကို ဘာ​လို့ ညစ်​ညူး​စေ​ကြ​တာ​လဲ။ ၁၁  ယုဒ​က သစ္စာ​ဖောက်​တယ်။ အစ္စရေး​နဲ့ ဂျေရု​ဆ​လင်​မှာ  ရွံ​စ​ရာ​အကျင့်​တွေ  ကျင့်​နေ​တယ်။ ယုဒ​က ယေဟောဝါ​ဘု​ရား နှစ်​သက်​တဲ့ သန့်​ရှင်း​မြင့်မြတ်​မှု​ကို*+ ညစ်​ညူး​စေ​ပြီး  တိုင်း​တစ်ပါး​ဘုရား​ကိုးကွယ်​တဲ့ အမျိုး​သမီး​ကို လက်​ထပ်​တယ်။+ ၁၂  ယေဟောဝါ​ဘု​ရား​က  အဲဒီ​လို​လုပ်​တဲ့​သူ​တိုင်း​ကို ယာကုပ်​ရဲ့​တဲ​တွေ​က​နေ ပယ်​ရှင်း​မယ်။ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ဆီ လက်​ဆောင်​အလှူ ဆက်သ​သူ​ဖြစ်ရင်​လည်း ပယ်​ရှင်း​မယ်။”+ ၁၃  “မင်း​တို့​ကျူး​လွန်​တဲ့ အပြစ်​တစ်​ခု ရှိ​သေး​တယ်။ ဒီ​အပြစ်​ကြောင့် ပူဇော်​ရာ​ပလ္လင်​ဟာ မျက်​ရည်တွေ၊ ငို​ကြွေး​သံ​တွေ၊ သက်​ပြင်း​ချ​သံ​တွေ​နဲ့ ဖုံး​လွှမ်း​နေ​တယ်။ ဒါ​ကြောင့် မင်း​တို့​ဆက်​သတဲ့ လက်​ဆောင်​အလှူ​တွေ​ကို ငါ​ယေဟောဝါ အရေး​မစိုက်​တော့​ဘူး။ မင်း​တို့ ဘာ​ပေး​ပေး ငါ ကြည်​ကြည်​ဖြူ​ဖြူ လက်မ​ခံ​တော့​ဘူး။+ ၁၄  ‘ဘာ​ဖြစ်​လို့​လဲ’ လို့ မင်း​တို့ မေး​ကြ​တယ်။ ဘာ​ဖြစ်​လို့​လဲ​ဆို​တော့ ငါ​ယေဟောဝါ​ဟာ မင်း​တို့​နဲ့ မင်း​တို့​ရဲ့​ငယ်​ပေါင်း​ဇနီး​ကြား​မှာ သက်​သေဖြစ်​နေ​လို့​ပဲ။ မင်း​တို့​က ကိုယ့်​အ​ဖော်​အဖက်၊ ကိုယ်​နဲ့​ကတိ​သစ္စာ​ပြု​ထား​တဲ့ ဇနီး​ကို  သစ္စာ​ဖောက်​ကြ​တယ်။+ ၁၅  ဒါ​ပေမဲ့ စွမ်းအား​တော် ကျန်​နေ​သေး​တဲ့​လူ​က​တော့ အဲဒီ​လို​မလုပ်​ဘူး။ သူ ဘာ​ကို​လို​ချင်​နေ​လို့​လဲ။ ဘု​ရား​သခင်​ရဲ့​မျိုး​နွယ်​ကို လို​ချင်​လို့​ပဲ။ ဒါ​ကြောင့် မင်း​တို့​ရဲ့ စိတ်​သဘော​ကို စောင့်​စည်း​ကြ​ပါ။ ငယ်​ပေါင်း​ဇနီး​ကို  သစ္စာ​မဖောက်​ကြ​နဲ့။ ၁၆  ကွာ​ရှင်း​တာ​ကို  ငါ​မုန်း​တယ်”+  လို့  အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ  ပြော​တယ်။  “အကြမ်း​ဖက်​မှု​ဝတ်​ရုံ ဝတ်​ဆင်​ထား​သူ​ကို* ငါ​မုန်း​တယ်” လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ “မင်း​တို့​ရဲ့​စိတ်​သဘော​ကို စောင့်​စည်း​ကြ။ သစ္စာ​မဖောက်​ကြ​နဲ့။+ ၁၇  “မင်း​တို့​ရဲ့​စကား​တွေ​နဲ့ ငါ​ယေဟောဝါ စိတ်​ပျက်​အောင် လုပ်​ကြ​ပြီ။+ ‘ကိုယ်​တော် စိတ်​ပျက်​အောင် ဘာ​များ​လုပ်​မိ​လို့​လဲ’ လို့ မင်း​တို့​မေး​ကြ​တယ်။ ‘မကောင်း​တာ​လုပ်​တဲ့​သူ​ဟာ ယေဟောဝါ​ဘု​ရား​ရှေ့​မှာ လူ​ကောင်း​ပဲ။ အဲဒီ​လို​လူ​ကို ဘု​ရား​သခင် နှစ်​သက်​တယ်’+ လို့ ပြော​နေ​တာ၊ ‘တ​ရား​မျှ​တ​တဲ့ ဘု​ရား​သခင်​က ဘယ်​မှာ​လဲ’ လို့ ပြော​နေ​တာ​ဟာ ငါ့​ကို စိတ်​ပျက်​အောင် လုပ်​နေ​ကြ​တာ​ပဲ။”

အောက်ခြေမှတ်ချက်များ

“မင်း​တို့​ရဲ့ သွန်သင်​ချက်​တွေ​အား​ဖြင့်” လည်း​ဖြစ်​နိုင်။
“သန့်​ရှင်း​ရာ​ဌာန​တော်​ကို” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “အကြမ်း​ဖက်​တဲ့​သူ​ကို။”