မိက္ခာ ၆:၁-၁၆
၆ ယေဟောဝါ ပြောတော့မယ်။ နားထောင်ကြ။
ထကြ။ တောင်တန်းတွေရှေ့မှာ မင်းတို့ရဲ့အမှုကို တင်ပြကြ။
မင်းတို့ရဲ့အသံကို တောင်ကုန်းတွေ ကြားပါစေ။+
၂ တောင်တန်းတို့၊ ကမ္ဘာမြေရဲ့ ခိုင်ခံ့တဲ့အုတ်မြစ်တို့၊ယေဟောဝါ စွဲချက်တင်တာကို နားထောင်ကြ။+
ယေဟောဝါက လူမျိုးတော်ကို စွဲချက်တင်ပြီ။
အစ္စရေးတွေနဲ့ အချေအတင် ပြောဆိုပြီ–+
၃ “ငါ့လူတို့၊ မင်းတို့ကို ငါဘာလုပ်မိလို့လဲ။
မင်းတို့ ခြေကုန်လက်ပန်းကျအောင် ငါဘာများလုပ်ခဲ့လို့လဲ။+
ငါ့ကို သက်သေပြကြ။
၄ မင်းတို့ကို အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်ခဲ့တယ်။+
ကျွန်ခံရာပြည်ကနေ ရွေးယူခဲ့တယ်။+
မောရှေ၊ အာရုန်၊ မိရိအံကို မင်းတို့ရှေ့ကနေ စေလွှတ်ခဲ့တယ်။+
၅ ငါ့လူတို့၊ မောဘဘုရင် ဗာလက်က ဘယ်လိုကြံစည်ခဲ့တယ်၊+ဗောရရဲ့သား ဗာလမ်က သူ့ကို ဘယ်လိုပြန်ပြောခဲ့တယ်၊+ရှိတိမ်အရပ်ကနေ+ ဂိလဂါလ အရပ်အထိ+ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သတိရကြပါ။
ဒါမှ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့လုပ်ရပ်တွေကို မင်းတို့သိနိုင်မယ်။”
၆ ယေဟောဝါရှေ့ကို သွားတဲ့အခါ ဘာယူသွားရမလဲ။
အထက်အရပ်က ဘုရားသခင်ကို ဦးချဖို့ သွားတဲ့အခါ ဘာယူသွားရမလဲ။
အကုန်အစင် မီးရှို့ရာအလှူတွေ၊တစ်နှစ်သားအရွယ် နွားကလေးတွေ ယူပြီး သွားရမလား။+
၇ ထောင်နဲ့ချီတဲ့ သိုးထီးတွေ၊ဆီတွေစီးဆင်းနေတဲ့ သောင်းနဲ့ချီတဲ့ ချောင်းတွေကို ယေဟောဝါ နှစ်သက်မလား။+
ကိုယ့်ပုန်ကန်မှုအတွက် သားဦးကို၊ကိုယ့်အပြစ်အတွက် ရင်သွေးကို ပေးရမလား။+
၈ ဘယ်အရာ ကောင်းတယ်ဆိုတာ ဘုရားသခင် ပြောပြပြီးပြီပဲ။
တရားမျှတစွာ ကျင့်ဖို့၊+ သစ္စာစောင့်သိမှုကို မြတ်နိုးဖို့၊+ဘုရားသခင်နဲ့အတူ+ ကျိုးနွံစွာ လျှောက်လှမ်းဖို့ကလွဲလို့+
ယေဟောဝါ ဘာများတောင်းဆိုနေလို့လဲ။
၉ ယေဟောဝါက မြို့ကို အော်ခေါ်နေတယ်။
လက်တွေ့ကျ ဉာဏ်ပညာရှိသူတွေက နာမတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မယ်။
ကြိမ်တုတ်ကိုရော ကြိမ်တုတ်ခန့်အပ်သူကိုပါ အာရုံစိုက်ကြ။+
၁၀ လူဆိုးရဲ့အိမ်မှာ မသမာနည်းနဲ့ရှာထားတဲ့ ပစ္စည်းဥစ္စာတွေ၊အလေးမပြည့်တဲ့ ရွံမုန်းစရာ ဧဖာတောင်းတွေ* ရှိသေးလား။
၁၁ မမှန်တဲ့ ချိန်ခွင်တွေ၊ မမှန်တဲ့ ကျောက်အလေးအိတ်တွေကို သုံးနေရင်ကိုယ်ကျင့်တရားစင်ကြယ်သူ ဖြစ်နိုင်ပါ့မလား။+
၁၂ သူဌေးသူကြွယ်တွေဆီမှာ အကြမ်းဖက်မှုတွေ ပြည့်နေတယ်။
မြို့သူမြို့သားတွေ လိမ်ညာတယ်။+
လှည့်စားပြောဆိုတတ်တယ်။+
၁၃ “ဒါကြောင့် ငါက မင်းကိုဒဏ်ခတ်ပြီး အနာတရဖြစ်စေမယ်။+
မင်းရဲ့အပြစ်ကြောင့် မင်းကိုဖျက်ဆီးမယ်။
၁၄ မင်းဟာ စားရပေမဲ့ တင်းတိမ်မှာ မဟုတ်ဘူး။
ဗိုက်ဟောင်းလောင်း ဖြစ်နေလိမ့်မယ်။+
ပစ္စည်းတွေကို ရွှေ့ပြောင်းပေမဲ့ လုံခြုံအောင် ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။
ထိန်းသိမ်းထားနိုင်ရင်တောင် ရန်သူလက်ထဲ ငါအပ်မယ်။
၁၅ မျိုးစေ့ကြဲပေမဲ့ မင်း ရိတ်သိမ်းရမှာ မဟုတ်ဘူး။
သံလွင်သီးနင်းနယ်ပေမဲ့ သံလွင်ဆီကို သုံးရမှာ မဟုတ်ဘူး။
စပျစ်ဝိုင်အသစ်ဖောက်ပေမဲ့ သောက်ရမှာ မဟုတ်ဘူး။+
၁၆ ဩမရိရဲ့ ဥပဒေတွေ၊ အာဟပ်အမျိုးရဲ့ အကျင့်တွေအတိုင်း မင်း လိုက်လျှောက်တယ်။+
သူတို့အကြံပေးတဲ့အတိုင်း လုပ်တယ်။
ဒါကြောင့် ငါက မင်းကို လူတွေထိတ်လန့်စရာ ဖြစ်စေမယ်။
မြို့သူမြို့သားတွေကို လှောင်ပြောင်စရာ* ဖြစ်စေမယ်။+
လူတွေ နှာခေါင်းရှုံ့တာကို မင်း ခံရလိမ့်မယ်။”+