မိက္ခာ ၂:၁-၁၃
၂ “ဘေးဖြစ်စေတဲ့အရာကို ကြံစည်နေသူတွေ၊မကောင်းမှုကျူးလွန်ဖို့ အိပ်ရာပေါ်မှာ တွေးနေသူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ကြံစည်ထားသလို လုပ်နိုင်စွမ်းရှိတဲ့အတွက်+
မနက်မိုးလင်းတဲ့အခါ အဲဒီအတိုင်း လုပ်ကြတယ်။
၂ လယ်ယာတွေကို တပ်မက်ပြီး သိမ်းယူကြတယ်။+
အိမ်တွေကိုလည်း သိမ်းယူကြတယ်။
လူတွေကို ဖြတ်စားလျှပ်စား လုပ်ပြီး+
အိမ်တွေ၊ အမွေဥစ္စာတွေ သိမ်းယူကြတယ်။
၃ ဒါကြောင့် ယေဟောဝါ ပြောတာက–
‘မင်းတို့အပေါ် ဘေးဆိုးကျရောက်စေဖို့ ငါကြံစည်နေတယ်။+မင်းတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။+
ဘေးဆိုးကြုံရတဲ့အချိန်ဖြစ်လို့+ ဆောင့်ကြွားဆောင့်ကြွားနဲ့ သွားလာနိုင်တော့မှာမဟုတ်ဘူး။+
၄ အဲဒီနေ့မှာ လူတွေက မင်းတို့နဲ့ပတ်သက်တဲ့ ဆိုရိုးစကားကို ရွတ်ကြလိမ့်မယ်။
မင်းတို့အတွက် ရှိုက်ကြီးတငင် ငိုကြွေးမြည်တမ်းကြလိမ့်မယ်။+
“ငါတို့ လုံးဝဖျက်ဆီးခံရပြီ။+
ဘုရားက ငါတို့ဝေစုကို သူများလက်ထဲ အပ်လိုက်ပြီ။ ငါတို့ဆီက သိမ်းယူလိုက်ပြီ။+
ငါတို့ရဲ့လယ်မြေတွေကို သစ္စာမဲ့သူဆီ အပ်လိုက်ပြီ” လို့ပြောကြလိမ့်မယ်။
၅ ဒါကြောင့် ယေဟောဝါရဲ့ လူစုအလယ်မှာမြေကို တိုင်းကြိုးနဲ့တိုင်းတာပြီး ခွဲဝေပေးမယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။
၆ “မဟောနဲ့တော့။
ဒီအကြောင်းတွေ မဟောသင့်ဘူး။
ငါတို့ အရှက်ကွဲရမှာ မဟုတ်ဘူး” ဆိုပြီး သူတို့ပြောနေတယ်။
၇ ယာကုပ်အမျိုး၊ “ယေဟောဝါရဲ့ စွမ်းအားတော်က စိတ်မရှည်နိုင် ဖြစ်သွားပြီလား။
ဒါတွေကို ဘုရားလုပ်တာလား” လို့ လူတွေပြောနေကြသလား။
ငါ့စကားတွေဟာ ဖြောင့်မှန်စွာ လျှောက်လှမ်းသူတွေကိုကောင်းကျိုးပြုတယ် မဟုတ်လား။
၈ ဒါပေမဲ့ အခုတလော ငါ့လူတွေကိုယ်တိုင်က ရန်သူလို တိုက်ခိုက်နေတယ်။
စစ်ပြန်တွေလို စိတ်အေးလက်အေး သွားလာသူတွေရဲ့ ဝတ်ရုံကို၊*အဖိုးတန်အဆင်တန်ဆာတွေကို ပြောင်ပြောင်တင်းတင်း လုယူကြတယ်။
၉ ငါ့လူတွေရဲ့ ဇနီးသည်တွေကို သူတို့မြတ်နိုးတဲ့ နေအိမ်တွေကနေ မောင်းထုတ်ကြတယ်။
ငါပေးထားတဲ့ ကောင်းချီးတွေကို သူတို့ရဲ့သားသမီးတွေဆီကနေ အပြီးအပိုင် သိမ်းယူကြတယ်။
၁၀ ထကြ၊ ထွက်သွားကြ။ ဒီနေရာဟာ ငြိမ်းချမ်းတဲ့နေရာ မဟုတ်တော့ဘူး။
မသန့်ရှင်းမှုကြောင့်+ ဆိုးရွားတဲ့ ပျက်စီးခြင်းမျိုးနဲ့ ပျက်စီးနေတယ်။+
၁၁ လူတစ်ယောက်က လေနောက်ကို လိုက်ပြီး၊ လှည့်စားမှုနောက်ကို လိုက်ပြီး“စပျစ်ဝိုင်အကြောင်း၊ အရက်ယမကာအကြောင်း ငါဟောမယ်” ဆိုပြီး လိမ်ညာပြောခဲ့ရင်သူဟာ ဒီလူမျိုးအတွက် ဟောတဲ့သူပဲ ဖြစ်ရမယ်။+
၁၂ အို ယာကုပ်၊ မင်းတို့ကို ငါပြန်စုသိမ်းမယ်။
အစ္စရေးအကြွင်းအကျန်ကို ကျိန်းသေပြန်စုစည်းမယ်။+
သိုးခြံထဲက သိုးတွေလို၊ စားကျက်ထဲက သိုးအုပ်လိုသူတို့ကို တစ်စည်းတစ်လုံးတည်း ပြန်ထားမယ်။+
အဲဒီနေရာတွေမှာ လူသံတွေ ညံနေလိမ့်မယ်။’+
၁၃ ထိုးဖောက်တဲ့သူက ရှေ့ကနေ သွားလိမ့်မယ်။
သူတို့ကလည်း နောက်ကနေ လိုက်လာမယ်။ မြို့တံခါးကိုဖြတ်ပြီး ထွက်သွားမယ်။+
ယေဟောဝါ ဦးဆောင်ခေါ်သွားတဲ့အတိုင်း+သူတို့ရဲ့ဘုရင်က ရှေ့ကနေ သွားလိမ့်မယ်။”
အောက်ခြေမှတ်ချက်များ
^ “ဝတ်ရုံကနေ” လည်းဖြစ်နိုင်။