မိက္ခာ ၅:၁-၁၅

  • မြေတစ်ပြင်လုံးမှာ ကြီးမြတ်မယ့် အုပ်စိုးရှင် (၁-၆)

    • ဘက်သလီဟင်ကနေ ပေါ်ထွန်းမယ့် အုပ်စိုးရှင် ()

  • နှင်းလို၊ ခြင်္သေ့လို ဖြစ်မယ့် ကျန်ကြွင်းသူတွေ (၇-၉)

  • ပြည်ကို သန့်စင်မယ် (၁၀-၁၅)

၅  “အို တိုက်ခိုက်ခံရတဲ့ သမီးပျို၊အခု၊ မင်းက ကိုယ်ကို ဓားနဲ့မွှန်းတယ်။ ငါတို့ကို ရန်သူတွေ ဝိုင်းထားတယ်။+ သူတို့က အစ္စရေးတရားသူကြီးရဲ့ ပါးကို တုတ်နဲ့ရိုက်တယ်။+  ၂  အို ဘက်သလီဟင် ဧဖရတ်မြို့၊+မင်းဟာ ယုဒမြို့တွေထဲမှာ အငယ်ဆုံးမြို့ဖြစ်ပေမဲ့ အစ္စရေးနိုင်ငံမှာ ငါ့အတွက် အုပ်စိုးရှင်တစ်ယောက် မင်းဆီကနေ ပေါ်ထွန်းလာမယ်။+ သူဟာ ရှေးအချိန်ကတည်းက၊ ဟိုးအရင်ကတည်းက တည်ရှိခဲ့သူပဲ။  ၃  ဘုရားက သားဖွားမယ့်မိန်းမ သားဖွားချိန် မတိုင်ခင်အထိ သူတို့ကို စွန့်ပစ်လိမ့်မယ်။ ကျန်ကြွင်းတဲ့ သူ့ညီအစ်ကိုတွေက အစ္စရေးတွေဆီ ပြန်လာလိမ့်မယ်။  ၄  သူဟာ ယေဟောဝါပေးတဲ့ ခွန်အားကြောင့်၊သူ့ဘုရားသခင် ယေဟောဝါရဲ့ ကြီးမြတ်တဲ့နာမည်ကြောင့် ရပ်တည်ပြီး သိုးအုပ်ကို ထိန်းကျောင်းလိမ့်မယ်။+ သူတို့ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+ သူ့ရဲ့ကြီးမြတ်မှုက မြေကြီးစွန်းတိုင်အောင် ရောက်သွားမယ်။+  ၅  သူက ငြိမ်သက်ခြင်းကို ယူဆောင်လာမယ်။+ အဆီးရီးယားလူက ငါတို့ပြည်ကို ကျူးကျော်ပြီး ခံတပ်မျှော်စင်တွေကို နင်းခဲ့ရင်+ပြန်တိုက်ခိုက်ဖို့ သိုးထိန်း ခုနစ်ယောက်အပြင် မင်းညီမင်းသား ရှစ်ယောက်ကို ငါတို့တင်မြှောက်ကြမယ်။  ၆  သူတို့က အဆီးရီးယားပြည်ကို၊+နိမ်ရောဒပြည်ရဲ့+ ဝင်ပေါက်တွေကို ဓားနဲ့တိုက်ခိုက်မယ်။ ငါတို့ပြည်ကို အဆီးရီးယားလူ ကျူးကျော်ပြီး နယ်မြေကိုနင်းတဲ့အခါ အုပ်စိုးရှင်က ငါတို့ကို ကယ်တင်မယ်။+  ၇  ယာကုပ်ရဲ့ ကျန်ကြွင်းသူတွေဟာ ယေဟောဝါဆီက ကျလာတဲ့ နှင်းလို၊ အပင်တွေပေါ် ရွာသွန်းတဲ့မိုးလို လူတွေအလယ်မှာ ဖြစ်လိမ့်မယ်။ အဲဒီနှင်းတွေ မိုးတွေက လူတွေကို မမျှော်လင့်ဘူး။ လူသားတွေကိုလည်း မစောင့်မျှော်ဘူး။  ၈  ယာကုပ်ရဲ့ ကျန်ကြွင်းသူတွေဟာ တောသားရဲတွေထဲမှာ ခြင်္သေ့လို၊သိုးအုပ်ထဲက ခြင်္သေ့ပျိုလို လူမျိုးတွေအလယ်မှာ၊ လူတွေအလယ်မှာ ဖြစ်လိမ့်မယ်။ အဲဒီခြင်္သေ့က ဖြတ်သွားရင်း သားကောင်ကို ခုန်အုပ်ပြီး အပိုင်းပိုင်းဆွဲဖဲ့တယ်။ ကယ်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။  ၉  ရန်သူတွေကို မင်းတို့ အနိုင်ရလိမ့်မယ်။ ရန်သူအားလုံး ပျက်စီးကုန်မယ်။” ၁၀  ယေဟောဝါ ပြောတာက– “အဲဒီနေ့ကျရင် ငါက မင်းတို့ဆီမှာရှိတဲ့ မြင်းတွေကို ပယ်ရှင်းမယ်။ မြင်းရထားတွေကို ဖျက်ဆီးမယ်။ ၁၁  မင်းတို့ပြည်မှာရှိတဲ့ မြို့တွေကို ဖျက်ဆီးမယ်။ ခံတပ်တွေကို ဖြိုချမယ်။ ၁၂  မင်းတို့လိုက်စားတဲ့ ပယောဂအတတ်ကို အဆုံးတိုင်စေမယ်။ မင်းတို့ဆီမှာ မှော်အတတ်လိုက်စားသူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။+ ၁၃  မင်းတို့ရဲ့ ရုပ်တုတွေ၊ ကျောက်တိုင်တွေကို ငါဖျက်ဆီးမယ်။ ကိုယ့်လက်နဲ့လုပ်တဲ့အရာတွေကို ဦးချရတော့မှာ မဟုတ်ဘူး။+ ၁၄  မင်းတို့ဆီမှာရှိတဲ့ ကိုးကွယ်ရာသစ်တိုင်တွေကို* ငါနုတ်ပစ်မယ်။+ မင်းတို့ရဲ့မြို့တွေကို အစတုံးဖျက်ဆီးမယ်။ ၁၅  မနာခံတဲ့လူမျိုးတွေကို ငါစိတ်ဆိုးပြီး ဒေါသတကြီး လက်စားချေမယ်။”

အောက်ခြေမှတ်ချက်များ

ခက်ဆစ်မှာကြည့်ပါ။