မိက္ခာ ၁:၁-၁၆
၁ ယုဒဘုရင်+ ယောသံ၊+ အာခတ်၊+ ဟေဇကိတို့+ လက်ထက်မှာ မောရရှမြို့သား မိက္ခာဆီ*+ ယေဟောဝါရဲ့စကားတော် ရောက်လာတယ်။ ရှမာရိမြို့၊ ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး သူမြင်ရတဲ့စိတ်အာရုံကတော့–
၂ “လူအပေါင်းတို့၊ နားထောင်ကြ။
ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်ရှိသမျှတို့၊ အာရုံစိုက်ကြ။
အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက မင်းတို့မှားကြောင်း သက်သေထွက်ဆိုပါစေ။+
ယေဟောဝါဟာ သန့်ရှင်းတဲ့ဗိမာန်တော်မှာ စံမြန်းနေတယ်။
၃ ယေဟောဝါက စံမြန်းရာနေရာက ထွက်လာတယ်။
ဆင်းလာပြီး ကမ္ဘာမြေပေါ်က မြင့်တဲ့နေရာတွေကို နင်းလိမ့်မယ်။
၄ မီးကြောင့် ပျားဖယောင်း အရည်ပျော်သွားသလို၊မတ်စောက်တဲ့ တောင်စောင်းမှာ ရေတွေစီးဆင်းသွားသလိုခြေတော်အောက်မှာ တောင်တန်းတွေ အရည်ပျော်ပြီး+ချိုင့်ဝှမ်းလွင်ပြင်တွေ အက်ကွဲသွားမယ်။
၅ ဒါတွေအားလုံးဟာ ယာကုပ်ရဲ့ ပုန်ကန်မှုကြောင့်၊အစ္စရေးအမျိုးရဲ့ အပြစ်တွေကြောင့် ဖြစ်ရတာ။+
ယာကုပ်ရဲ့ ပုန်ကန်မှုအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ။
ရှမာရိကို မဟုတ်လား။+
ယုဒရဲ့ အထွတ်အမြတ်နေရာတွေအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ။+
ဂျေရုဆလင်ကို မဟုတ်လား။
၆ ငါက ရှမာရိကို လယ်ပြင်ထဲက အပျက်အယွင်းပုံကြီး ဖြစ်စေမယ်။
စပျစ်ခြံစိုက်ပျိုးတဲ့နေရာ ဖြစ်စေမယ်။
သူ့ရဲ့ကျောက်တုံးတွေကို ချိုင့်ဝှမ်းထဲ ပစ်ချမယ်။
အုတ်မြစ်တွေကို လှန်ပစ်မယ်။
၇ သူ့ရုပ်တုတွေကို အပိုင်းပိုင်းချိုးဖဲ့မယ်။+
ငှားရမ်းခအဖြစ် သူရထားတဲ့ လက်ဆောင်တွေကို မီးရှို့မယ်။+
သူ့ရုပ်တုတွေကို ငါဖျက်ဆီးမယ်။
အဲဒါတွေကို ပြည့်တန်ဆာလုပ်ခနဲ့ သူစုဆောင်းထားပေမဲ့ပြည့်တန်ဆာလုပ်ခအဖြစ် ပြန်ပေးရလိမ့်မယ်။”
၈ ဒါကြောင့် ကျွန်တော် ငိုကြွေးမြည်တမ်းမယ်။+
အဝတ်မပါဘဲ ခြေဗလာနဲ့ လျှောက်သွားမယ်။+
ခွေးအတွေလို အူမယ်။
ငှက်ကုလားအုတ်တွေလို ညည်းတွားမယ်။
၉ ရှမာရိရဲ့ဒဏ်ရာဟာ ကုသလို့ မရနိုင်ဘူး။+
ယုဒပြည်အထိတောင် ရောက်လာပြီ။+
ကပ်ရောဂါက ကျွန်တော့်လူမျိုးရဲ့ မြို့တံခါးအထိ၊ ဂျေရုဆလင်မြို့အထိ ပျံ့နှံ့နေပြီ။+
၁၀ “ဒီအကြောင်းကို ဂါသမြို့မှာ မကြေညာကြနဲ့။
လုံးဝ မငိုကြွေးကြနဲ့။
ဗေသောဖရာမြို့မှာ မြေမှုန့်ထဲ လူးလှိမ့်ကြပါ။
၁၁ အို ရှဖိရမြို့သားတို့၊ အဝတ်မပါဘဲ အရှက်တကွဲ ထွက်သွားကြ။
ဇာနန်မြို့သားတွေကတော့ မထွက်လာသေးဘူး။
ဗေသဇေလမြို့မှာ ငိုကြွေးမြည်တမ်းကြလိမ့်မယ်။ သူက ကူညီထောက်မပေးတော့မှာ မဟုတ်ဘူး။
၁၂ မာရုတ်မြို့သားတွေက ကောင်းတာကို စောင့်မျှော်နေတယ်။
ဒါပေမဲ့ ယေဟောဝါဆီကနေ မကောင်းတာတွေကဂျေရုဆလင်မြို့တံခါးအထိ ရောက်လာတယ်။
၁၃ အို လာခိရှမြို့သားတို့၊+ ဇိအုန်သမီးပျို ကျူးလွန်တဲ့အပြစ်ရဲ့ တရားခံတို့၊မြင်းရထားတွေကို အသင့်ပြင်ကြ။
ဇိအုန်သမီးပျို၊ မင်းဆီမှာ အစ္စရေးရဲ့ ပုန်ကန်မှုတွေကို တွေ့ရတယ်။+
၁၄ ဒါကြောင့် မင်းက မောရရှက်ဂါသမြို့ကို နှုတ်ဆက်လက်ဆောင်တွေ ပေးရလိမ့်မယ်။
အာခဇိပ်မြို့မှာရှိတဲ့ အိမ်တွေဟာ+ အစ္စရေးဘုရင်တွေအတွက် လှည့်စားတတ်တဲ့အရာတွေပဲ။
၁၅ မရေရှမြို့သားတို့၊+ အောင်နိုင်တဲ့သူကို မင်းဆီ ငါခေါ်လာမယ်။+
အစ္စရေးရဲ့ ဂုဏ်ကျက်သရေက အဒုလံမြို့အထိရောက်လာမယ်။+
၁၆ ချစ်ရတဲ့ သားသမီးတွေအတွက် ခေါင်းပြောင်တဲ့အထိ ဆံပင်ရိတ်လိုက်ပါ။
လင်းတလို* ခေါင်းပြောင်အောင် ရိတ်လိုက်ပါ။
သူတို့က ပြည်နှင်ခံတွေအဖြစ် မင်းဆီကနေ ထွက်သွားရပြီ။”+