မိက္ခာ ၃:၁-၁၂
၃ ကျွန်တော်ပြောမယ်– “ယာကုပ်အမျိုးရဲ့ ခေါင်းဆောင်တို့၊အစ္စရေးအမျိုးရဲ့ အုပ်စိုးရှင်တို့၊+ နားထောင်ကြ။
တရားမျှတမှုအကြောင်း ခင်ဗျားတို့ သိသင့်တယ် မဟုတ်လား။
၂ ဒါပေမဲ့ ခင်ဗျားတို့က ကောင်းတာကိုမုန်းပြီး+ မကောင်းတာကို နှစ်သက်တယ်။+
ကျွန်တော့်လူတွေကို အရေခွံခွာပြီး အရိုးမှာကပ်နေတဲ့ အသားကို ခွာယူတယ်။+
၃ ကျွန်တော့်လူတွေရဲ့ အသားကို စားတယ်။+
အရေခွံတွေကို ခွာတယ်။
အရိုးတွေကို အပိုင်းပိုင်းချိုးတယ်။
အိုးထဲမှာချက်ထားတဲ့ အသားလို၊ ဟင်းအိုးထဲက အသားတွေလို တစ်စစီဖြစ်အောင် ခြေပစ်တယ်။+
၄ အဲဒီအချိန်ရောက်ရင် ယေဟောဝါကို သူတို့ အော်ဟစ်အကူအညီတောင်းပေမဲ့ဘုရားက ပြန်ဖြေမှာ မဟုတ်ဘူး။
သူတို့ရဲ့ ဆိုးညစ်တဲ့အကျင့်တွေကြောင့်+အဲဒီအချိန်မှာ ဘုရားမျက်နှာလွှဲလိမ့်မယ်။+
၅ ပရောဖက်တွေက ကျွန်တော့်လူတွေကို လမ်းလွဲစေကြတယ်။+
တစ်ခုခုကို ကိုက်နေရရင်*+‘ငြိမ်သက်ခြင်းရှိပါစေ’ လို့ပြောတတ်ပေမဲ့+ လူတွေ စားစရာမပေးရင်တော့ စစ်ကြေညာတတ်တဲ့ အဲဒီပရောဖက်တွေကို ယေဟောဝါ ပြောတာက–
၆ ‘မင်းတို့ဟာ ညအချိန်မှာ အိပ်စက်ပေမဲ့+ စိတ်အာရုံ မြင်ရမှာ မဟုတ်ဘူး။+
မှောင်မိုက်တာပဲ ရှိမယ်။ နတ်ဆိုးပညာ လိုက်စားနိုင်တော့မှာ မဟုတ်ဘူး။
ပရောဖက်တွေအတွက် နေဝင်သွားမယ်။
နေ့အချိန်ဟာ သူတို့အတွက် မှောင်မိုက်သွားမယ်။+
၇ စိတ်အာရုံမြင်ရသူတွေ အရှက်ကွဲသွားမယ်။+
နတ်ဆိုးပညာလိုက်စားသူတွေ စိတ်ပျက်သွားမယ်။
ဘုရားသခင်ဆီက အဖြေမရတဲ့အတွက်သူတို့အားလုံး ပါးစပ်ကို* အုပ်ထားရလိမ့်မယ်။’”
၈ ကျွန်တော်ကတော့ ယေဟောဝါရဲ့ စွမ်းအားတော်ကြောင့်ခွန်အား၊ တရားမျှတမှု၊ အစွမ်းသတ္တိ ပြည့်နေတယ်။
ယာကုပ်ကို သူ့ပုန်ကန်မှုအကြောင်း၊ အစ္စရေးကို သူ့အပြစ်အကြောင်း ပြောပြမယ်။
၉ ယာကုပ်အမျိုးရဲ့ ခေါင်းဆောင်တို့၊အစ္စရေးအမျိုးရဲ့ အုပ်စိုးရှင်တို့၊+ နားထောင်ကြ။
ခင်ဗျားတို့က တရားမျှတမှုကို ရွံမုန်းပြီး ဖြောင့်တဲ့အရာတွေကို ကောက်အောင်လုပ်ကြတယ်။+
၁၀ ဇိအုန်ကို လူသတ်မှုတွေ၊ ဂျေရုဆလင်ကို မဖြောင့်မတ်မှုတွေနဲ့ တည်ဆောက်ကြတယ်။+
၁၁ ခေါင်းဆောင်တွေက လာဘ်စားဖို့ပဲ တရားစီရင်ကြတယ်။+
ပုရောဟိတ်တွေက အခကြေးငွေရဖို့ပဲ သွန်သင်ကြတယ်။+
ပရောဖက်တွေက ငွေရဖို့ပဲ နတ်ဆိုးပညာနဲ့ ဟောကြတယ်။+
“ငါတို့နဲ့အတူ ယေဟောဝါဘုရားရှိတယ် မဟုတ်လား။+
ငါတို့အပေါ် ဘယ်ဘေးဆိုးမှ ကျရောက်မှာမဟုတ်ဘူး”+ လို့ပြောပြီး
ယေဟောဝါကို မှီခိုအားထားသယောင် လုပ်ကြတယ်။
၁၂ ခင်ဗျားတို့ကြောင့် ဇိအုန်ဟာ လယ်လို ထွန်ယက်ခံရလိမ့်မယ်။
ဂျေရုဆလင်ဟာ အပျက်အယွင်းပုံ ဖြစ်သွားမယ်။+
အိမ်တော်တည်တဲ့တောင်ဟာ တောထူတဲ့တောင်လို ဖြစ်သွားမယ်။+