မာလခိ ၄:၁-၆

  • ယေဟောဝါ​ရဲ့​နေ့ မတိုင်​ခင် ဧလိယ​ကို​စေ​လွှတ် (၁-၆)

    • ‘ဖြောင့်​မတ်​ခြင်း​နေ​မင်း ထွန်း​လင်း​မယ်’ ()

 ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တာ​က– “ကြည့်​ပါ။ မီး​ဖို​မှာ မီး​တောက်​သလို တောက်​လောင်​တဲ့​နေ့ ရောက်​တော့​မယ်။+ ရောင့်​တက်​သူ​တွေ၊ လူ​ဆိုး​တွေ​ဟာ ရိုး​ပြတ်​လို ဖြစ်​သွား​မယ်။ အဲဒီ​နေ့​ကျ​ရင် သူတို့ အရင်း​အဖျား​ပါ​မကျန် လောင်​ကျွမ်း​သွား​မယ်။ ၂  ငါ့​နာ​မည်​ကို ဂုဏ်​တင်​တဲ့ မင်း​တို့​အပေါ်​မှာ​တော့ ဖြောင့်​မတ်​ခြင်း​နေ​မင်း​ဟာ ကု​သပေး​နိုင်​စွမ်း​ရှိ​တဲ့ ရောင်​ခြည်​တွေ ထွန်း​လင်း​ပေး​မယ်။ ဆူ​ဖြိုး​တဲ့​နွား​က​လေး​တွေ​လို မင်း​တို့ ခုန်​ပေါက်​နေ​လိမ့်​မယ်။” ၃  “လူ​ဆိုး​တွေ​ကို မင်း​တို့ နင်း​ခြေ​ကြ​လိမ့်​မယ်။ သူတို့​ဟာ ငါ အရေး​ယူ​လုပ်​ဆောင်​တဲ့​နေ့​မှာ မင်း​တို့​ခြေ​အောက်​က မြေမှုန့်​လို ဖြစ်​သွား​မယ်” လို့ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ ပြော​တယ်။ ၄  “အစ္စရေးတွေ နာ​ခံ​ဖို့ ဟော​ရပ်​တောင်​မှာ ငါ​မိန့်မှာ​ခဲ့​တဲ့ စည်း​မျဉ်း​တွေ၊ စီ​ရင်​ချက်​တွေ​ပါ​တဲ့ ငါ့​ကျွန်​မော​ရှေ​ရဲ့ ပညတ်​ကို သတိ​ရ​ကြ​ပါ။+ ၅  “ယေဟောဝါ​ရဲ့ ကြောက်​မက်​ဖွယ်​နေ့​ကြီး မရောက်​ခင်+ ပရော​ဖက် ဧလိယ​ကို မင်း​တို့​ဆီ ငါ​စေ​လွှတ်​မယ်။+ ၆  ငါ​လာ​ပြီး ကမ္ဘာ​မြေကို ဒဏ်​မခတ်​စေ​ဖို့၊ မဖျက်​ဆီး​ဖို့ ဧလိယ​က ဖခင်​တွေရဲ့ စိတ်​နှလုံး​ကို သား​တွေရဲ့ စိတ်​နှလုံး​လို ဖြစ်​အောင်၊+ သား​တွေရဲ့ စိတ်​နှလုံး​ကို ဖခင်​တွေရဲ့ စိတ်​နှလုံး​လို ဖြစ်​အောင် ပြောင်း​လဲ​ပေး​မယ်။”*

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “ဖခင်​တွေရဲ့ စိတ်​နှလုံး​ကို သား​တွေ​ဆီ ပြန်​လှည့်​လာ​အောင်၊ သား​တွေရဲ့ စိတ်​နှလုံး​ကို ဖခင်​တွေ​ဆီ ပြန်​လှည့်​လာ​အောင် လုပ်​ပေး​မယ်။”